YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 33

33
ယေရုရှလင်ကိုပြန်လည်တည်ထ‌ောင်ခြင်း
1ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ရောက်​လာ၍၊ 2ဤ​အ​မှု​ကို ပြု​သော​ဘု​ရား၊ ဤ​အ​မှု​ကို ဖန်​ဆင်း​စီ​ရင်​သော​ဘု​ရား၊ ယေ​ဟော​ဝါ အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ 3ငါ့​ကို​ခေါ်​လော့။ ငါ​ထူး​မည်။ ကြီး​သော​အ​ရာ၊ သင်​မ​သိ​နိုင်​အောင် နက်​နဲ​သော​အ​ရာ​တို့​ကို ငါ​ပြ​မည်။ 4ပြ​အိုး​မြေ​ရိုး​ဖြင့်​လည်း​ကောင်း၊ ဓား​ဖြင့်​လည်း​ကောင်း ပြို​ပျက်​သော ဤ​မြို့၏​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ ဘုံ​ဗိ​မာန်​များ​ကို ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ 5ခါ​လ​ဒဲ​လူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ လာ​ကြ၏။ ငါ​သည် ပြင်း​စွာ အ​မျက်​ထွက်၍ ကွပ်​မျက်​သော​သူ​တို့၏ အ​သေ​ကောင်​များ​နှင့် ထို​အိမ်​များ​ကို ပြည့်​စေ​ခြင်း​ငှာ လာ​ကြ၏။ ထို​သူ​တို့၏​ဒု​စ​ရိုက်​များ​ကြောင့်၊ ဤ​မြို့​မှ ငါ​သည်​မျက်​နှာ​ကို​လွှဲ​ပြီ။ 6သို့​ရာ​တွင်၊ ငါ​သည် ဤ​မြို့၏​အ​နာ​ကို​ဆေး​အုံ၍ ပျောက်​စေ​မည်။ မြို့​သား​တို့​သည် ကျန်း​မာ​မည်​အ​ကြောင်း၊ မြဲ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း​ကို ငါ​ပြ​မည်။ 7သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ အ​ရင်​ကဲ့​သို့ တည်​ဆောက်​မည်။ 8သူ​တို့​သည် ငါ့​ကို​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​ဖြေ​ရှင်း​မည်။ ငါ့​ကို​ပြစ်​မှား၍ ငါ၏​တ​ရား​ကို လွန်​ကျူး​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​လွှတ်​မည်။ 9ဤ​မြို့​သည် ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြေ​ပေါ်​မှ ခပ်​သိမ်း​သော​လူ​မျိုး​တို့​တွင် ချီး​မွမ်း​စ​ရာ​အ​ကြောင်း၊ ဂုဏ်​အ​သ​ရေ​တော် ကျော်​စော​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ဤ​မြို့​သား​တို့​အား ငါ​ပြု​သ​မျှ​သော​ကျေး​ဇူး​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​သိ​ကြ​လိမ့်​မည်။ ဤ​မြို့၌ ငါ​ပြု​စု​သ​မျှ​သော စည်း​စိမ်​ချမ်း​သာ​ကို​ထောက်၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်။
10ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​အ​ရပ်၌​လည်း​ကောင်း၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ နေ​သော​သူ​မ​ရှိ၊ ဆိတ်​ညံ​သော​ယု​ဒ​မြို့​များ၊ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌​လည်း​ကောင်း၊ 11နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။#၅ ရာ၊ ၁၆:၃၄။ ၆​ရာ၊ ၅:၁၃၊ ၇:၃။ ဧ​ဇ၊ ၃:၁၁။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ 12ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​သော ဤ​အ​ရပ်​တွင်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့၌ သိုး​စု​ကို​ထိန်း​သော သိုး​ထိန်း​နေ​ရာ​ရှိ​လေ​ဦး​မည်။ 13တောင်​ပေါ်​မြို့၊ ချိုင့်​ထဲ​မြို့၊ တောင်​ဘက်​မြို့၊ ဗင်္ယာ​မိန်​ပြည်၊ ယေ​ရု​ရှ​လင်​မြို့ ပတ်​ဝန်း​ကျင်​အ​ရပ်၊ ယု​ဒ​မြို့​များ​တို့၌၊ သိုး​စု​ကို​ရေ​တွက်​သော သူ၏​လက်​အောက်​မှာ၊ သိုး​စု​တို့​သည် တစ်​ဖန်​လျှောက်​သွား​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
14တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ထား​သော​က​တိ​အ​တိုင်း ကျေး​ဇူး​ပြု​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။#ယေ၊ ၂၃:၅-၆။ 15ထို​ကာ​လ​အ​ခါ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ၍၊ သူ​သည် မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​လိမ့်​မည်။ 16ထို​ကာ​လ၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့ ရောက်၍၊ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ​လိမ့်​မည်။ ထို​မြို့​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု#၃၃း၆။ ယေ​ဟော​ဝါ​ဇေ​ဒ​က​နု‘‘ထာ၀​ရ​ဘု​ရား​သည် ကျွန်ုပ်​တို့၏​ဖြော​င့်​မတ်​ခြင်း။ ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။ 17ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​နန်း​တော်​ပေါ်​မှာ ထိုင်​ရ​သော ဒါ​ဝိဒ်​မင်း​ရိုး​မင်း​စဉ်​သည် အ​လျှင်း​မ​ပြတ်​ရ။#၂​ရာ၊ ၇:၁၂-၁၆။ ၃​ရာ၊ ၂:၄။ ၅​ရာ၊ ၁၇:၁၁-၁၄။ 18ငါ့​ရှေ့​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လျက်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို မီး​ရှို့​လျက်၊ ယဇ်​ပူ​ဇော်​ရာ​ဝတ်​ကို အ​စဉ်​ပြု​ရ​သော လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​ရိုး​လည်း အ​လျှင်း​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ၏။#တော၊ ၃:၅-၁၀။
19တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊ 20ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထား​သော​နေ့​ပ​ဋိ​ညာဉ်​နှင့် ည​ပ​ဋိ​ညာဉ်​တ​ရား​ကို သင်​တို့​သည် ဖျက်၍၊ နေ့​ည​အ​ပိုင်း​အ​ခြား မ​ရှိ​စေ​ခြင်း​ငှာ တတ်​နိုင်​လျှင်၊ 21ငါ၏​ကျွန်​ဒါ​ဝိဒ်၌ ငါ​ထား​သော​ပ​ဋိ​ညာဉ်​ပျက်၍၊ ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​စိုး​စံ​ရ​သော ဒါ​ဝိဒ်​မင်း​ရိုး​သည် ပြတ်​လိမ့်​မည်။ ငါ၏​အ​မှု​ထမ်း လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​ရိုး​လည်း ပြတ်​လိမ့်​မည်။ 22မိုး​ကောင်း​ကင်​တန်​ဆာ​တို့​ကို မ​ရေ​တွက်​နိုင်၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​တို့​ကို တောင်း​တင်း​နှင့် မ​ခြင်​နိုင်​အောင် များ​ပြား​သ​ကဲ့​သို့၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး​ကို​လည်း​ကောင်း၊ ငါ၏​အ​မှု​ထမ်း​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ငါ​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ၏။
23တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊ 24ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​သော လူ​မျိုး​နှစ်​မျိုး​ကို တစ်​ဖန်​ပယ်​တော်​မူ​ပြီ​ဟု ဤ​လူ​တို့​ပြော​တတ်​သော စ​ကား​ကို သင်​သည်​ဆင်​ခြင်​ပြီ​လော။ ထို​သို့​သူ​တို့​သည် ငါ၏​လူ​မျိုး​ကို လူ​မျိုး​ကဲ့​သို့​မ​မှတ်၊ မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။ 25ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နေ့​နှင့် ည​အ​ဖို့ ငါ၏​ပ​ဋိ​ညာဉ် မ​ရှိ​လျှင်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​တ​ရား​တို့​ကို ငါ​မ​စီ​ရင်​လျှင်​လည်း​ကောင်း၊ 26အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​အ​မျိုး​ကို အုပ်​စိုး​ရ​သော မင်း​အ​ရာ၌၊ ယာ​ကုပ်​အ​မျိုး​နှင့် ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး သား​စဉ်​မြေး​ဆက်​ထဲ​က ငါ​ရွေး၍​မ​ခန့်​ထား​ဘဲ စွန့်​ပစ်​မည်။ သို့​မ​ဟုတ် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ထို​သူ​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့၍ ကယ်​မ​သ​နား​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ