YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 34

34
ဇေ​ဒ​ကိ​အ​တွက်​ဗျာ​ဒိတ်
1ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ဗိုလ်​ခြေ​အ​ပေါင်း၊ အ​စိုး​ရ​တော်​မူ​သ​မျှ​သော တိုင်း​နိုင်​ငံ​သား၊ လူ​မျိုး​အ​သီး​အ​သီး အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သ​မျှ​သော မြို့​ရွာ​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊#၄​ရာ၊ ၂၅:၁-၁၁။ ၆​ရာ၊ ၃၆:၁၇-၂၁။ 2ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​ကို သွား၍​ပြော​ရ​မည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်၍၊ သူ​သည် မီး​ရှို့​လိမ့်​မည်။ 3သင်​သည် ထို​မင်း​လက်​နှင့် မ​လွတ်​ရ။ စင်​စစ် သင့်​ကို​ဖမ်း​ဆီး၍ ထို​မင်း​လက်​သို့ အပ်​ကြ​လိမ့်​မည်။ သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ တစ်​ယောက်​နှင့်​တစ်​ယောက် စ​ကား​ပြော​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​သို့​လည်း သွား​ရ​လိမ့်​မည်။ 4သို့​ရာ​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​လော့။ မင်း​ကြီး​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဓား​ဖြင့်​အ​သေ​မ​ခံ​ရ။ 5ငြိမ်​ဝပ်​စွာ​သေ၍ သင့်​ရှေ့​မှာ စိုး​စံ​သော ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ ပြု​ဖူး​သည်​နည်း​တူ၊ သင့်​အ​ဖို့ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ဩ သ​ခင်​ဟူ၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်၊ ငါ​ပြော​ထား​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 6ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ 7ယု​ဒ​ပြည်၌ ခိုင်​ခံ့၍ ကျန်​ကြွင်း​သော​မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့ တည်း​ဟူ​သော ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သော မြို့​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား ဆင့်​ဆို​လေ၏။
ကျွန်​များ​ကို​လိမ်​လည်​ခြင်း
8ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​သည် အ​သီး​အ​သီး စေ​စား​သော ယု​ဒ​ညီ​အစ်​ကို​ချင်း၊ 9အ​စေ​ခံ​ရ​သော ဟေ​ဗြဲ​အ​မျိုး ကျွန်​ယောက်ျား မိန်း​မ​တို့​ကို နောက်​တစ်​ဖန် မ​စေ​စား​ဘဲ လွှတ်​စေ​ခြင်း​ငှာ၊ ဇေ​ဒ​ကိ​မင်း​ကြီး​သည် လွှတ်​ခြင်း​တ​ရား​ကို​စီ​ရင်​မည်​ဟု ဝန်​ခံ​ပြီး​သည်​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၏။ 10အ​ကြောင်း​မူ​ကား၊ ဝန်​ခံ​သော​မှူး​မတ်၊ ဆင်း​ရဲ​သား​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး​စေ​စား​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို နောက်​တစ်​ဖန် မ​စေ​စား​ဘဲ​လွှတ်​မည်​ဟု ကြား​သော​အ​ခါ၊ နား​ထောင်၍ လွှတ်​လိုက်​ကြ၏။ 11နောက်​တစ်​ဖန် ပြောင်း​လဲ၍ ယ​ခင်​လွှတ်​ပြီး​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို ခေါ်​ပြန်၍ အ​စေ​ကျွန်​ခံ​စေ​ကြ၏။ 12ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​၍၊ 13ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘိုး​ဘေး​များ​ကို ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊ 14သင်​တို့​သည် အ​သီး​အ​သီး​ဝယ်​သော ညီ​အစ်​ကို​ချင်း ဟေ​ဗြဲ​အ​မျိုး​သား​တို့​ကို ခု​နစ်​နှစ်​စေ့​လျှင် လွှတ်​ရ​မည်။ ခြောက်​နှစ်​ပတ်​လုံး သင်​တို့၌ အ​စေ​ကျွန်​ခံ​ပြီး​မှ၊ လွတ်​သော​အ​ခွင့်​ကို ပေး​ရ​မည်​ဟု ပ​ညတ်​သော်​လည်း၊ သင်​တို့ ဘိုး​ဘေး​များ​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ နား​ကို ပိတ်​လျက်​နေ​ကြ၏။#ထွ၊ ၂၁:၂။ တ​ရား၊ ၁၅:၁၂။ 15သင်​တို့​သည် ယ​ခု​မှာ​ပြောင်း​လဲ၍၊ အ​သီး​အ​သီး အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ စီ​ရင်​သ​ဖြင့်၊ ငါ့​ရှေ့၌ တ​ရား​သော​အ​မှု​ကို​ပြု​လျက်၊ ငါ့​နာ​မ​ဖြင့် သ​မုတ်​သော ဗိ​မာန်​တော်၌ ငါ့​ရှေ့​မှာ ဝန်​ခံ​ခြင်း ပ​ဋိ​ညာဉ်​ကို ပြု​ကြ​သော်​လည်း၊ 16တစ်​ဖန် ပြောင်း​လဲ၍ ငါ၏​နာ​မ​ကို​ရှုတ်​ချ​လျက်၊ အ​သီး​အ​သီး ရှင်း​ရှင်း​လွှတ်​ဖူး​သော ကျွန်​ယောက်ျား မိန်း​မ​တို့​ကို ခေါ်​ပြန်၍ အ​စေ​ကျွန်​ခံ​စေ​ကြ​ပြီ​တ​ကား။ 17ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သီး​အ​သီး ညီ​အစ်​ကို​ချင်း၊ အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​မ​စီ​ရင်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ဖို့၊ ဓား​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တို့​အား လွတ်​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​စီ​ရင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက် ခံ​စေ​မည်။ 18နွား​သ​ငယ်​ကို ထက်​ခြမ်း​ခွဲ၍၊ အ​လယ်​သို့ လျှောက်​သွား​လျက်၊ ငါ့​ရှေ့​မှာ​ပြု​သော ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် စ​ကား​အ​တိုင်း​မ​ကျင့်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​သူ​တည်း​ဟူ​သော၊ 19ယု​ဒ​မင်း၊ ယေ​ရု​ရှ​လင်​မင်း၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​စ​ရှိ​သော၊ နွား​သ​ငယ် ထက်​ခြမ်း​အ​လယ်​သို့ လျှောက်​သွား​သော ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို၊ 20သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​သူ​များ လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။ သူ​တို့​အ​သေ​ကောင်​များ​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​များ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။ 21ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မှ​စ၍ မှူး​တော်​မတ်​တော်​တို့​ကို သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​လူ​များ လက်​သို့​လည်း​ကောင်း၊ ယ​ခု​လွှဲ​သွား​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​များ​လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။ 22ငါ​သည် အ​မိန့်​တော်​ပေး၍ သူ​တို့​ကို ဤ​မြို့​သို့ ပြန်​လာ​စေ​မည်။ သူ​တို့​သည် တိုက်​ယူ၍ မီး​ရှို့​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ ယု​ဒ​မြို့​ရွာ​တို့​ကို လူ​တို့​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 34: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။