YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 35

35
ရေ​ခပ်​အ​မျိုး​သား​များ
1ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊#၄​ရာ၊ ၂၃:၃၆-၂၄:၆။ ၆​ရာ၊ ၃၆:၅-၇။ 2သင်​သည် ရေ​ခပ်​အ​မျိုး​သား​တို့​အိမ်​သို့​သွား၍၊ သူ​တို့​နှင့် နှုတ်​ဆက်​ပြီး​မှ၊ ဗိ​မာန်​တော် အ​ခန်း​တစ်​ခန်း​ထဲ​သို့ ခေါ်​သွင်း၍ စ​ပျစ်​ရည်​ကို တိုက်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 3ငါ​သည် ဟာ​ဗ​ဇိ​ညာ​သား​ဖြစ်​သော ယေ​ရ​မိ၏​သား​ယာ​ဇ​ညာ​မှ​စ၍၊ သူ၏​ညီ​အစ်​ကို​တို့​နှင့် သား​များ​အ​ပေါင်း၊ ရေ​ခပ်​အ​မျိုး​သား အ​ပေါင်း​တို့​ကို ခေါ်၍၊ 4ဗိ​မာန်​တော်​အ​တွင်း၊ တံ​ခါး​စောင့်​ရှ​လ္လုံ​သား မာ​သေ​ယ၏​အ​ခန်း​အ​ပေါ်၊ မှူး​တော်​မတ်​တော် စည်း​ဝေး​ရာ​အ​ခန်း​နား​မှာ ဘု​ရား​သ​ခင်၏​လူ ဣ​ဂ​ဒါ​လိ​သား ဟာ​နန်၏​သား​တို့​နေ​သော​အ​ခန်း​ထဲ​သို့ ဆောင်​သွား​ပြီး​လျှင်၊ 5ထို​ရေ​ခပ် အ​မျိုး​သား​တို့​ရှေ့၌ စ​ပျစ်​ရည်​နှင့် ပြည့်​သော​အိုး​များ​နှင့် ခွက်​ဖ​လား​တို့​ကို ထည့်၍၊ စ​ပျစ်​ရည်​ကို သောက်​ကြ​ပါ​ဟု သူ​တို့​အား​ဆို၏။ 6သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် စ​ပျစ်​ရည်​ကို မ​သောက်​ပါ။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​မျိုး၏​အ​ဘ ရေ​ခပ်၏​သား ယော​န​ဒပ်​က၊ သင်​တို့​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။ 7အိမ်​ကို​လည်း မ​ဆောက်​ရ၊ မျိုး​စေ့​ကို​လည်း မ​ကြဲ​ရ၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း မ​စိုက်​ရ၊ မ​ရှိ​စေ​ရ​ကြ။ သင်​တို့​သည် ဧည့်​သည်​ဖြစ်​လျက် နေ​သော​ပြည်၌ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ တစ်​သက်​လုံး တဲ​နှင့်​သာ​နေ​ရ​ကြ​မည်​ဟု အ​ကျွန်ုပ်​တို့​ကို မှာ​ထား​ပါ​ပြီ။ 8ထို​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် မ​ယား​သား​သ​မီး​နှင့်​တ​ကွ တစ်​သက်​လုံး စ​ပျစ်​ရည်​ကို​မ​သောက်။ 9နေ​စ​ရာ​ဖို့​အိမ်​ကို​လည်း မ​ဆောက်။ စ​ပျစ်​ဥ​ယျာဉ် မ​ရှိ။ လယ်​ယာ​မ​ရှိ၊ မျိုး​စေ့​မ​ရှိ။ 10တဲ​နှင့်​သာ​နေ၍ အ​ကျွန်ုပ်​တို့ အ​မျိုး၏​အ​ဘ ရေ​ခပ်​သား​ယော​န​ဒပ်​မှာ​ထား​သ​မျှ​သော စ​ကား​ကို နား​ထောင်​လျက်၊ အ​ဘ​ယော​န​ဒပ် မှာ​ထား​သ​မျှ​အ​တိုင်း ပြု​ကြ​ပါ​ပြီ။ 11ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဤ​ပြည်​သို့​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​က၊ လာ​ကြ။ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​နှင့် ရှု​ရိ​စစ်​သူ​ရဲ​တို့​ကို ကြောက်​စ​ရာ​ရှိ​သည်​ဟု အ​ချင်း​ချင်း ပြော​ဆို၍၊ ယ​ခု​ယေ​ရှု​ရှ​လင်​မြို့၌ နေ​ကြ​ပါ​သည်​ဟု ဆို​ကြ၏။
12ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍၊ 13ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့ ရှိ​ရာ​သို့ သွား၍၊ သင်​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​အံ့​သော​ငှာ ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ​သ​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ 14စ​ပျစ်​ရည်​ကို မ​သောက်​ရ​ဟု၊ ရေ​ခပ်​သား​ယော​န​ဒပ်​သည် မိ​မိ​သား​တို့၌​ထား​သော ပ​ညတ်​စ​ကား​အ​တိုင်း၊ သူ​တို့​သည်​ကျင့်၍ ယ​နေ့​တိုင်​အောင် စ​ပျစ်​ရည်​ကို မ​သောက်​ဘဲ​နေ​လျက်၊ အ​ဘ၏​ပ​ညတ်​စ​ကား​ကို နား​ထောင်​ကြ၏။ ငါ​သည် စော​စော​ထ၍ သင်​တို့​ကို အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ 15ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို​လည်း၊ ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ သင်​တို့​အ​သီး​အ​သီး လိုက်​သော အ​ဓ​မ္မ​လမ်း​ကို ရှောင်​ကြ​လော့။ သင်​တို့​အ​ကျင့်​ကို ပြု​ပြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်၊ ဝတ်​မ​ပြု​ကြ​နှင့်။ ဤ​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​နှင့် သင်​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ နေ​ရ​ကြ​လိမ့်​မည်​ဟု မှာ​လိုက်​သော်​လည်း၊ သင်​တို့​သည် နား​ကို​ပိတ်​လျက်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။ 16ရေ​ခပ်​သား​ဖြစ်​သော ယော​န​ဒပ်၏​သား​မြေး​တို့​သည် မိ​မိ​တို့​အ​ဘ မှာ​ထား​သော​စ​ကား​အ​တိုင်း ကျင့်​ကြ၍၊ ဤ​လူ​မျိုး​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ 17ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ခြိမ်း​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို ယု​ဒ​ပြည်​သူ၊ ယေ​ရှု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ​ဟု မိန့်​တော်​မူ၏။
18ရေ​ခပ်​အ​မျိုး​သား​တို့​အား​လည်း၊ ယေ​ရ​မိ​ဆင့်​ဆို​သော၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် သင်​တို့​အ​ဘ ယော​န​ဒပ်၏ ပ​ညတ်​စ​ကား​ကို​နား​ထောင်၍၊ သူ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​စောင့်​သော​ကြောင့်၊ 19ရေ​ခပ်​သား​ယော​န​ဒပ်​အ​မျိုး၌ ငါ့​အ​မှု​ထမ်း​တို့​သည် အ​စဉ်​ရှိ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 35: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။