YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:1-16

တရားသူကြီး 6:1-16 Judson Bible (JBMLE)

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နိုင်၍ ညှဉ်း​ဆဲ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တောင်​ရိုး၌ ခိုင်​ခံ့​သော ဥ​မင်​မြေ​တွင်း​တို့​ကို လုပ်​ရ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊ တပ်​ချ​သ​ဖြင့်၊ ဂါ​ဇ​မြို့​တိုင်​အောင် မြေ​အ​သီး​အ​နှံ​ကို သုတ်​သင်​ပယ်​ရှင်း​လျက် စား​စ​ရာ​ကို ချန်၍​မ​ထား။ သိုး​နွား​မြည်း​ကို​လည်း ချန်၍​မ​ထား​ကြ။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့် အ​လွန်​ဆင်း​ရဲ၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။ ထို​သို့ မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တစ်​ယောက်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​နုတ်​ဆောင်​ပြီ။ အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့​နေ​သော အာ​မော​ရိ​ပြည်​သား ကိုး​ကွယ်​သော ဘု​ရား​တို့​ကို မ​ကြောက်​ရွံ့​ကြ​နှင့်​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အို​သ​ခင်၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သို့ ကယ်​နုတ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး၌ သာ၍​ဆင်း​ရဲ​ပါ၏။ အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​အ​ဆွေ​အ​မျိုး၌ အ​ယုတ်​ဆုံး​သော သူ​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တရားသူကြီး 6:1-16 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။- မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။- ကောက်​ပဲ​သီး​နှံ​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​စိုက်​ပျိုး​သည့်​အ​ခါ​တိုင်း မိ​ဒျန်​အ​မျိုး​သား တို့​သည်​အာ​မ​လက်​အ​မျိုး​သား​နှင့် သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​သော​လူ​မျိုး​များ​နှင့်​အ​တူ​လာ​၍ တိုက်​ခိုက်​တတ်​ကြ​၏။- သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။- သူ​တို့​သည်​မိ​မိ​တို့​၏​တဲရှင်​များ၊ သိုး​နွား​များ နှင့်​ပြန်​လာ​တတ်​ကြ​၏။ သူ​တို့​၏​အ​ရေ​အ​တွက် မှာ​ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​များ​သ​တည်း။ သူ​တို့ နှင့်​သူ​တို့​၏​ကု​လား​အုတ်​များ​မှာ​လည်း​မ​ရေ မ​တွက်​နိုင်​အောင်​များ​ပြား​သည်။ သူ​တို့​သည် ဝင်​ရောက်​လာ​၍​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​ပစ် ကြ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။- အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။- ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။ ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

တရားသူကြီး 6:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ကြ​ပြန်​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​သို့ ခုနစ်​နှစ်​အပ်လိုက်​တော်မူ​၏​။ မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ညှဉ်းဆဲ​ကြ​၏​။ မိဒျန်​လူမျိုး​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် တောင်​များ​တွင်​ရှိ​သော တွင်း​များ​၊ လိုဏ်ဂူ​များ​တွင် ခိုလှုံစရာ​နေရာ​များ ပြုလုပ်​ကြ​ရ​၏​။ အစ္စရေး​လူမျိုး​တို့​စိုက်ပျိုး​ပြီး​ကြ​ပြီ​ဆိုလျှင် မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​တို့​သည် ချီတက်​လာ​ပြီး သူ​တို့​ကို တိုက်ခိုက်​ကြ​၏​။ တပ်ချ​၍ တိုက်ခိုက်​ကြ​၏​။ ဂါဇ​မြို့​တိုင်အောင် ထို​ပြည်​၏​အသီးအနှံ​တို့​ကို​ဖျက်ဆီး​ပစ်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​၏​စားနပ်ရိက္ခာ​မှစ၍ သိုး​၊ နွား​၊ မြည်း​ပါ​မ​ကျန် ဖျက်ဆီး​ပစ်​ကြ​၏​။ သူ​တို့​သည် တိရစ္ဆာန်​များ​၊ တဲ​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။ ကျိုင်းကောင်အုပ်ကြီး​သဖွယ် ချီလာ​၍ အစ္စရေး​ပြည်​ကို ဖျက်ဆီး​ကြ​၏​။ သူ​တို့​နှင့် သူ​တို့​၏​ကုလားအုတ်​များ​လည်း မ​ရေတွက်​နိုင်​အောင် များပြား​လှ​၏​။ အစ္စရေး​လူမျိုး​တို့​သည် မိဒျန်​လူမျိုး​တို့​ကြောင့် အလွန်​ဆင်းရဲဒုက္ခ​ရောက်​လေ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ကြ​ပြန်​၏​။ မိဒျန်​လူမျိုး​တို့​ကြောင့် အစ္စရေး​လူမျိုး​တို့ ထာဝရဘုရား​ထံ အော်ဟစ်​ကြ​သောအခါ ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ထံသို့ ပရောဖက်​တစ်​ပါး​ကို​စေလွှတ်​တော်မူ​၏​။ ထို​ပရောဖက်​က သူ​တို့​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​၏​။ ကျွန်ခံရာ​အိမ်​မှ ခေါ်ထုတ်​ခဲ့​၏​။ ငါ​သည် သင်​တို့​ကို အီဂျစ်​လူမျိုး​တို့​လက်​မှ​လည်းကောင်း​၊ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​အပေါင်း​တို့​လက်​မှ​လည်းကောင်း ကယ်နုတ်​ခဲ့​၏​။ ထို​သူ​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​ကို သင်​တို့​အား ငါ​ပေး​၏​။ သင်​တို့​ကို​လည်း ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​တို့​နေထိုင်​သော​ပြည်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ကြောက်​ရ​ဟု ငါ​မိန့်ဆို​ခဲ့​သော်လည်း သင်​တို့​သည် ငါ​၏​စကား​ကို​နား​မ​ထောင်​ကြ​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။ ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ရောက်လာ​၍ ဩဖရ​မြို့​နေ အဗျေဇာ​အမျိုးသား ယောရှ​ပိုင်​သော​သပိတ်ပင်​အောက်​၌ ထိုင်​လေ​၏​။ ထို​အချိန်​၌ ယောရှ​၏​သား​ဂိဒေါင်​သည် မိဒျန်​လူမျိုး​တို့ မသိ​အောင် စပျစ်သီးနယ်ရာကျင်း​၌ ဂျုံ​များ​ကို ရိုက်ခြွေ​နေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ကိုယ်ထင်ရှားပြ​၍ သူ့​အား “​ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​၊ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု ဆို​၏​။ ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။ ထာဝရဘုရား​သည် သူ့​ကို​ကြည့်​၍ “​သင့်​ကို ငါ​စေလွှတ်​သည် မ​ဟုတ်​လော​။ သင်​၌​ရှိ​သော​ခွန်အား​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို မိဒျန်​လူမျိုး​လက်​မှ သွား​၍​ကယ်တင်​လော့​”​ဟု မိန့်​တော်မူ​၏​။ ဂိဒေါင်​က​လည်း “​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​ကို မည်သို့​ကယ်တင်​နိုင်​ပါ​မည်နည်း​။ မနာရှေ​အမျိုးအနွယ်​တွင် အကျွန်ုပ်​၏​မျိုးနွယ်စု​သည် အဆင်းရဲဆုံး​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​မိသားစု​တွင် အကျွန်ုပ်​သည် အသိမ်ငယ်ဆုံး​ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​၏​။ ထာဝရဘုရား​က​လည်း သူ့​အား “​အကယ်စင်စစ် သင်​နှင့်အတူ ငါ​ရှိ​မည်​။ သင်​သည် မိဒျန်​လူမျိုး​တို့​ကို လူ​တစ်ယောက်တည်း​ကဲ့သို့ လုပ်ကြံ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။