YouVersion လိုဂို
ရှာရန် အိုင်ကွန်

သူ​ကြီး 6:1-16

သူ​ကြီး 6:1-16 BCL

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။- မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။- ကောက်​ပဲ​သီး​နှံ​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​စိုက်​ပျိုး​သည့်​အ​ခါ​တိုင်း မိ​ဒျန်​အ​မျိုး​သား တို့​သည်​အာ​မ​လက်​အ​မျိုး​သား​နှင့် သဲ​ကန္တာ​ရ တွင်​နေ​ထိုင်​သော​လူ​မျိုး​များ​နှင့်​အ​တူ​လာ​၍ တိုက်​ခိုက်​တတ်​ကြ​၏။- သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။- သူ​တို့​သည်​မိ​မိ​တို့​၏​တဲရှင်​များ၊ သိုး​နွား​များ နှင့်​ပြန်​လာ​တတ်​ကြ​၏။ သူ​တို့​၏​အ​ရေ​အ​တွက် မှာ​ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​များ​သ​တည်း။ သူ​တို့ နှင့်​သူ​တို့​၏​ကု​လား​အုတ်​များ​မှာ​လည်း​မ​ရေ မ​တွက်​နိုင်​အောင်​များ​ပြား​သည်။ သူ​တို့​သည် ဝင်​ရောက်​လာ​၍​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​ပစ် ကြ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ချေ။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သား​တို့​၏​ရန်​ကြောင့်​မိ​မိ​တို့​အား ကူ​မ တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ် အော်​လျှောက်​ထား​ကြ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​သည်။ ပ​ရော​ဖက် မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့ ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​အား​ထုတ် ဆောင်​ခဲ့​၏။- အီ​ဂျစ်​ပြည်​သူ​တို့​လက်​မှ​လည်း​ကောင်း၊ ဤ​ပြည် တွင်​သင်​တို့​အား​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​လည်း ကောင်း​ကယ်​ဆယ်​ခဲ့​၏။ သင်​တို့​ချီ​တက်​လာ​စဉ်​သူ တို့​အား​နှင်​ထုတ်​၍ သူ​တို့​၏​ပြည်​ကို​သင်​တို့​၏ လက်​သို့​ပေး​အပ်​ခဲ့​၏။- ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို​မိန့်​ကြား​၍ ယ​ခု​သင်​တို့​နေ​ထိုင်​ရာ ပြည်​ရှိ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ကြ​ရန်​သင်​တို့​အား ပညတ်​ခဲ့​၏။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​စ​ကား ကို​နား​မ​ထောင်​ကြ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။ ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ကြီး​မား သော​ခွန်​အား​ဖြင့်​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​၏​လက် မှ​ကယ်​ဆယ်​လော့။ ငါ​ကိုယ်​တိုင်​ပင်​သင့်​အား စေ​လွှတ်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဂိ​ဒေါင်​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ဘယ်​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​ဆယ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​၏​သား ချင်း​စု​သည်​မ​နာ​ရှေ​အ​နွယ်​တွင် အား​အ​နည်း ဆုံး​သော​သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​လည်း မိ​မိ​၏​မိ​သား​စု​တွင်​အ​ရေး​မ​ပါ၊ အ​ရာ မ​ရောက်​ဆုံး​သော​သူ​ဖြစ်​ပါ​သည်'' ဟု ပြန် လည်​လျှောက်​ထား​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​ကို​ကူ​မ​မည် ဖြစ်​၍ ထို​အ​မှု​ကို​သင်​ပြု​နိုင်​လိမ့်​မည်။ သင်​သည် လူ​တစ်​ယောက်​တည်း​ကို​လုပ်​ကြံ​ရ​ဘိ​သ​ကဲ့ သို့ မိ​ဒျန်​အ​မျိုး​သား​များ​အား​အ​လွယ် တ​ကူ​နှိမ်​နင်း​နိုင်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။