YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 5:7-12

ရှင်ယာကုပ် 5:7-12 Judson Bible (JBMLE)

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။- သင်​တို့​သည်​လည်း သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို မြဲ​မြံ​စေ​ကြ​လော့။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ချိန် ရောက်​လု​နီး​ပြီ။- ညီ​အစ်​ကို​တို့၊ စစ်​ကြော​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း ငြင်း​ခုံ​ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ တ​ရား​စီ​ရင် ပိုင်​သော​သူ​သည် တံ​ခါး​နား​မှာ ရှိ​တော်​မူ၏။- ငါ့​ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဆင်း​ရဲ​ဒု​က္ခ​တွေ့​ခြင်း၊ သည်း​ခံ​ခြင်း၏ ပုံ​သက်​သေ​ကို ပြ​ကြ​ပြီ​ဟု မှတ်​ကြ​လော့။- သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။ ငါ့​ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​တွင် ကျိန်​ဆို​ခြင်း​ကို သာ၍​ရှောင်​ကြ​လော့။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ မြေ​ကြီး​ကို​တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ ထို​မှ​တစ်​ပါး၊ အ​ဘယ်​အ​ကျိန်​အား​ဖြင့်​မျှ မ​ကျိန်​ကြ​နှင့်။ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​မှာ၊ ဟုတ်​သည်​ကို အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​ကြ​လော့။

ရှင်ယာကုပ် 5:7-12 Common Language Bible (BCL)

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ ၍​စောင့်​မျှော်​နေ​ကြ​လော့။ လယ်​သ​မား​သည်​မိ​မိ လယ်​ယာ​မှ​အ​ဖိုး​တန်​အ​သီး​အ​နှံ​များ​ထွက် နိုင်​ရန် မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​ပြီး​သည့်​တိုင် အောင်​စောင့်​မျှော်​တတ်​၏။- သင်​တို့​သည်​လည်း​သည်း​ခံ​၍​စောင့်​မျှော်​နေ ကြ​လော့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​မည့် နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​၏​မျှော်​လင့်​ချက်​ကို​ခိုင်​မာ​စေ​ကြ​လော့။ ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ဘု​ရား​သ​ခင်​၏ စစ်​ကြော​စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​အ​ပြစ် မ​တင်​ကြ​နှင့်။ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင် သည်​ဤ​အ​ရပ်​သို့​ရောက်​ရှိ​ကာ​တံ​ခါး​ဝ​၌ ရပ်​လျက်​နေ​တော်​မူ​လေ​ပြီ။- ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​ဟော​ပြော​ခဲ့​ကြ​သော​ပ​ရော​ဖက် တို့​၏​အ​ကြောင်း​ကို​သ​တိ​ရ​လော့။ ဆင်း​ရဲ​ဒုက္ခ ရောက်​သော​အ​ခါ​သူ​တို့​တွင်​ခံ​နိုင်​ရည်​ရှိ​ပုံ​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။- သူ​တို့​သည်​ခံ​နိုင်​ရည်​ရှိ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​မင်္ဂ​လာ​ရှိ​သူ​များ​ဟူ​၍​ငါ​တို့ ခေါ်​ကြ​၏။ ယော​ဘ​မည်​သို့​ခံ​နိုင်​ရည်​ရှိ​သည် ကို​သင်​တို့​ကြား​သိ​ခဲ့​ကြ​လေ​ပြီ။ နောက်​ဆုံး​၌ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ကြည့်​ရှု တော်​မူ​ကြောင်း​ကို​လည်း​သင်​တို့​သိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည် သ​နား​ကြင်​နာ​တော်​မူ​၍​က​ရု​ဏာ တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သော​ကြောင့်​တည်း။ ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့်​ကျိန်​ဆို​မှု ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သို့​မ​ဟုတ် ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​နှင့်။ အ​ဘယ်​အ​ရာ​ကို​မျှ​တိုင်​တည်​၍​မ​ကျိန်​ဆို နှင့်။ သင်​တို့​စ​ကား​သည်​ဟုတ်​လျှင်​ဟုတ်​သည် ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​လျှင်​မ​ဟုတ်​ဟူ​၍ လည်း​ကောင်း​ဖြစ်​စေ​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တရား​စီ​ရင် တော်​မူ​ခြင်း​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။

ရှင်ယာကုပ် 5:7-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ညီအစ်ကို​တို့၊ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် စိတ်ရှည်​သည်းခံ​ကြ​လော့။ ခြံသမား​သည် မြေ​မှ​အဖိုးတန်​သည့်​အသီးအနှံ​ကို မိုးဦး​နှင့်​မိုးနှောင်း​ရွာ​သည်​အထိ စိတ်ရှည်​စွာ​စောင့်​တတ်​၏။ သင်​တို့​သည်​လည်း စိတ်ရှည်​သည်းခံ​ကြ​လော့။ သင်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​ကြ​လော့။ အကြောင်းမူကား သခင်​ဘုရား​၏​ကြွလာ​တော်မူ​ခြင်း​သည် နီးကပ်​လာ​ပြီ​ဖြစ်​၏။ ညီအစ်ကို​တို့၊ စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း တစ်ဦး​အပေါ်​တစ်ဦး ပြစ်တင်​ညည်းညူ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကြည့်​ကြ​လော့။ တရား​စီရင်​သော​အရှင်​သည် တံခါး​ရှေ့၌​ရပ်​နေ​တော်မူ​ပြီ။ ညီအစ်ကို​တို့၊ ဆင်းရဲ​ဒုက္ခ​ခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​နှင့်​ပတ်သက်၍ သခင်​ဘုရား​၏​နာမ​တော်​အားဖြင့် ဟောပြော​သော​ပရောဖက်​တို့​ကို စံနမူနာ​ယူ​ကြ​လော့။ သည်းခံ​သော​သူ​တို့​သည် မင်္ဂလာရှိ​၏​ဟု ငါ​တို့​ယူဆ​ကြ​၏။ ယောဘ​၏​သည်းခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်ဆုံး​တွင် ထာဝရ​ဘုရား​ပြု​တော်မူ​သော​အမှု​အားဖြင့် ကိုယ်တော်​သည် အလွန်​ကြင်နာ​တတ်​၍ ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​တွေ့မြင်​ရ​ကြ​၏။ ငါ့​ညီအစ်ကို​တို့၊ အထူးသဖြင့် တိုင်တည်​ပြောဆို​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကောင်းကင်​ကို​ဖြစ်စေ၊ မြေကြီး​ကို​ဖြစ်စေ၊ အခြား​ကတိ​သစ္စာ​တစ်စုံတစ်ခု​ကို​ပြု​လျက်​ဖြစ်စေ တိုင်တည်​၍​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​သည် ဟုတ်​သည်​ကို “ဟုတ်​ပါ​သည်” မ​ဟုတ်​သည်​ကို “မ​ဟုတ်​ပါ”​ဟူ၍သာ ပြောဆို​ကြ​လော့။ သို့မဟုတ်လျှင် တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။