ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုးကိုရသည်တိုင်အောင်၊ အဖိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏။- သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။- ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်း ငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။- ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ ပုံသက်သေကို ပြကြပြီဟု မှတ်ကြလော့။- သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။ ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကို သာ၍ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတစ်ပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့။
ရှင်ယာကုပ် 5 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယာကုပ် 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယာကုပ် 5:7-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ