YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ်ဩဝါဒစာ 5:7-12

ရှင်ယာကုပ်ဩဝါဒစာ 5:7-12 MSBU

သို့ဖြစ်၍ ညီအစ်ကို​တို့၊ သခင်​ဘုရား​ကြွလာ​တော်မူ​သည့်​တိုင်အောင် စိတ်ရှည်​သည်းခံ​ကြ​လော့။ ခြံသမား​သည် မြေ​မှ​အဖိုးတန်​သည့်​အသီးအနှံ​ကို မိုးဦး​နှင့်​မိုးနှောင်း​ရွာ​သည်​အထိ စိတ်ရှည်​စွာ​စောင့်​တတ်​၏။ သင်​တို့​သည်​လည်း စိတ်ရှည်​သည်းခံ​ကြ​လော့။ သင်​တို့​၏​စိတ်နှလုံး​ကို ခိုင်ခံ့​မြဲမြံ​စေ​ကြ​လော့။ အကြောင်းမူကား သခင်​ဘုရား​၏​ကြွလာ​တော်မူ​ခြင်း​သည် နီးကပ်​လာ​ပြီ​ဖြစ်​၏။ ညီအစ်ကို​တို့၊ စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း တစ်ဦး​အပေါ်​တစ်ဦး ပြစ်တင်​ညည်းညူ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကြည့်​ကြ​လော့။ တရား​စီရင်​သော​အရှင်​သည် တံခါး​ရှေ့၌​ရပ်​နေ​တော်မူ​ပြီ။ ညီအစ်ကို​တို့၊ ဆင်းရဲ​ဒုက္ခ​ခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​နှင့်​ပတ်သက်၍ သခင်​ဘုရား​၏​နာမ​တော်​အားဖြင့် ဟောပြော​သော​ပရောဖက်​တို့​ကို စံနမူနာ​ယူ​ကြ​လော့။ သည်းခံ​သော​သူ​တို့​သည် မင်္ဂလာရှိ​၏​ဟု ငါ​တို့​ယူဆ​ကြ​၏။ ယောဘ​၏​သည်းခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်ဆုံး​တွင် ထာဝရ​ဘုရား​ပြု​တော်မူ​သော​အမှု​အားဖြင့် ကိုယ်တော်​သည် အလွန်​ကြင်နာ​တတ်​၍ ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​တွေ့မြင်​ရ​ကြ​၏။ ငါ့​ညီအစ်ကို​တို့၊ အထူးသဖြင့် တိုင်တည်​ပြောဆို​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကောင်းကင်​ကို​ဖြစ်စေ၊ မြေကြီး​ကို​ဖြစ်စေ၊ အခြား​ကတိ​သစ္စာ​တစ်စုံတစ်ခု​ကို​ပြု​လျက်​ဖြစ်စေ တိုင်တည်​၍​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​သည် ဟုတ်​သည်​ကို “ဟုတ်​ပါ​သည်” မ​ဟုတ်​သည်​ကို “မ​ဟုတ်​ပါ”​ဟူ၍သာ ပြောဆို​ကြ​လော့။ သို့မဟုတ်လျှင် တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။