YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 2:1-9

ရှင်ယာကုပ် 2:1-9 Judson Bible (JBMLE)

ငါ့​ညီ​အစ်​ကို​တို့၊ ဘုန်း​ကြီး​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အ​မှု​မှာ၊ လူ​မျက်​နှာ​ကို ထောက်​ခြင်း​မ​ရှိ​ကြ​နှင့်။- ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊- တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊- တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။- ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။- သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။- သင်​တို့​ကို​သ​မုတ်​သော နာ​မ​တော်​မြတ်​ကို သူ​တို့​သည် ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု ကျမ်း​စာ၌​ပါ​သော ရွှေ​ပ​ညတ်​တော်​ကို သင်​တို့​သည် စောင့်​ရှောက်​လျှင်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ရာ​သို့​ရောက်​ကြ၏။- သို့​မ​ဟုတ် လူ​မျက်​နှာ​ကို​ထောက်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ တ​ရား​ကို လွန်​ကျူး​သော​သူ​ဟု ပ​ညတ်​တော်​အား​ဖြင့် ထင်​ရှား​စွာ​ဖြစ်​ကြ၏။

ရှင်ယာကုပ် 2:1-9 Common Language Bible (BCL)

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​တို့​၏​ဘုန်း အ​သ​ရေ​တော်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သက် ဝင်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် လူ​တို့​အား​မျက်​နှာ​ကြီး​ငယ်​လိုက်​၍​မ​ဆက် ဆံ​ကြ​နှင့်။- အ​ကယ်​၍​သင်​တို့​စည်း​ဝေး​ရာ​သို့​ဝင်​လာ သော​လူ​နှစ်​ယောက်​အ​နက် လူ​တစ်​ယောက်​က ရွှေ​လက်​စွပ်​နှင့်​ဝတ်​ကောင်း​စား​လှ​များ​ကို ဝတ်​ဆင်​ထား​၍ အ​ခြား​တစ်​ယောက်​က​မူ ဆင်း​ရဲ​နွမ်း​ပါး​သူ​ဖြစ်​သ​ဖြင့် စုတ်​ပြတ် သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည်​ဆို​အံ့။- သင်​တို့​သည်​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား သူ​အား​အ​ရေး​ပေး​လျက်``ဤ​နေ​ရာ​တွင်​ထိုင် ပါ'' ဟူ​၍​လည်း​ကောင်း၊ ဆင်း​ရဲ​သူ​အား``ထို နေ​ရာ​တွင်​ရပ်​နေ​လော့'' ဟူ​၍​လည်း​ကောင်း ဆို​ပါ​မူ၊- အ​ချင်း​ချင်း​လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း သော​အ​ကြံ​အ​စည်​နှင့်​အ​ကဲ​ဖြတ်​ရာ​ရောက် သည်​မ​ဟုတ်​ပါ​လော။ ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။- သို့​ရာ​တွင်​သင်​တို့​က​ဆင်း​ရဲ​သူ​တို့​အား ရှုတ်​ချ​ကြ​သည်​တ​ကား။ ကြွယ်​ဝ​သူ​တို့​သည် သင်​တို့​အား​နှိပ်​စက်​၍​တ​ရား​သူ​ကြီး​များ ရှေ့​သို့​ဆွဲ​ငင်​ခေါ်​ဆောင်​သွား​ကြ​သည် မ​ဟုတ်​လော။- သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။- သို့​ရာ​တွင်​မျက်​နှာ​ကြီး​ငယ်​လိုက်​ကြ​ပါ​မူ အ​ပြစ်​ကူး​သူ​များ​ဖြစ်​၍​ထို​ပ​ညတ်​တော် အား​ဖြင့်​အ​ပြစ်​သင့်​လိမ့်​မည်။

ရှင်ယာကုပ် 2:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​ညီအစ်ကို​တို့၊ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်​ခြင်း​အရာ​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့ ရွှေ​လက်စွပ်​နှင့်​တင့်တယ်​သော​အဝတ်​တို့​ကို ဝတ်ဆင်​ထား​သော​လူ​တစ်​ဦး​ဝင်​လာ​ပြီး စုတ်ပြတ်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် ဆင်းရဲ​သော​သူ​တစ်​ဦး​လည်း ဝင်​လာ​သောအခါ သင်​တို့​သည် တင့်တယ်​သော​အဝတ်​ဝတ်ဆင်​ထား​သော​သူ​ကို ဂရုစိုက်​လျက် “သင်​သည် ဤ​နေရာ​ကောင်း​တွင် ထိုင်​ပါ”​ဟု ဆို​၍ ဆင်းရဲ​သော​သူ​ကို​မူကား “သင်​သည် ထို​နေရာ​တွင်​ရပ်​နေ​ပါ၊ သို့မဟုတ် ငါ​၏​ခြေရင်း​ကြမ်းပြင်​ပေါ်၌ ထိုင်​ပါ”​ဟု ဆို​လျှင် သင်​တို့​သည် အချင်းချင်း​ကြား​၌ လူတန်းစား​ခွဲခြား​၍ မကောင်း​သော​တွေးတော​ကြံစည်​မှု​တို့​ဖြင့် တရား​စီရင်​သူ​များ​ဖြစ်​ကြ​ပြီ​မ​ဟုတ်​လော။ ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​နှင့်​စပ်လျဉ်း၍ ခေါ်ဝေါ်​သမုတ်​သည့် ကောင်းမြတ်​သော​နာမ​ကို သူ​တို့​စော်ကား​ပြောဆို​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​သည် ကျမ်းစာ​နှင့်အညီ “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော မွန်မြတ်​သည့်​ပညတ်​တရား​ကို အမှန်တကယ်​စောင့်ထိန်း​လျှင် ကောင်း​သော​အမှု​ကို​ပြု​ကြ​လေ​ပြီ။ သို့သော် မျက်နှာလိုက်​လျှင် သင်​တို့​သည် အပြစ်​ပြု​ကြ​သည်​ဖြစ်၍ ဖောက်ဖျက်​ကျူးလွန်​သူ​အဖြစ် ပညတ်​တရား​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​မည်။