YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယာ​ကုပ် 2:1-9

ယာ​ကုပ် 2:1-9 BCL

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​တို့​၏​ဘုန်း အ​သ​ရေ​တော်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သက် ဝင်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် လူ​တို့​အား​မျက်​နှာ​ကြီး​ငယ်​လိုက်​၍​မ​ဆက် ဆံ​ကြ​နှင့်။- အ​ကယ်​၍​သင်​တို့​စည်း​ဝေး​ရာ​သို့​ဝင်​လာ သော​လူ​နှစ်​ယောက်​အ​နက် လူ​တစ်​ယောက်​က ရွှေ​လက်​စွပ်​နှင့်​ဝတ်​ကောင်း​စား​လှ​များ​ကို ဝတ်​ဆင်​ထား​၍ အ​ခြား​တစ်​ယောက်​က​မူ ဆင်း​ရဲ​နွမ်း​ပါး​သူ​ဖြစ်​သ​ဖြင့် စုတ်​ပြတ် သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည်​ဆို​အံ့။- သင်​တို့​သည်​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား သူ​အား​အ​ရေး​ပေး​လျက်``ဤ​နေ​ရာ​တွင်​ထိုင် ပါ'' ဟူ​၍​လည်း​ကောင်း၊ ဆင်း​ရဲ​သူ​အား``ထို နေ​ရာ​တွင်​ရပ်​နေ​လော့'' ဟူ​၍​လည်း​ကောင်း ဆို​ပါ​မူ၊- အ​ချင်း​ချင်း​လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း သော​အ​ကြံ​အ​စည်​နှင့်​အ​ကဲ​ဖြတ်​ရာ​ရောက် သည်​မ​ဟုတ်​ပါ​လော။ ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။- သို့​ရာ​တွင်​သင်​တို့​က​ဆင်း​ရဲ​သူ​တို့​အား ရှုတ်​ချ​ကြ​သည်​တ​ကား။ ကြွယ်​ဝ​သူ​တို့​သည် သင်​တို့​အား​နှိပ်​စက်​၍​တ​ရား​သူ​ကြီး​များ ရှေ့​သို့​ဆွဲ​ငင်​ခေါ်​ဆောင်​သွား​ကြ​သည် မ​ဟုတ်​လော။- သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။- သို့​ရာ​တွင်​မျက်​နှာ​ကြီး​ငယ်​လိုက်​ကြ​ပါ​မူ အ​ပြစ်​ကူး​သူ​များ​ဖြစ်​၍​ထို​ပ​ညတ်​တော် အား​ဖြင့်​အ​ပြစ်​သင့်​လိမ့်​မည်။