YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 48:12-22

ဟေရှာယ 48:12-22 Judson Bible (JBMLE)

အို ယာ​ကုပ်၊ ငါ​ခေါ်​သော ဣ​သ​ရေ​လ၊ ငါ့​စ​ကား​ကို နား​ထောင်​လော့။ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​ကယ်​စင်​စစ် ငါ့​လက်​သည် မြေ​ကြီး​ကို​တည်​လေ​ပြီ။ ငါ့​လက်​ယာ​လက်​သည် မိုး​ကောင်း​ကင်​ကို ကြက်​လေ​ပြီ။ ငါ​ခေါ်၍ သူ​တို့​သည် ချက်​ချင်း​ပေါ်​လာ​ကြ၏။ ရှိ​သ​မျှ​သော​သင်​တို့၊ စည်း​ဝေး၍ နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ​တို့​ကို သင်​တို့​တွင် အ​ဘယ်​သူ​သည် ရှေး​မ​ဆွ​က ဟော​နှင့်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် ဗာ​ဗု​လုန်​မြို့၌ အ​လို​တော်​ကို ပြည့်​စုံ​စေ​မည်။ သူ၏​လက်​သည်​လည်း၊ ခါ​လ​ဒဲ​လူ​တို့​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။ ငါ့​ကိုယ်​တိုင်​အ​မိန့်​တော်​ရှိ​ပြီ။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ခေါ်​ပြီ။ ငါ​ဆောင်​ခဲ့​ပြီ။ သူ​သွား​သော​လမ်း၌ မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်၍ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။ ရှေ့​ဦး​စွာ​မှ​စ၍ တိတ်​ဆိတ်​စွာ မ​ဟော။ အ​မှု​ဖြစ်​စ​ကာ​လ၌ ငါ​ရှိ၏။ ယ​ခု​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။ သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​သည် ငါ၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ပါ​စေ​သော။ သို့​ပြု​လျှင်၊ သင်၏​ချမ်း​သာ​သည် မြစ်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​သား​မြေး​တို့​သည်၊ သ​မု​ဒ္ဒ​ရာ ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။ သင်၏​နာ​မ​သည် ငါ့​ရှေ့​မှာ​မ​ပြတ်၊ မ​ပျက်​မ​စီး​ရ။ ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​သံ​နှင့် ခါ​လ​ဒဲ​လူ​တို့​နေ​ရာ​မှ ပြေး​ကြ​လော့။ ဤ​သ​တင်း​စ​ကား​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ပြန်​ပြော​မြွက်​ဆို၍ အ​သံ​ကို​လွှင့်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့။ သူ​တို့​သည် တော​လမ်း​ဖြင့်​ဆောင်​သွား​တော်​မူ​ခြင်း​ကို ခံ​သော​အ​ခါ ရေ​မ​ငတ်​ကြ။ သူ​တို့​အ​ဖို့ ကျောက်​ထဲ​က​ရေ​ကို စီး​စေ​တော်​မူ၏။ ကျောက်​ခဲ​ကို​ပင် ခွဲ​တော်​မူ​သ​ဖြင့်၊ ရေ​သည် စီး​ထွက်​လေ၏။ မ​တ​ရား​သော​သူ​တို့၌ ချမ်း​သာ​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဟေရှာယ 48:12-22 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က ``အို ငါ​ခေါ်​ယူ​တော်​မူ​သည့်​လူ​မျိုး​တော်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင်​တည်​နေ​တော်​မူ​သော အ​ရှင်၊ဖြစ်​တော်​မူ​၏။ ငါ​၏​လက်​တော်​သည်​ကမ္ဘာ​မြေ​ကြီး အုတ်​မြစ်​များ​ကို​ချ​၍၊ မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​ခဲ့​၏။ ငါ​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​ကို ဆင့်​ခေါ်​သော​အ​ခါ၊သူ​တို့​သည်​ချက်​ချင်း ပေါ်​ပေါက်​လာ​ကြ​ပါ​သည်​တ​ကား။ သင်​တို့​အ​ပေါင်း​သည်​စု​ဝေး​၍​ငါ​ပြော​သည် ကို နား​ထောင်​ကြ​လော့။ ငါ​ရွေး​ချယ်​ထား​သူ​သည်​ဗာ​ဗု​လုန်​ပြည်​ကို တိုက်​ခိုက်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​၏​အ​လို​တော်​ကျ​ဆောင်​ရွက်​ပေး​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ဘယ်​ရုပ်​တု​က​မျှ​ကြို​တင်​၍​မ​ဟော​ကြား နိုင်​ခဲ့။ သူ့​အား​အ​မိန့်​ပေး​၍​ခေါ်​ယူ​သူ​မှာ​ငါ​ပင် ဖြစ်​ပေ​သည်။ ငါ​သည်​သူ့​အား​လမ်း​ပြ​ပို့​ဆောင်​၍ အောင်​မြင်​မှု​ကို​ပေး​ခဲ့​၏။ ``ယ​ခု​ငါ​၏​အ​နီး​သို့​ချဉ်း​ကပ်​၍​ငါ​ပြော​ဆို သည်​ကို နား​ထောင်​ကြ​လော့။ အ​စ​အ​ဦး​က​ပင်​လျှင်​ငါ​သည်​သင်​တို့​အား ပွင့်​လင်း​စွာ​ဖော်​ပြ​ခဲ့​၏။ ထို​အ​ဖြစ်​အ​ပျက်​စ​၍​ဖြစ်​စဉ်​က​ပင် ငါ​ရှိ​ခဲ့​၏ ဟု​မိန့်​တော်​မူ​၏။ (ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ငါ့ အား​တန်​ခိုး​တော်​ကို​ပေး​၍​စေ​လွှတ်​တော်​မူ ပြီ။) ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​အား​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အ​ကျိုး​ငှာ​သွန်​သင်​တော်​မူ​၍၊ သင်​တို့​သွား​ရ​မည့်​ခ​ရီး​လမ်း​ကို ပြ​ညွှန်​တော်​မူ​လို​သည့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။ ``အ​ကယ်​၍​သင်​တို့​သာ​လျှင်​ငါ​၏​အ​မိန့် တော်​များ​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငြိမ်​သက်​ခြင်း​ချောင်း​ရေ​ကဲ့​သို့၊သင်​တို့​အ​တွက် စီး​ဆင်း​လာ​မည်​သာ။ အောင်​မြင်​ခြင်း​သည်​လည်း​ကမ်း​ခြေ​တွင် ရိုက်​ခတ်​သည့်​လှိုင်း​လုံး​များ​ကဲ့​သို့​သင်​တို့​အ​တွက် ပေါ်​ထွက်​လာ​မည်​သာ။ သင်​တို့​၏​သား​မြေး​များ​သည်​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြုန်း​စေ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။ ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​သွား​ကြ​လော့။ လွတ်​လပ်​စွာ​ထွက်​ခွာ​သွား​ကြ​လော့။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​ပြီ'' ဟူ​သော သ​တင်း​ကို​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ရပ်​တ​ကာ​တွင်​ကြား​သိ​စေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား၊ ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ရေ​မ​ငတ်​ကြ။ ကိုယ်​တော်​သည်၊သူ​တို့​အ​တွက်​ကျောက်​ဆောင်​ထဲ​မှ ရေ​စီး​၍​ထွက်​စေ​တော်​မူ​၏။ ကျောက်​ကို​ကွဲ​အက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ထွက်​၍​လာ​၏။ ``သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။

ဟေရှာယ 48:12-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ယာကုပ်​အမျိုး​၊ ငါ​ခေါ်ယူ​တော်မူ​သော အစ္စရေး​လူမျိုး​၊ ငါ့​စကား​ကို နားထောင်​လော့​။ ငါ​သည် ထို​အရှင်​ဖြစ်​၏​။ ငါ​သည် အဦးဆုံး​သော​သူ​ဖြစ်​၏​။ နောက်ဆုံး​သော​သူ​လည်း ဖြစ်​၏​။ အကယ်စင်စစ် ငါ့​လက်​ဖြင့် မြေကြီး​ကို​တည်​၏​။ ငါ့​လက်ယာ​လက်​ဖြင့် မိုးကောင်းကင်​ကို ကြက်​၏​။ ၎င်း​တို့​ကို ငါ​မိန့်​တော်မူ​လျှင် အတူတကွ​ပေါ်လာ​ကြ​၏​။ သင်​တို့​အားလုံး စုရုံး​၍ နားထောင်​ကြ​လော့​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​တို့​ကို ပြန်ပြော​ခဲ့​သနည်း​။ ထာဝရဘုရား ချစ်​တော်မူ​သော​သူ​သည် ကိုယ်တော်​၏​အလို​တော်​အတိုင်း ဘေဘီလုံ​မြို့​ကို​ပြု​မည်​။ သူ​၏​လက်​သည် ခါလဒဲ​လူမျိုး​ကို ဆန့်ကျင်​မည်​။ ငါ​ကိုယ်တော်တိုင် မိန့်မြွက်​ပြီ​။ အကယ်စင်စစ် သူ့​ကို ငါ​ခေါ်​ပြီ​။ သူ့​ကို ငါ​ဆောင်​ခဲ့​ပြီ​။ သူ​သွား​ရာ​လမ်း​သည် အောင်မြင်​လိမ့်မည်​။ ငါ့​ထံသို့​ချဉ်းကပ်​၍ ဤ​စကား​ကို​နားထောင်​ကြ​လော့​။ အစအဦး​ကပင် ငါ​သည် လျှို့ဝှက်​စွာ​မ​မြွက်ဆို​။ ထို​အမှု​ဖြစ်လာ​သော​အချိန်​၌ ထို​နေရာ​တွင် ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။ ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​၏​ဝိညာဉ်​တော်​နှင့်အတူ ယခု ငါ့​ကို​စေလွှတ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင့်​ကို​ရွေးနုတ်​သော​ထာဝရဘုရား​က “​ငါ​သည် သင့်​အကျိုး​အတွက် သွန်သင်​ပေး​သော​အရှင်​၊ သင်​သွား​သော​လမ်း​တွင် သင့်​ကို​ပို့ဆောင်​ပေး​သော​အရှင်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​သည် ငါ​၏​ပညတ်ချက်​တို့​ကို အာရုံစိုက်​နားထောင်​ခဲ့​လျှင် သင်​၏​ကောင်းကျိုးချမ်းသာ​သည် မြစ်ရေ​ကဲ့သို့​ဖြစ်​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် ပင်လယ်​လှိုင်း​ကဲ့သို့​ဖြစ်​မည်​။ သင်​၏​အမျိုးအနွယ်​သည် သဲပွင့်​ကဲ့သို့ များပြား​မည်​။ သင်​၏​သားမြေး​တို့​သည် သဲလုံး​ကဲ့သို့ များပြား​မည်​။ သူ​တို့​၏​အမည်​သည် ငါ့​ရှေ့မှောက်​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။ ဖျောက်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ ဘေဘီလုံ​မြို့​မှ ထွက်လာ​ကြ​လော့​။ ခါလဒဲ​လူမျိုး​တို့​ထံမှ ထွက်ပြေး​လာ​ကြ​လော့​။ “​ထာဝရဘုရား​သည် မိမိ​အစေအပါး​ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​”​ဟု ရွှင်လန်း​သော​အသံ​ဖြင့် မြေကြီး​စွန်း​ရောက်​သည်​အထိ ကြေညာ​ကြ​လော့​။ ကြားသိ​စေ​ကြ​လော့​။ သူ​တို့​ကို တောကန္တာရ​ထဲတွင် ပို့ဆောင်​တော်မူ​စဉ် သူ​တို့​သည် ရေ​မ​ငတ်​ရ​ကြ​။ ကိုယ်တော်​သည် သူ​တို့​အဖို့ ကျောက်ဆောင်​ထဲမှ ရေ​စီးဆင်း​စေ​တော်မူ​၏​။ ကျောက်ဆောင်​ကို​ခွဲ​တော်မူ​သဖြင့် ရေ​စီးထွက်​လေ​၏​။ ထာဝရဘုရား​က “​ဆိုးယုတ်​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း​မ​ရှိ​”​ဟု မိန့်​တော်မူ​၏​။