အို ယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကားကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အကယ်စင်စစ် ငါ့လက်သည် မြေကြီးကိုတည်လေပြီ။ ငါ့လက်ယာလက်သည် မိုးကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ချင်းပေါ်လာကြ၏။ ရှိသမျှသောသင်တို့၊ စည်းဝေး၍ နားထောင်ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရားချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံစေမည်။ သူ၏လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။ ငါ့ကိုယ်တိုင်အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကိုငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှုဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏။ သင့်ကို ရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့် ယှဉ်သောအရာကို သွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။ သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။ ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနုတ်တော်မူပြီဟု ပြောဆိုကြလော့။ သူတို့သည် တောလမ်းဖြင့်ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဖို့ ကျောက်ထဲကရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။ မတရားသောသူတို့၌ ချမ်းသာမရှိဟု ထာဝရဘုရားမိန့်တော်မူ၏။
ဟေရှာယ 48 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 48:12-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ