YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 1:2-14

ဟေဗြဲ 1:2-14 Judson Bible (JBMLE)

ထို​သား​တော်​ကို အ​လုံး​စုံ​တို့၏ အ​မွေ​ခံ​သ​ခင်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ သား​တော်​အား​ဖြင့်​လည်း လော​က​ဓာတ်​တို့​ကို တည်​တော်​မူ၏။- ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​ရ​သော ဘွဲ့​နာ​မ​ထက် ထူး​မြတ်​သော ဘွဲ့​နာ​မ​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​တ​မန်​တို့​ထက် ကြီး​မြတ်​သော​သူ ဖြစ်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ သင်​သည်​ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟူ၍​လည်း​ကောင်း၊ ငါ​သည်​သူ၏ အ​ဘ​ဖြစ်​မည်၊ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​မည်​သော ကောင်း​ကင်​တ​မန်​ကို တစ်​ခါ​မျှ မိန့်​တော်​မူ​သ​နည်း။- တစ်​နည်း​ကား၊ သား​ဦး​ကို ဤ​လော​က​သို့ သွင်း​တော်​မူ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင် တ​မန်​အ​ပေါင်း​တို့​သည် ထို​သူ​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​စေ​ဟု လာ​သ​တည်း။- တစ်​နည်း​ကား၊ မိ​မိ​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​အ​စေ​အ​ပါ​တို့​ကို မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း၊ ဖြစ်​စေ​တော်​မူ​ထ​သော​ဟု ကောင်း​ကင်​တ​မန်​တို့​ကို ရည်​ဆောင်၍ ဆို​သ​တည်း။- သား​တော်​ကို​ကား၊ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ပ​လ္လင်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​လ္လင် ဖြစ်​ပါ၏။ ကိုယ်​တော်၏ နိုင်​ငံ​သည် တ​ရား​သ​ဖြင့် စီ​ရင်​သော​နိုင်​ငံ​ဖြစ်​ပါ၏။- ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍၊ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက် ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ​ဟု လာ​သ​တည်း။ တစ်​ဖန် ကျမ်း​စာ​လာ​သည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ရှေ့​ဦး​စွာ၌ မြေ​ကြီး​ကို တည်​တော်​မူ​ပြီ။ မိုး​ကောင်း​ကင်​သည်​လည်း လက်​တော်​နှင့် ဖန်​ဆင်း​သော​အ​ရာ ဖြစ်​ပါ၏။- ထို​အ​ရာ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သော်​လည်း ကိုယ်​တော်​သည် အ​မြဲ​တည်​တော်​မူ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့​ရောက်​၍၊ ကိုယ်​တော်​သည် ဝတ်​လုံ​ကို လိပ်​သ​ကဲ့​သို့ လိပ်​တော်​မူ​သ​ဖြင့် ပြောင်း​လဲ​ခြင်း​ရှိ​ကြ​သော်​လည်း၊- ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​လည်း မ​ကုန်​မ​ဆုံး​ရ​ပါ​ဟု လာ​သ​တည်း။- ထို​မှ​တစ်​ပါး၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု၊ အ​ဘယ်​မည်​သော ကောင်း​ကင်​တ​မန်​ကို တစ်​ခါ​မျှ မိန့်​တော်​မူ​ဖူး​သ​နည်း။- ကောင်း​ကင်​တ​မန်​များ​တို့​ကား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မွေ​ခံ​လ​တ္တံ့​သော သူ​တို့​ကို ပြု​စု​စေ​ခြင်း​ငှာ၊ စေ​လွှတ်​တော်​မူ​သော အ​စေ​ခံ​နာမ်​ဝိ​ညာဉ် ဖြစ်​ကြ​သည် မ​ဟုတ်​လော။

ဟေဗြဲ 1:2-14 Common Language Bible (BCL)

သို့​ရာ​တွင်​ဤ​နောက်​ဆုံး​သော​ကာ​လ​၌ သား​တော်​အား​ဖြင့်​ငါ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်။ သား​တော်​အား​ဖြင့်​စ​ကြ ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ​၍ နောက်​ဆုံး​၌ အ​လုံး​စုံ​ကို​ပိုင်​သ​စေ​ရန်​သား​တော်​ကို ခန့်​ထား​တော်​မူ​သည်။- သား​တော်​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ နှင့်​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​၏။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​၏​ဇာ​တိ​အ​ဖြစ်​တော်​တိ​ကျ မှန်​ကန်​သော​ပုံ​သဏ္ဌာန်​ဖြစ်​လျက် မိ​မိ​၏​တန်​ခိုး နှင့်​ပြည့်​စုံ​သော​အ​မိန့်​တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ ကို​တည်​နေ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​သား တို့​အား​အ​ပြစ်​များ​မှ​ပြေ​လွတ်​စေ​ရန်​ဆောင် ရွက်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​ဘုံ​တွင်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​၌​ထိုင်​တော်​မူ​၏။ သား​တော်​အား​ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မူ သော​ဘွဲ့​နာ​မ​တော်​သည် ကောင်း​ကင်​တ​မန်​တို့​၏ အ​မည်​နာ​မ​ထက်​ကြီး​မြတ်​တော်​မူ​သည်​နည်း​တူ သား​တော်​သည်​ကောင်း​ကင်​တ​မန်​များ​ထက်​သာ လွန်​ကြီး​မြတ်​တော်​မူ​ပေ​သည်။- ဘု​ရား​သ​ခင်​က​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​သော်​လည်း​ကောင်း၊ အ​ဘယ်​ကောင်း​ကင်​တ​မန်​နှင့်​မျှ​ပတ်​သက်​၍ ``ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​မည်။ သူ​သည်​လည်း​ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်'' ဟူ​၍​သော်​လည်း​ကောင်း မိန့်​မြွက်​တော်​မူ​ခဲ့​ဖူး​သည်​မ​ရှိ။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​ဦး​ကို လော​က​သို့​စေ​လွှတ်​တော်​မူ​မည်​ပြု​သော​အ​ခါ ``ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့ သည် ထို​သူ​အား​ရှိ​ခိုး​ဝတ်​ပြု​ရကြ​မည်'' ဟု​မိန့်​တော်​မူ​၏။- ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ​၌ ``ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို လေ​ကဲ့​သို့​ဖြစ်​စေ​တော်​မူ​၏။ မိ​မိ​၏​အ​စေ​ခံ​များ​ကို​မီး​လျှံ​ကဲ့​သို့​ဖြစ်​စေ တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။- သို့​ရာ​တွင်​သား​တော်​အား​မိန့်​တော်​မူ​သော အ​ခါ​၌​ကိုယ်​တော်​က၊ ``အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည် ကာ​လ​အ​စဉ်​တည်​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​ပါ​၏။ ကိုယ်​တော်​သည်​အ​မှန်​ကို​နှစ်​သက်​တော်​မူ​၍ အ​မှား​ကို​မုန်း​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​၏​ဘု​ရား​တည်း​ဟူ​သော ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​အား​ရွေး​ချယ်​၍​ကိုယ်​တော်​၏ အ​ပေါင်း​အ​ဖော်​တို့​ထက်​ပို​မို​ချီး​မြှင့်​ကာ ရွှင်​လန်း​ဝမ်း​မြောက်​ခွင့်​ကို​ပေး​တော်​မူ​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​က၊ ``အို ထာ​ဝ​ရ​ဘု​ရား​ရှင်၊ကိုယ်​တော်​သည်​အ​စ မူ​လ​က ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​တိုင်​လက်​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ထို​အ​ရာ​တို့​သည်​ယို​ယွင်း​ပျက်​စီး​သွား ကြ​မည်​ဖြစ်​သော်​လည်း၊ ကိုယ်​တော်​ရှင်​မူ​ကား​အ​မြဲ​တည်​တော်​မူ​ပါ​၏။ ထို​အ​ရာ​အား​လုံး​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​ကြ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ဝတ်​လုံ​အင်္ကျီ​ကို​လိပ်​သ​ကဲ့​သို့ ထို​အ​ရာ​များ​ကို​လိပ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရာ​များ​သည်​အ​ဝတ်​အ​ထည်​များ​ကဲ့​သို့ ပြောင်း​လဲ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​မူ​ကား​ပြောင်း​လဲ​တော် မ​မူ​ပါ။ အ​သက်​တော်​သည်​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​မိန့်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က၊ ``သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​မ​ရောက်​စေ​မီ​ကာ​လ​အ​တွင်း၊ ငါ​၏​လက်ယာ​ဘက်​တွင်​ထိုင်​နေ​လော့'' ဟု​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ​မိန့်​တော် မ​မူ​ခဲ့​ဘူး​ပါ။ ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။

ဟေဗြဲ 1:2-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​နောက်ဆုံး​သော​နေ့ရက်​များ​တွင် ငါ​တို့​ကို သား​တော်​အားဖြင့် စကား​ပြော​တော်မူ​၏။ ဘုရားသခင်​သည် ထို​သား​တော်​အား အရာ​ခပ်သိမ်း​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​ခန့်ထား​၍ လောကဓာတ်​တို့​ကို​လည်း သား​တော်​အားဖြင့် ဖန်ဆင်း​တော်မူ​၏။ သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။ သား​တော်​သည် ကောင်းကင်​တမန်​တို့​၏​ဘွဲ့နာမ​ထက် ထူးမြတ်​သော​ဘွဲ့​နာမ​ကို ဆက်ခံ​ရရှိ​သည်​နှင့်အမျှ သူ​တို့​ထက် ကြီးမြတ်​သော​အရှင်​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”​ဟူ၍​လည်းကောင်း၊ “ငါ​သည် သူ​၏​အဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။ တစ်ဖန် သားဦး​ကို ဤ​ကမ္ဘာ​လောက​ထဲသို့ ခေါ်ဆောင်​လာ​သောအခါ “ဘုရားသခင်​၏​ကောင်းကင်​တမန်​အပေါင်း​တို့​သည် ထို​အရှင်​ကို ရှိခိုး​ရ​မည်”​ဟု မိန့်​တော်မူ​ပြီး ကောင်းကင်​တမန်​များ​နှင့်​ပတ်သက်၍ “ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သူ​တို့​အား မီးလျှံ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏”​ဟု မိန့်​တော်မူ​၏။ သို့သော် သား​တော်​နှင့်​ပတ်သက်၍​မူကား “အို ဘုရားသခင်၊ ကိုယ်တော်​၏​ပလ္လင်​သည် ကမ္ဘာ​အဆက်ဆက်​တည်​၍ ဖြောင့်မှန်​သော​အုပ်ချုပ်မှု​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​အုပ်ချုပ်မှု​ဖြစ်​ပါ​၏။ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​တော်မူ​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်​ပေး​တော်မူ​၏။” တစ်ဖန် “အို ထာဝရ​ဘုရား၊ ကိုယ်တော်​သည် အစအဦး​၌ မြေကြီး​ကို​တည်​တော်မူ​၍ ကောင်းကင်​တို့​သည်​လည်း ကိုယ်တော်​၏​လက်ရာ​တော်​ဖြစ်​ပါ​၏။ ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏။ ထိုအရာ ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်။ ကိုယ်တော်​သည် ထို​အရာ​တို့​ကို ခြုံထည်​ကဲ့သို့​လိပ်​တော်မူ​သဖြင့် ၎င်း​တို့​သည် ဝတ်ရုံ​ကဲ့သို့​ပြောင်းလဲ​ကြ​လိမ့်မည်။ ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ။ ကိုယ်တော်​၏​သက်တမ်း​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ”​ဟု မိန့်​တော်မူ​၏။ ထို့ပြင် ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့”​ဟု မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။ ကောင်းကင်​တမန်​အားလုံး​တို့​သည် ကယ်တင်​ခြင်း​ကို​အမွေ​ဆက်ခံ​မည့်​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် စေလွှတ်​ခြင်း​ခံရ​သည့် အစေခံ​ဝိညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။