YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 1

1
သားတော်၏ဂုဏ်တော်များ
1ရှေးကာလ​တွင် ဘုရားသခင်​သည် ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့​အား ကာလ​အပိုင်းအခြား​အမျိုးမျိုး​တို့​၌ နည်း​မျိုးစုံ​ဖြင့် စကား​ပြော​တော်မူ​၏။ 2ဤ​နောက်ဆုံး​သော​နေ့ရက်​များ​တွင် ငါ​တို့​ကို သား​တော်​အားဖြင့် စကား​ပြော​တော်မူ​၏။ ဘုရားသခင်​သည် ထို​သား​တော်​အား အရာ​ခပ်သိမ်း​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​ခန့်ထား​၍#ဆာ 2:7။ လောကဓာတ်​တို့​ကို​လည်း သား​တော်​အားဖြင့် ဖန်ဆင်း​တော်မူ​၏။ 3သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။
ကောင်းကင်တမန်တို့ထက် ကြီးမြတ်သောသားတော်
4သား​တော်​သည် ကောင်းကင်​တမန်​တို့​၏​ဘွဲ့နာမ​ထက် ထူးမြတ်​သော​ဘွဲ့​နာမ​ကို ဆက်ခံ​ရရှိ​သည်​နှင့်အမျှ သူ​တို့​ထက် ကြီးမြတ်​သော​အရှင်​ဖြစ်​တော်မူ​၏။ 5အကြောင်းမူကား ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ”#တ 13:33၊ ၂ရာ 7:14၊ ၅ရာ 17:13၊ ဆာ 2:7။​ဟူ၍​လည်းကောင်း၊ “ငါ​သည် သူ​၏​အဖ​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​ရ​လိမ့်မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။ 6တစ်ဖန် သားဦး​ကို ဤ​ကမ္ဘာ​လောက​ထဲသို့ ခေါ်ဆောင်​လာ​သောအခါ “ဘုရားသခင်​၏​ကောင်းကင်​တမန်​အပေါင်း​တို့​သည် ထို​အရှင်​ကို ရှိခိုး​ရ​မည်”#ဆာ 97:7။​ဟု မိန့်​တော်မူ​ပြီး 7ကောင်းကင်​တမန်​များ​နှင့်​ပတ်သက်၍ “ကိုယ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​တို့​ကို လေ​ကဲ့သို့​လည်းကောင်း၊ မိမိ​၏​အမှု​ကို​ထမ်းဆောင်​သူ​တို့​အား မီးလျှံ​ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​၏”#ဆာ 104:4။​ဟု မိန့်​တော်မူ​၏။ 8သို့သော် သား​တော်​နှင့်​ပတ်သက်၍​မူကား “အို ဘုရားသခင်၊ ကိုယ်တော်​၏​ပလ္လင်​သည် ကမ္ဘာ​အဆက်ဆက်​တည်​၍ ဖြောင့်မှန်​သော​အုပ်ချုပ်မှု​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​အုပ်ချုပ်မှု​ဖြစ်​ပါ​၏။ 9ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ကို​နှစ်သက်​တော်မူ​၍ တရားမဲ့​ခြင်း​ကို​မုန်း​တော်မူ​၏။ ထို့ကြောင့် ကိုယ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​သည် ကိုယ်တော်​၏​အပေါင်းအဖော်​များ​ထက် ကိုယ်တော်​ကို ရွှင်မြူး​ခြင်း​ဆီ​နှင့် ဘိသိက်​ပေး​တော်မူ​၏။”#ဆာ 45:7။ 10တစ်ဖန် “အို ထာဝရ​ဘုရား၊ ကိုယ်တော်​သည် အစအဦး​၌ မြေကြီး​ကို​တည်​တော်မူ​၍ ကောင်းကင်​တို့​သည်​လည်း ကိုယ်တော်​၏​လက်ရာ​တော်​ဖြစ်​ပါ​၏။ 11ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏။ထိုအရာ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့​ဟောင်းနွမ်း​ကြ​လိမ့်မည်။ 12ကိုယ်တော်​သည် ထို​အရာ​တို့​ကို ခြုံထည်​ကဲ့သို့​လိပ်​တော်မူ​သဖြင့် ၎င်း​တို့​သည် ဝတ်ရုံ​ကဲ့သို့​ပြောင်းလဲ​ကြ​လိမ့်မည်။ ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ။ ကိုယ်တော်​၏​သက်တမ်း​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ”#ဟေဗြဲ 13:8၊ ဆာ 102:26-27။​ဟု မိန့်​တော်မူ​၏။ 13ထို့ပြင် ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့”#မ 22:44၊ မာ 12:36၊ လု 20:43၊ တ 2:35၊ ဆာ 110:1။​ဟု မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။ 14ကောင်းကင်​တမန်​အားလုံး​တို့​သည် ကယ်တင်​ခြင်း​ကို​အမွေ​ဆက်ခံ​မည့်​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် စေလွှတ်​ခြင်း​ခံရ​သည့် အစေခံ​ဝိညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲဩဝါဒစာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။