YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 2

2
လျစ်လျူမရှုရန် သတိပေးခြင်း
1ထို့ကြောင့် ငါ​တို့​သည် လွဲချော်​မ​သွား​ကြ​စေရန် ကြား​ရ​သော​အရာ​တို့​ကို အထူး​အာရုံစိုက်​ကြ​ရ​မည်။ 2အကြောင်းမူကား ကောင်းကင်​တမန်​များ​အားဖြင့် မိန့်​တော်မူ​သော​တရား​တော်​သည် တည်မြဲ​၍ ဖောက်ဖျက်​ကျူးလွန်​မှု​နှင့်​မ​နာခံ​မှု​ရှိသမျှ​တို့​အတွက် ထိုက်သင့်​သော​အပြစ်ဒဏ်​ကို လူ​တို့​ခံရ​သည်​ဆို​လျှင် 3ဤမျှလောက်​ကြီးမြတ်​သော​ကယ်တင်​ခြင်း​ကို လျစ်လျူ​ရှု​ပါက ငါ​တို့​သည် အပြစ်ဒဏ်​မှ မည်သို့​လွတ်​နိုင်​ကြ​မည်နည်း။ သခင်​ဘုရား​က ပထမ​ဦးစွာ ဟောပြော​တော်မူ​သော ဤ​ကယ်တင်​ခြင်း​တရား​သည် ကြားနာ​သော​သူ​တို့​မှတစ်ဆင့် ငါ​တို့​ထံ၌ အတည်ပြု​ခြင်း​ခံရ​၏။ 4ဘုရားသခင်​သည်​လည်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အားဖြင့်​လည်းကောင်း၊ တန်ခိုး​လက္ခဏာ​အမျိုးမျိုး​အားဖြင့်​လည်းကောင်း၊ မိမိ​အလို​တော်​နှင့်အညီ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို မျှဝေ​ပေး​တော်မူ​ခြင်း​အားဖြင့်​လည်းကောင်း သူ​တို့​နှင့်အတူ သက်သေခံ​တော်မူ​၏။
လူ့သားယေရှု
5အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​ပြောဆို​နေ​သော နောင်​လာ​မည့်​ကမ္ဘာ​ကို ကောင်းကင်​တမန်​တို့​၏​လက်အောက်​သို့ ချ​ထား​တော်​မ​မူ​ခဲ့​ပေ။ 6တစ်​ယောက်​သော​သူ​က “လူ​သည် မည်သို့​သော​သူ​ဖြစ်​၍ ကိုယ်တော်​သည် သူ့​ကို အောက်မေ့​တော်မူ​ရ​သနည်း။ လူ့သား​သည် မည်သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည် သူ့​ကို ကြည့်ရှု​တော်မူ​ရ​သနည်း။#ဆာ 8:4။ 7ကိုယ်တော်​သည် သူ့​ကို ကောင်းကင်​တမန်​တို့​ထက် ခေတ္တ​ခဏ နိမ့်ကျ​စေ​ပြီးလျှင် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သူ့​ကို သရဖူ​ဆောင်း​စေ​တော်မူ​၍#ဆာ 8:5။ 8အရာ​ခပ်သိမ်း​တို့​ကို သူ​၏​ခြေ​အောက်၌ ချ​ထား​တော်မူ​ပြီ”​ဟု ကျမ်း​တစ်​နေရာ​၌​သက်သေခံ​ထား​၏။ “အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​တော်မူ​ပြီ”​ဟု ဆို​ရာ​တွင် သူ့​အောက်၌​မ​ချထား​ဘဲ ချန်ထား​တော်မူ​သည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ယခု​မူကား အရာ​ခပ်သိမ်း​တို့​ကို သူ့​အောက်၌​ချ​ထား​လျက်​ရှိ​သည်​ကို ငါ​တို့​မ​မြင်​ရ​သေး။ 9သို့သော် ဘုရားသခင်​၏​ကျေးဇူး​တော်​အားဖြင့် လူ​တိုင်း​အတွက် သေ​ခြင်း​ကို​မြည်းစမ်း​စေရန် ကောင်းကင်​တမန်​တို့​ထက် ခေတ္တ​ခဏ နိမ့်ကျ​စေ​ခြင်း​ကို​ခံရ​၍ သေ​ခြင်း​နှင့်ဆိုင်သော​ဒုက္ခ​ဝေဒနာ​ကို​ခံစား​ရ​သောကြောင့် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​တို့​ဖြင့် သရဖူ​ဆောင်း​ရ​သည့်​ယေရှု​ကို ငါ​တို့​မြင်​ရ​ကြ​၏။
10အကြောင်းမူကား ခပ်သိမ်း​သော​အရာ​တို့​၏​အကြောင်းခံ​နှင့် ခပ်သိမ်း​သော​အရာ​တို့​၏​အရင်း​အမြစ်​ဖြစ်​တော်မူ​သော​ဘုရားသခင်​သည် များစွာ​သော​သား​တို့​ကို ဘုန်း​အသရေ​တော်​ထဲသို့​ခေါ်ဆောင်​လာ​ရာ​၌ သူ​တို့​၏​ကယ်တင်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​သော​အရှင်​အား ဒုက္ခ​ဝေဒနာ​အားဖြင့် စုံလင်​စေ​တော်မူ​သည်​မှာ သင့်လျော်​ပေ​၏။ 11အမှန်စင်စစ် သန့်ရှင်း​စေ​တော်မူ​သော​အရှင်​ဖြစ်စေ၊ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ဖြစ်စေ အားလုံး​သည် တစ်ပါးတည်း​ထံမှ​ဖြစ်​ကြ​၏။ ထို့ကြောင့် ကိုယ်တော်​သည် ထို​သူ​တို့​ကို ညီအစ်ကို​များ​ဟု​ခေါ်​ရန် ရှက်​တော်​မ​မူ​ဘဲ 12“အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​၏​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်။ လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​သီဆို​ပါ​မည်”#ဆာ 22:22။​ဟု မိန့်​တော်မူ​၏။ 13တစ်ဖန် “ငါ​သည် ကိုယ်တော်​ကို​ယုံကြည်​ကိုးစား​မည်”​ဟူ၍​လည်းကောင်း၊ “ကြည့်ရှု​လော့။ ငါ​နှင့် ငါ့​အား​ဘုရားသခင်​ပေး​တော်မူ​သော​သားသမီး​များ​ပေတည်း”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​၏။
14ထို​သားသမီး​အားလုံး​တို့​သည် အသွေး​အသား​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည်​လည်း သူ​တို့​နည်းတူ ထို​အသွေး​အသား​ကို မျှဝေ​ခံယူ​တော်မူ​၏။ ဤသည်ကား အသေခံ​တော်မူ​ခြင်း​အားဖြင့် သေ​ခြင်း​၏​တန်ခိုး​အရှိန်အဝါ​ကို​ပိုင်​သော​သူ​ဖြစ်​သည့် မာရ်နတ်​ကို ဖျက်ဆီး​လျက် 15သေ​ခြင်း​ကို​ကြောက်ရွံ့​သော​သဘော​၌ တစ်သက်လုံး​ကျွန်ခံ​နေ​ရ​သော​သူ​တို့​ကို လွတ်မြောက်​စေရန်​ဖြစ်​၏။ 16အကယ်စင်စစ် ကိုယ်တော်​သည် ကောင်းကင်​တမန်​တို့​ကို ဖေးမ​တော်​မ​မူ​ဘဲ အာဗြဟံ​၏​အမျိုးအနွယ်​ကို ဖေးမ​တော်မူ​၏။ 17ထို့ကြောင့် ကိုယ်တော်​သည် လူ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​အမှု​ကို​ပြု​ရန် ဘုရားသခင်​ရှေ့​တော်​၌ သနား​ကြင်နာ​တတ်​သည့် သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​မင်း​ဖြစ်​မည့်​အကြောင်း အရာရာ​၌ ညီအစ်ကို​များ​နှင့်​တူ​ရ​၏။ 18အကြောင်းမူကား ကိုယ်တော်​သည် မိမိ​ကိုယ်တိုင်​ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​လျက် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​သောကြောင့် ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​သော​သူ​တို့​ကို ကူညီမစ​ရန်​တတ်နိုင်​တော်မူ​၏။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲဩဝါဒစာ 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။