YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:18-28

ကမ္ဘာဦး 42:18-28 Judson Bible (JBMLE)

သုံး​ရက်​မြောက်​သော​နေ့၌ ယော​သပ်​သည်​သူ​တို့​ကို​ခေါ်၍၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​ဖြစ်၏။ သို့​ဖြစ်၍ သင်​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ သင်​တို့​သည်​ဖြောင့်​မတ်​သော​သူ​မှန်​လျှင်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ထောင်​အိမ်၌​အ​ချုပ်​ခံ​လျက်​နေ​စေ​ပြီး​လျှင်၊ ကြွင်း​သော​သူ​တို့​မူ​ကား သွား​ကြ​လော့။ အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် စ​ပါး​ကို​ယူ၍​သွား​ကြ​လော့။ အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​စ​ကား​မှန်​လိမ့်​မည်။ သင်​တို့ အ​သက်​လည်း ချမ်း​သာ​ရ​လိမ့်​မည်​ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။ ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။ ရု​ဗင်​က​လည်း၊ သူ​ငယ်​ကို​မ​ပြစ်​မှား​ပါ​နှင့်​ဟု ကျွန်ုပ်​ဆို​သည်​မ​ဟုတ်​လော။ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​သော​ကြောင့် သူ၏​အ​သွေး​အ​တွက် ယ​ခု​အ​စစ်​ခံ​ရ​ကြ​သည်​ဟု ပြန်၍​ဆို၏။ ထို​သို့ မိ​မိ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို ယော​သပ်​နား​လည်​သည်​ဟု သူ​တို့​မ​ထင်​ကြ။ အ​ကြောင်း​မူ​ကား၊ ယော​သပ်​သည် စ​ကား​ပြန်​နှင့် သူ​တို့​ကို ပြော​တတ်​သော​ကြောင့်​တည်း။ ထို​အ​ခါ ယော​သပ်​သည် သူ​တို့​ထံ​မှ​ခ​ဏ​ခွာ၍​ငို​လေ၏။ တစ်​ဖန်​လာ​ပြန်၍ နှုတ်​ဆက်​ပြီး​လျှင်၊ ရှိ​မောင်​ကို သူ​တို့​အ​စု​ထဲ​က​ယူ၍ သူ​တို့​ရှေ့​တွင် ချည်​နှောင်​လေ၏။ ထို​နောက်​သူ​တို့​အိတ်​များ​ကို စ​ပါး​နှင့်​ပြည့်​စေ၍၊ သူ​တို့​ငွေ​ကို​လည်း အ​သီး​အ​သီး​အိတ်​တို့​တွင် ပြန်​ထည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​ကို​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း​စီ​ရင်၍ ထို​သို့​လျှင်​သူ​တို့၌​ပြု​လေ၏။ သူ​တို့​သည်​လည်း မြည်း​များ​အ​ပေါ်၌​စ​ပါး​ကို​တင်၍ ထွက်​သွား​ကြ၏။ စ​ခန်း​သို့​ရောက်​သော​အ​ခါ၊ တစ်​ယောက်​သော​သူ​သည် မြည်း​ကို အ​စာ​ကျွေး​ခြင်း​ငှာ​မိ​မိ​အိတ်​ကို​ဖွင့်​လျှင်၊ အိတ်​ဝ​တွင်​ရှိ​သော ငွေ​ကို​မြင်​လေ၏။ ညီ​အစ်​ကို​တို့​အား​လည်း ကျွန်ုပ်​ငွေ​ကို​ပြန်​ထား​ပြီ။ ကြည့်​ပါ၊ အိတ်​ထဲ​မှာ​ရှိ​သည်​ဟု​ဆို​သော်၊ သူ​တို့​သည်​စိတ်​နှ​လုံး​လျော့၍ ကြောက်​လန့်​လျက်၊ ငါ​တို့၌​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ဤ​အ​မှု​သည် အ​ဘယ်​အ​မှု​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက်​ဆို​ကြ၏။

ကမ္ဘာဦး 42:18-28 Common Language Bible (BCL)

တ​တိ​ယ​နေ့​၌ ယော​သပ်​က​သူ​တို့​အား``ငါ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​ဖြစ်​၏။ သင် တို့​အ​သက်​ချမ်း​သာ​စေ​ရန် ဤ​သို့​ပြု​လုပ်​လော့။- သင်​တို့​ရိုး​သား​ကြောင်း​ကို​သက်​သေ​ပြ​ရန်​သင် တို့​အ​နက်​တစ်​ယောက်​ယောက်​သည် ဤ​အ​ကျဉ်း ထောင်​ထဲ​၌​နေ​ရစ်​ခဲ့​ရ​မည်။ ကျန်​သော​သူ​တို့ က​ရိက္ခာ​ပြတ်​နေ​သော​သင်​တို့​၏​မိ​သား​စု အ​တွက် ဝယ်​ယူ​သော​စ​ပါး​ကို​ယူ​ဆောင်​သွား ကြ​လော့။- ထို​နောက်​သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ ၏​စ​ကား​မှန်​ကန်​ကြောင်း​သိ​ရ​မည်။ သင်​တို့​သည် လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု ဆို​လေ​၏။ သူ​တို့​သည်​ယော​သပ်​ပြော​သ​မျှ​သ​ဘော​တူ ကြ​၏။- ထို​နောက်​သူ​တို့​အ​ချင်း​ချင်း​က``အ​ကယ်​စင်​စစ် ငါ​တို့​ညီ​အား​ပြု​ခဲ့​သ​မျှ​အ​တွက် ယ​ခု​ငါ​တို့ ခံ​ရ​ကြ​လေ​ပြီ။ သ​နား​ညှာ​တာ​ရန်​ငါ​တို့​၏​ညီ က​တောင်း​ပန်​သော​အ​ခါ ငါ​တို့​သည်​သူ​၏​စိတ် ဆင်း​ရဲ​ခြင်း​ကို​မြင်​လျက်​နှင့်​သူ့​အား​မ​သ​နား မ​ညှာ​တာ​ခဲ့​ချေ။ ထို့​ကြောင့်​ငါ​တို့​သည်​ယ​ခု ဝဋ်​လည်​နေ​ရ​ကြ​၏'' ဟု​ပြော​ဆို​ကြ​၏။ ထို​အ​ခါ​ရု​ဗင်​က``ငါ​သည်​သင်​တို့​အား​သူ​ငယ် ကို ဘေး​ဒုက္ခ​မ​ရောက်​စေ​ပါ​နှင့်​ဟူ​၍​သ​တိ​ပေး ခဲ့​သော်​လည်း​သင်​တို့​သည်​နား​မ​ထောင်​ကြ။ ထို့ ကြောင့်​ငါ​တို့​သည်​ယ​ခု​ဝဋ်​လည်​နေ​ရ​ကြ​ပြီ'' ဟု​ဆို​လေ​၏။- သူ​တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​ယော​သပ် နား​လည်​၏။ ယော​သပ်​သည်​သူ​တို့​နှင့်​ပြော​ဆို​ရာ တွင်​စ​ကား​ပြန်​ကို​အ​သုံး​ပြု​သော​ကြောင့် သူ တို့​အ​ချင်း​ချင်း​ပြော​ဆို​သ​မျှ​ကို​သူ​နား လည်​မည်​မ​ဟုတ်​ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။ ထို​နောက်​ယော​သပ်​သည်​သူ​တို့​ထံ​မှ​ထွက်​သွား​၍ ငို​ကြွေး​လေ​၏။ သူ​သည်​ဣန္ဒြေ​ဆည်​နိုင်​သော​အ​ခါ သူ​တို့​ထံ​ပြန်​၍ သူ​တို့​အ​နက်​ရှိ​မောင်​ကို​ရွေး ထုတ်​လျက်​သူ​တို့​၏​ရှေ့​တွင်​ချည်​နှောင်​စေ​၏။ ယော​သပ်​က​သူ​၏​အစ်​ကို​တို့​၏​အိတ်​များ​တွင် စ​ပါး​အ​ပြည့်​ထည့်​ပေး​၍ တစ်​ယောက်​စီ​ထံ​မှ​ရ သော​စ​ပါး​ဖိုး​ငွေ​ကို​အ​သီး​သီး​တို့​၏​အိတ်​၌ ပြန်​ထည့်​ပေး​ရန်​နှင့် လမ်း​ခ​ရီး​၌​စား​ရန်​ရိက္ခာ ကို​လည်း​ထည့်​ပေး​ရန်​အ​မိန့်​ပေး​သည့်​အ​တိုင်း တာ​ဝန်​ခံ​က​ပြု​၏။- ယော​သပ်​၏​အစ်​ကို​တို့​သည်​မြည်း​များ​ပေါ် တွင် စ​ပါး​အိတ်​များ​ကို​တင်​ပြီး​နောက်​ထွက် ခွာ​သွား​ကြ​လေ​၏။- ည​အိပ်​စ​ခန်း​ချ​ရန်​အ​ရပ်​သို့​ရောက်​ကြ​သော အ​ခါ သူ​တို့​အ​ထဲ​မှ​တစ်​ယောက်​က​မြည်း​ကို အ​စာ​ကျွေး​ရန် သူ​၏​အိတ်​ကို​ဖွင့်​လိုက်​ရာ​အိတ် ဝ​တွင်​မိ​မိ​၏​ငွေ​ကို​တွေ့​ရ​လေ​၏။- သူ​က​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ်​၏​ငွေ​ကို​ပြန် ထည့်​ပေး​လိုက်​ပါ​သည်​တ​ကား'' ဟု​ဆို​၍​စ​ပါး အိတ်​ထဲ​က​ငွေ​ကို​ပြ​လေ​၏။ ထို​အ​ခါ​သူ​တို့ သည်​စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်``ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​မည်​သို့​ပြု​တော်​မူ​ဘိ သ​နည်း'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

ကမ္ဘာဦး 42:18-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သုံး​ရက်​မြောက်​သော​နေ့​၌ ယောသပ်​က သူ​တို့​အား “​ငါ​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ဤသို့​ပြု​ကြ​လော့​။ သင်​တို့​သည် ရိုးသား​သော​သူ​များ​ဖြစ်လျှင် သင်​တို့​ထဲမှ​ညီအစ်ကို​တစ်​ယောက်​ကို အကျဉ်းထောင်​ထဲ၌ အကျဉ်းချ​ခံ​စေ​။ ကျန်သောသူ​တို့​မူကား ပြန်သွား​ကြ​လော့​။ အစာခေါင်းပါး​သောကြောင့် သင်​တို့​၏​အိမ်သူအိမ်သား​တို့​အတွက် စားနပ်ရိက္ခာ​ကို​ယူသွား​ကြ​လော့​။ သင်​တို့​၏​အငယ်ဆုံး​ညီ​ကို ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​ရ​မည်​။ သို့ပြုလျှင် သင်​တို့​၏​စကား​မှန်ကန်​ကြောင်း​အတည်ပြု​မည်​။ သင်​တို့ သေ​ရ​မည်​မ​ဟုတ်​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။ ထိုအခါ သူ​တို့​က “​အကယ်စင်စစ် ငါ​တို့​သည် ငါ​တို့​ညီ​အပေါ်​ပြု​ခဲ့​သော​အမှု​အတွက် အပြစ်ရှိ​သော​သူ​များ​ဖြစ်​ကြ​၏​။ သူ​သည် ငါ​တို့​ကို​အသနားခံ​သောအခါ သူ​စိတ်ဒုက္ခရောက်​နေ​သည်​ကို​ငါ​တို့​မြင်​ရ​သော်လည်း ငါ​တို့​နား​မ​ထောင်​ခဲ့​ကြ​ချေ​။ ထို့ကြောင့် ထို​ဒုက္ခ​သည် ငါ​တို့​အပေါ်​သို့​ရောက်​လေ​ပြီ​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။ ရုဗင်​က သူ​တို့​အား “ ‘​သူငယ်​ကို မ​ပြစ်မှား​ပါ​နှင့်​’​ဟု သင်​တို့​ကို​ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ​။ ငါ​တို့​သည် ယခု သူ​၏​သွေးကြွေး​အတောင်း​ခံရ​လေ​ပြီ​”​ဟု ပြန်ပြော​၏​။ ယောသပ်​သည် သူ​တို့​ကို စကားပြန်​နှင့်​ပြော​သောကြောင့် သူ​တို့​စကား​ကို ယောသပ်​နားလည်​ကြောင်း သူ​တို့​မ​သိ​ကြ​။ ယောသပ်​သည် သူ​တို့​ထံမှ​လှည့်ထွက်​သွား​၍ ငိုကြွေး​၏​။ တစ်ဖန် သူ​တို့​ထံသို့​ပြန်လာ​၍ သူ​တို့​နှင့်​စကားပြော​ပြီးလျှင် သူ​တို့​ထဲမှ ရှိမောင်​ကို​ခေါ်ထုတ်​၍ သူ​တို့​ရှေ့​၌ ချည်နှောင်​စေ​၏​။ ထို့နောက် သူ​တို့​၏​အိတ်​များ​ထဲ၌ ဂျုံစပါး​အပြည့်ဖြည့်​၍ သူ​တို့​၏​ငွေ​များ​ကို​လည်း သူ​တို့​၏​အိတ်​အသီးသီး​၌ ပြန်ထည့်ပေး​ရန်​နှင့် သူ​တို့​အား လမ်းခရီး​အတွက်​စားနပ်ရိက္ခာ​ထည့်ပေး​ရန် ယောသပ်​အမိန့်ပေး​သည့်​အတိုင်း သူ​တို့​အတွက် ပြု​ပေး​လေ​၏​။ သူ​တို့​သည် စားနပ်ရိက္ခာ​များ​ကို မိမိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး ထို​အရပ်​မှ​ထွက်ခွာ​သွား​ကြ​၏​။ စခန်းချ​ရာ​နေရာ​၌ တစ်​ယောက်​သည် မိမိ​၏​မြည်း​ကို​အစာ​ကျွေး​ရန် မိမိ​၏​အိတ်​ကို​ဖွင့်​သောအခါ အိတ်​ဝ​၌ မိမိ​၏​ငွေ​ကို​တွေ့​၏​။ ထိုအခါ သူ​က မိမိ​၏​ညီအစ်ကို​တို့​အား “​အကျွန်ုပ်​၏​ငွေ​ကို ပြန်ထည့်​ထား​ပါ​ပြီ​။ ကြည့်​ပါ​။ အကျွန်ုပ်​၏​အိတ်​ထဲ၌​ရှိ​ပါ​၏​”​ဟု ဆို​၏​။ သူ​တို့​သည် စိတ်​အားလျော့​လျက် ကြောက်ရွံ့တုန်လှုပ်​ကာ “​ငါ​တို့​၌ ဘုရားသခင်​ပြု​တော်မူ​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု ညီအစ်ကို​အချင်းချင်း​ပြောဆို​ကြ​၏​။