တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။- သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။- ထိုနောက်သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ထိုသို့ပြုလုပ်လျှင်သင်တို့ ၏စကားမှန်ကန်ကြောင်းသိရမည်။ သင်တို့သည် လည်းအသက်ချမ်းသာရာရလိမ့်မည်'' ဟု ဆိုလေ၏။ သူတို့သည်ယောသပ်ပြောသမျှသဘောတူ ကြ၏။- ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။ ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။- သူတို့အချင်းချင်းပြောဆိုသမျှကိုယောသပ် နားလည်၏။ ယောသပ်သည်သူတို့နှင့်ပြောဆိုရာ တွင်စကားပြန်ကိုအသုံးပြုသောကြောင့် သူ တို့အချင်းချင်းပြောဆိုသမျှကိုသူနား လည်မည်မဟုတ်ဟုသူတို့ထင်မှတ်ကြ၏။ ထိုနောက်ယောသပ်သည်သူတို့ထံမှထွက်သွား၍ ငိုကြွေးလေ၏။ သူသည်ဣန္ဒြေဆည်နိုင်သောအခါ သူတို့ထံပြန်၍ သူတို့အနက်ရှိမောင်ကိုရွေး ထုတ်လျက်သူတို့၏ရှေ့တွင်ချည်နှောင်စေ၏။ ယောသပ်ကသူ၏အစ်ကိုတို့၏အိတ်များတွင် စပါးအပြည့်ထည့်ပေး၍ တစ်ယောက်စီထံမှရ သောစပါးဖိုးငွေကိုအသီးသီးတို့၏အိတ်၌ ပြန်ထည့်ပေးရန်နှင့် လမ်းခရီး၌စားရန်ရိက္ခာ ကိုလည်းထည့်ပေးရန်အမိန့်ပေးသည့်အတိုင်း တာဝန်ခံကပြု၏။- ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။- ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။- သူကညီအစ်ကိုတို့အား``ကျွန်ုပ်၏ငွေကိုပြန် ထည့်ပေးလိုက်ပါသည်တကား'' ဟုဆို၍စပါး အိတ်ထဲကငွေကိုပြလေ၏။ ထိုအခါသူတို့ သည်စိတ်တုန်လှုပ်ချောက်ချားလျက်``ဘုရားသခင်သည်ငါတို့အားမည်သို့ပြုတော်မူဘိ သနည်း'' ဟု အချင်းချင်းပြောဆိုကြ၏။
ကမ္ဘာဦး 42 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 42:18-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ