YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 1:6-24

ဂလာတိ 1:6-24 Judson Bible (JBMLE)

ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် သင်​တို့​ကို ခေါ်​တော်​မူ​သော​သူ​နှင့် ဤ​မျှ​လောက်​မြန်​မြန်​ခွာ၍ သင်​တို့​သည် အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ခံ​ယူ​ကြ​သော​ကြောင့် ငါ​သည်​အံ့​ဩ​ခြင်း​ရှိ၏။- ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။- သို့​သော်​လည်း၊ သင်​တို့​အား​ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် ဟော​ပြော​သော်​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​မှ​လာ​သော ကောင်း​ကင်​တ​မန် ဟော​ပြော​သော်​လည်း​ကောင်း၊ ဟော​ပြော​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ။- တစ်​ဖန်​တုံ၊ သင်​တို့​ခံ​ယူ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ ဟော​ပြော​လျှင်၊ ထို​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​ဟု ငါ​တို့​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ငါ​ထပ်၍​ဆို​သေး၏။- အ​ကြောင်း​မူ​ကား၊ ယ​ခု​တွင် ငါ​သည် လူ​တို့၏ အ​လို​သို့​လိုက်​သ​လော။ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို လိုက်​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြ​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြံ​သေး​လျှင်၊ ခ​ရစ်​တော်၏ အ​စေ​ခံ​ကျွန်​မ​ဟုတ်​ပြီ။ ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် လူ​တို့၏​တ​ရား​မ​ဟုတ်။- လူ​ထံ​မှာ ငါ​ခံ​ရ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်၏ ဗျာ​ဒိတ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဥ​ပ​ဒေ​သ​ကို ငါ​မ​ခံ သည်​အ​ကြောင်း​ကို သင်​တို့​အား ငါ​ကြား​လိုက်၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ အ​ထက်​က ယု​ဒ​ဘာ​သာ၌​နေ၍ ငါ​ကျင့်​သော​အ​ကျင့်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန် ညှဉ်း​ဆဲ​ဖျက်​ဆီး ကြောင်း​ကို​လည်း​ကောင်း၊- ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။- သို့​သော်​လည်း၊ ငါ့​ကို အ​မိ​ဝမ်း​ထဲ​က​ပင် ရွေး​ချယ်​ခွဲ​ထား၍ ကျေး​ဇူး​တော်​အား​ဖြင့် ခေါ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊- သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့၌ ဟော​ပြော​စေ​မည်​အ​ကြောင်း၊ မိ​မိ​အ​လို​တော် နှင့်​အ​ညီ သား​တော်​ကို ငါ့​အား ပြ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​အ​သွေး​အ​သား​နှင့် တိုင်​ပင်​ခြင်း​ကို​မ​ပြု။- ငါ့​အ​ရင် တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​မ​သွား၊ အာ​ရပ်​ပြည်​သို့ ချက်​ချင်း​သွား၍ တစ်​ဖန် ဒ​မာ​သက်​မြို့​သို့ ပြန်​လေ၏။- ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။- သူ​နှင့် သ​ခင်​ဘု​ရား၏​ညီ​တော် ယာ​ကုပ်​မှ​တစ်​ပါး အ​ခြား​သော တ​မန်​တော်​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​မ​မြင်။- ဤ​သို့ သင်​တို့​အား ငါ​ရေး၍ ကြား​လိုက်​သည်​တွင် မု​သား​စ​ကား​ကို ငါ​မ​ပြော​မ​သုံး​ဟု ဘု​ရား​သ​ခင်​ရှေ့ တော်၌​ငါ​ဆို၏။- ထို​နောက်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​သို့ ငါ​သွား၍၊- ယု​ဒ​ပြည်၌ ခ​ရစ်​တော်၏​ဘာ​သာ​ကို ခံ​ယူ​သော သင်း​ဝင်​သူ​တို့​သည် ငါ့​မျက်​နှာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၍၊- ငါ​တို့​ကို ညှ​ဥ်း​ဆဲ​ဖူး​သော​သူ​သည် အ​ထက်​က မိ​မိ​ဖျက်​ဆီး​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ယ​ခု မိ​မိ ဟော​ပြော​သည်​ဟု သူ​တို့​ကြား​ရုံ​ရှိ​ကာ​မျှ​နှင့်၊- ငါ့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။

ဂလာတိ 1:6-24 Common Language Bible (BCL)

ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​အား ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို သင်​တို့​သည်​ဤ မျှ​ဆော​လျင်​စွာ​စွန့်​ပစ်​ကြ​ပြီး​လျှင် အ​ခြား သ​တင်း​ကောင်း​တစ်​မျိုး​ကို​နာ​ယူ​လျက်​ရှိ​ကြ သ​ဖြင့်​ငါ​အံ့​သြ​မိ​၏။- သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။- ငါ​တို့​ဖြစ်​စေ၊ ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန် ပင်​ဖြစ်​စေ​သင်​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​ခဲ့ သည့်​သ​တင်း​ကောင်း​နှင့် ကွဲ​ပြား​ခြား​နား​သည့် သ​တင်း​ကောင်း​ကို​ဟော​ပြော​လျှင်​ကျိန်​တော်​မူ ခြင်း​ကို​ခံ​စေ။- သင်​တို့​နာ​ယူ​ရ​ရှိ​သည့်​သ​တင်း​ကောင်း​နှင့်​မ​တူ ကွဲ​ပြား​ခြား​နား​သည့်​သ​တင်း​ကောင်း​ကို​ဟော​ပြော သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟူ​၍ ငါ​တို့ ဆို​ခဲ့​ပြီး​သည့်​အ​တိုင်း​ယ​ခု​ထပ်​မံ​၍​ငါ​ဆို​၏။ ဤ​သို့​ပြော​ဆို​ရာ​၌​ငါ​သည် လူ​၏​ထောက်​ခံ​မှု​ကို ရ​ရန်​ကြိုး​စား​နေ​ပါ​သ​လော။ ငါ​သည်​ဘု​ရား​သ​ခင် ၏​ထောက်​ခံ​မှု​မှ​လွဲ​၍ မည်​သူ့​ထောက်​ခံ​မှု​ကို​လို​ပါ သ​နည်း။ ငါ​သည်​လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး စား​ဆောင်​ရွက်​နေ​ပါ​သ​လော။ အ​ကယ်​၍​ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​အောင်​ကြိုး​စား​ဆောင်​ရွက် နေ​သေး​ပါ​မူ​ခ​ရစ်​တော်​၏​အ​စေ​ခံ​မ​ဖြစ်​နိုင်။ ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​ကြေ​ညာ သော​သ​တင်း​ကောင်း​သည် လူ​တီ​ထွင်​သည့်​သ​တင်း ကောင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့​အား​ဖော်​ပြ​မည်။- ထို​သ​တင်း​ကောင်း​ကို​ငါ​သည်​မည်​သည့်​လူ တစ်​စုံ​တစ်​ယောက်​ထံ​က​မျှ​ရ​သည်​မ​ဟုတ်။ မည်​သူ​မျှ​လည်း​ငါ့​ကို​သင်​ကြား​၍​မ​ပေး။ ထို သ​တင်း​ကောင်း​ကို​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် ငါ့​အား​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ပေး​အပ်​တော် မူ​၏။ ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။- ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။ သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။- ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။- သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။- သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။ ဤ​အ​ကြောင်း​အ​ရာ​များ​ကို​မု​သား​သုံး​၍​ရေး သည်​မ​ဟုတ်​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။ ထို​နောက်​ငါ​သည်​ရှု​ရိ​နှင့်​ကိ​လိ​ကိ​နယ်​များ​သို့ သွား​ရောက်​၏။- သို့​သော်​ထို​အ​ချိန်​က​ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန် အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည် ငါ​နှင့်​တွေ့​ဆုံ သိ​ကျွမ်း​ခွင့်​ကို​မ​ရ​ကြ​သေး။- ``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။- ထို့​ကြောင့်​သူ​တို့​သည်​ငါ့​ကို​အ​ကြောင်း​ပြု​၍ ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ပေ သည်။

ဂလာတိ 1:6-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ ခြားနား​သည့်​ကောင်းမြတ်​သော​သတင်း​ဘက်​သို့ ဤမျှလောက်​အလျင်အမြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အလွန်​အံ့ဩ​မိ​၏။ ထိုသို့ဆိုသော် အခြား​ကောင်းမြတ်​သော​သတင်း​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​၍ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို မှောက်လှန်​လို​ကြ​ခြင်း​သာ​ဖြစ်​၏။ သို့သော် ငါ​တို့​က​ဖြစ်စေ၊ ကောင်းကင်​မှ ကောင်းကင်​တမန်​က​ဖြစ်စေ သင်​တို့​အား ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ ယခင်​က ငါ​တို့​ပြော​ခဲ့​သည့်​အတိုင်း ယခု​ထပ်မံ​၍ ငါ​ပြော​သည်​မှာ မည်သူမဆို သင်​တို့​လက်ခံ​ခဲ့​ပြီး​ဖြစ်​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကွဲလွဲ​ခြားနား​သည့်​အရာ​ကို ဟောပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါစေ။ အကြောင်းမူကား ယခု ငါ​သည် လူ​တို့​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့မဟုတ် ဘုရားသခင်​ထံမှ​မျက်နှာရ​ရန် ကြိုးစား​နေ​သလော၊ သို့တည်းမဟုတ် လူ​တို့​ကို​နှစ်သက်​စေရန် ကြိုးစား​နေ​သလော။ လူ​တို့​ကို​နှစ်သက်​စေရန် ငါ​ကြိုးစား​နေ​သေး​လျှင် ငါ​သည် ခရစ်တော်​၏​အစေအပါး​ဖြစ်​သည်​မ​ဟုတ်။ ညီအစ်ကို​တို့၊ ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​သည် လူ​က​ဖန်တီး​ထား​သော​အရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။ အကြောင်းမူကား ၎င်း​ကို လူ့​ထံမှ ငါ​ရရှိ​ခဲ့​သည်​မ​ဟုတ်။ သင်ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​အားဖြင့်​သာ ငါ​ရရှိ​ခဲ့​၏။ ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊ ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။ သို့သော် အမိ​ဝမ်း​ထဲ၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီးသန့်​ရွေးချယ်​ထား​၍ မိမိ​၏​ကျေးဇူး​တော်​အားဖြင့် ငါ့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​သည် မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။ ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။ ထို့နောက် သုံး​နှစ်​လွန်​ပြီးမှ ကေဖ​နှင့်​အကျွမ်းဝင်​စေရန် ဂျေရုဆလင်​မြို့​သို့​သွား​၍ သူ​နှင့်အတူ တစ်ဆယ့်ငါး​ရက်​နေ​ခဲ့​၏။ သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။ သင်​တို့​ထံသို့ ငါ​ရေး​နေ​သော​အကြောင်းအရာ​များ​တွင် မုသား​မ​ပါ​ကြောင်း ဘုရားသခင်​သိ​တော်မူ​၏။ ထို့နောက် ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။ သို့ရာတွင် ခရစ်တော်​၌​တည်​သော ယုဒ​ပြည်​ရှိ အသင်းတော်​များ​သည် ငါ​နှင့်​လူ​ချင်း​မ​သိ​ကြ​သေး​ဘဲ “ယခင်​က ငါ​တို့​ကို​ညှဉ်းဆဲ​ခဲ့​သော​သူ​သည် တစ်ချိန်က သူ​ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သော​ယုံကြည်​ခြင်း​တရား​ကို ယခု ဟောပြော​လျက်​နေ​သည်”​ဟူ၍​သာ ကြား​ရ​ကြ​၏။ ထိုအခါ သူ​တို့​သည် ငါ့​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။