YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 1

1
1လူ​နှင့်​မ​စပ်​ဆိုင်၊ လူ၏​အ​ခွင့်​မ​ရှိ​ဘဲ​လျက်၊ ယေ​ရှု​ခ​ရစ်၏​အ​ခွင့်​နှင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​ခွင့်​နှင့် လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​မှ​စ၍၊- 2ငါ့​ထံ​မှာ​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် ဂ​လာ​တိ​ပြည်၌​ရှိ​သော အ​သင်း​တော်​များ​ကို ကြား​လိုက်​ပါ၏။- 3သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။- 4ထို​သ​ခင်​သည် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ဆိုး​ညစ်​သော ဤ​ပ​စ္စု​ပ္ပန်​ဘ​ဝ​မှ ငါ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ၊ ငါ​တို့​အ​ပြစ်​ကြောင့် ကိုယ်​ကို​ကိုယ် အပ်​ပေး​တော်​မူ၏။- 5ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။
အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ရှိ
6ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် သင်​တို့​ကို ခေါ်​တော်​မူ​သော​သူ​နှင့် ဤ​မျှ​လောက်​မြန်​မြန်​ခွာ၍ သင်​တို့​သည် အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ခံ​ယူ​ကြ​သော​ကြောင့် ငါ​သည်​အံ့​ဩ​ခြင်း​ရှိ၏။- 7ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။- 8သို့​သော်​လည်း၊ သင်​တို့​အား​ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် ဟော​ပြော​သော်​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​မှ​လာ​သော ကောင်း​ကင်​တ​မန် ဟော​ပြော​သော်​လည်း​ကောင်း၊ ဟော​ပြော​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ။- 9တစ်​ဖန်​တုံ၊ သင်​တို့​ခံ​ယူ​ပြီး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တစ်​ပါး အ​ခြား​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​စုံ​တစ်​ယောက်​သော​သူ ဟော​ပြော​လျှင်၊ ထို​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​ဟု ငါ​တို့​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ငါ​ထပ်၍​ဆို​သေး၏။- 10အ​ကြောင်း​မူ​ကား၊ ယ​ခု​တွင် ငါ​သည် လူ​တို့၏ အ​လို​သို့​လိုက်​သ​လော။ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို လိုက်​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြ​သ​လော။ လူ​တို့​စိတ်​ကို နူး​ညွတ်​စေ​ခြင်း​ငှာ ရှာ​ကြံ​သေး​လျှင်၊ ခ​ရစ်​တော်၏ အ​စေ​ခံ​ကျွန်​မ​ဟုတ်​ပြီ။
ပေါ​လု​တ​မန်​တော်​ဖြစ်​လာ​ပုံ
11ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် လူ​တို့၏​တ​ရား​မ​ဟုတ်။- 12လူ​ထံ​မှာ ငါ​ခံ​ရ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်၏ ဗျာ​ဒိတ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဥ​ပ​ဒေ​သ​ကို ငါ​မ​ခံ သည်​အ​ကြောင်း​ကို သင်​တို့​အား ငါ​ကြား​လိုက်၏။- 13အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ အ​ထက်​က ယု​ဒ​ဘာ​သာ၌​နေ၍ ငါ​ကျင့်​သော​အ​ကျင့်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန် ညှဉ်း​ဆဲ​ဖျက်​ဆီး ကြောင်း​ကို​လည်း​ကောင်း၊- 14ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။- 15သို့​သော်​လည်း၊ ငါ့​ကို အ​မိ​ဝမ်း​ထဲ​က​ပင် ရွေး​ချယ်​ခွဲ​ထား၍ ကျေး​ဇူး​တော်​အား​ဖြင့် ခေါ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊- 16သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့၌ ဟော​ပြော​စေ​မည်​အ​ကြောင်း၊ မိ​မိ​အ​လို​တော် နှင့်​အ​ညီ သား​တော်​ကို ငါ့​အား ပြ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​အ​သွေး​အ​သား​နှင့် တိုင်​ပင်​ခြင်း​ကို​မ​ပြု။- 17ငါ့​အ​ရင် တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​မ​သွား၊ အာ​ရပ်​ပြည်​သို့ ချက်​ချင်း​သွား၍ တစ်​ဖန် ဒ​မာ​သက်​မြို့​သို့ ပြန်​လေ၏။- 18ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။- 19သူ​နှင့် သ​ခင်​ဘု​ရား၏​ညီ​တော် ယာ​ကုပ်​မှ​တစ်​ပါး အ​ခြား​သော တ​မန်​တော်​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​မ​မြင်။- 20ဤ​သို့ သင်​တို့​အား ငါ​ရေး၍ ကြား​လိုက်​သည်​တွင် မု​သား​စ​ကား​ကို ငါ​မ​ပြော​မ​သုံး​ဟု ဘု​ရား​သ​ခင်​ရှေ့ တော်၌​ငါ​ဆို၏။- 21ထို​နောက်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​သို့ ငါ​သွား၍၊- 22ယု​ဒ​ပြည်၌ ခ​ရစ်​တော်၏​ဘာ​သာ​ကို ခံ​ယူ​သော သင်း​ဝင်​သူ​တို့​သည် ငါ့​မျက်​နှာ​ကို​မျှ မ​သိ​မ​မှတ်​ဘဲ​နေ၍၊- 23ငါ​တို့​ကို ညှ​ဥ်း​ဆဲ​ဖူး​သော​သူ​သည် အ​ထက်​က မိ​မိ​ဖျက်​ဆီး​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ယ​ခု မိ​မိ ဟော​ပြော​သည်​ဟု သူ​တို့​ကြား​ရုံ​ရှိ​ကာ​မျှ​နှင့်၊- 24ငါ့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဂလာတိ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။