YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 13

13
နောက်​ဆုံး​သ​တိ​ပေး​ခြင်း
1ဤ​တ​တိ​ယ​အ​ကြိမ်​တွင် သင်​တို့​ဆီ​သို့ ငါ​လာ​မည်​ဖြစ်၍၊ သက်​သေ​ခံ နှစ်​ဦး​သုံး​ဦး​အား​ဖြင့် စ​ကား​ရှိ​သ​မျှ​တို့​သည် တည်​ရ​လိမ့်​မည်။- 2တစ်​ဖန် ငါ​ရောက်​လာ​လျှင် သင်​တို့​ကို​မ​သ​နား​ရ​ဟု ပြစ်​မှား​သော​သူ​မှ​စ၍ ကြွင်း​သော​သူ​အ​ပေါင်း​တို့​အား အ​ထက်​က ငါ​ပြော​သည်​သာ​မ​က၊ ယ​ခု​ပင်​သင်​တို့​နှင့်​အ​တူ မ​ရှိ​သော်​လည်း၊ တစ်​ဖန် ရှိ​ဘိ​သ​ကဲ့​သို့ ငါ​ပြော​နှင့်၏။- 3သင်​တို့​တွင် အား​နည်း​တော်​မ​မူ၊ အား​ကြီး​တော်​မူ​သော ခ​ရစ်​တော်​သည် ငါ၌​ဗျာ​ဒိတ်​ပြ​တော်​မူ​ခြင်း သက်​သေ​ကို သင်​တို့​သည် ရှာ​သော​ကြောင့်၊ ငါ​ရောက်​လာ​သော​အ​ခါ မ​သ​နား​ရ။- 4အ​ကြောင်း​မူ​ကား၊ ထို​ခ​ရစ်​တော်​သည် အား​နည်း​ခြင်း​နှင့် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​သော်​လည်း၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​နှင့် အ​သက်​ရှင်​တော်​မူ၏။ ငါ​တို့​သည်​လည်း ခ​ရစ်​တော်၏​နည်း​တူ အား​နည်း​သော်​လည်း၊ သင်​တို့​တွင်​ပြ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​ခြင်း ရှိ​ကြ​လိမ့်​မည်။- 5သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​သ​လော၊ မ​တည်​လော​ဟု ကိုယ်​ကို​ကိုယ် စစ်​ကြော​ကြ​လော့။ ကိုယ်​ကို​ကိုယ် စုံ​စမ်း​ကြ​လော့။ အ​စစ်​မ​ခံ​နိုင်​သော သူ​မ​မှန်​လျှင်၊ ယေ​ရှု​ခ​ရစ်​သည် သင်​တို့၌ တည်​တော်​မူ​သည်​ဟု ကိုယ်​အ​ကြောင်း​ကို ကိုယ်​မ​သိ​ကြ​သ​လော။- 6ငါ​တို့​သည် အ​စစ်​ခံ​နိုင်​သော​သူ​ဖြစ်​သည်​ကို သင်​တို့ သိ​ကြ​လိမ့်​မည်​ဟု ငါ​ထင်​မှတ်​မျှော်​လ​င့်​ခြင်း​ရှိ၏။- 7ငါ​တို့​သည် အ​စစ်​ခံ​နိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​သည်​မ​ဟုတ်။ အ​စစ်​မ​ခံ​နိုင်​သော သူ​ကဲ့​သို့​ထင်​သော်​လည်း၊ သင်​တို့​သည် ကောင်း​မွန်​စွာ ကျင့်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ကျင့် တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​မည်​အ​ကြောင်း၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- 8ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ဆီး​တား​ခြင်း​ငှာ အ​လျှင်း​မ​တတ်​နိုင်​ကြ။- 9သ​မ္မာ​တ​ရား​ဘက်၌​နေ၍​သာ တတ်​နိုင်​ကြ၏။ ငါ​တို့​သည် အား​နည်း၍ သင်​တို့​သည် အား​ကြီး​သော​အ​ခါ၊ ငါ​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။ သင်​တို့​သည် စုံ​လင်​မည်​အ​ကြောင်း​ကို​သာ အ​လို​ရှိ​ကြ၏။- 10ထို​ကြောင့် ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်၊ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ရှိ​သည်​အ​တိုင်း ငါ​သည် ရောက်​လာ​သော​အ​ခါ ပြင်း​စွာ​သော​ဒဏ်​ကို မ​ပေး​လို၍၊ ယ​ခု​သင်​တို့​နှင့် ကွာ​ဝေး​သေး​သည်​ကာ​လ ဤ​သို့ ငါ​ရေး​လိုက်၏။
11ကြွင်း​သေး​သော​စ​ကား ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သင်​တို့၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ စုံ​လင်​ခြင်း၊ သက်​သာ​ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့။ စိတ်​တ​ညီ​တ​ညွတ်​တည်း ဖြစ်၍၊ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ သို့​ဖြစ်၍ မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​သင့်​အ​တင့်​နေ​ခြင်း ချမ်း​သာ​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လ​တ္တံ့။- 12အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။- 13သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။- 14သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ မိတ်​သ​ဟာ​ယ​တော်​လည်း​ကောင်း၊ သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။
ကော​ရိ​န္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။