YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 12

12
ရူ​ပါ​ရုံ​နှ​င့်​ဗျာ​ဒိတ်​တော်​များ
1ငါ​သည် ဝါ​ကြွား​ခြင်း​ကို​မ​ပြု​သင့်​လျှင်၊ သ​ခင်​ဘု​ရား​ပြ​တော်​မူ​သော ထူး​ဆန်း​သော​ရူ​ပါ​ရုံ​နှင့် ဗျာ​ဒိတ်​တော်​များ​ကို တစ်​ဖန် ပြော​ဦး​မည်။- 2တစ်​ဆယ်​လေး​နှစ်​အ​ထက်​က၊ ခ​ရစ်​တော်၏ တ​ပည့်​ဖြစ်​သော လူ​တစ်​ယောက်​ကို တ​တိ​ယ​ကောင်း​ကင်​သို့​တိုင်​အောင် ချီ​ဆောင်​သည်​အ​ကြောင်း​ကို ငါ​သိ၏။ ထို​အ​ခါ​သူ၌ ကိုယ်​ခ​န္ဓာ​ပါ​သည် မ​ပါ​သည်​ကို ငါ​မ​သိ။ ဘု​ရား​သ​ခင် သိ​တော်​မူ၏။- 3-4ထို​သူ​သည် ပ​ရ​ဒိ​သု​ဘုံ​သို့ ချီ​ဆောင်​ခြင်း​ကို​ခံ​ရ၍၊ လူ​မ​ပြော​အပ် မ​ပြော​နိုင်​သော​စ​ကား​ကို ကြား​သည် အ​ကြောင်း​ကို​ငါ​သိ၏။ ထို​အ​ခါ ကိုယ်​ခ​န္ဓာ​ပါ​သည် မ​ပါ​သည်​ကို ငါ​မ​သိ၊ ဘု​ရား​သ​ခင် သိ​တော်​မူ၏။- 5ထို​သို့​သော​သူ​ကို ဝါ​ကြွား​မည်။ နွမ်း​ရိ​အား​နည်း​ခြင်း​မှ​တစ်​ပါး ကိုယ်​ဂုဏ်​ကို မ​ဝါ​ကြွား။- 6ဝါ​ကြွား​ခြင်း​ငှာ အ​လို​ရှိ​လျှင်​လည်း၊ သူ​ရူး​ဖြစ်​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဟုတ်​မှန်​စွာ ပြော​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​မြင်​သည်​ထက်၊ ငါ့​သ​တင်း​ကို ကြား​သည်​ထက်၊ ငါ့​ကို သာ၍ မ​ထင်​စေ​ခြင်း​ငှာ ငါ​မ​ပြော​ဘဲ​နေ၏။- 7ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။- 8ထို​ဆင်း​ရဲ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သုံး​ကြိမ်​မြောက်​အောင် သ​ခင်​ဘု​ရား​ကို ငါ​ဆု​တောင်း၍ အ​သ​နား​တော်​ခံ​ပြီး​လျှင်၊- 9ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။- 10သို့​ဖြစ်၍ ခ​ရစ်​တော်​ကြောင့်​ခံ​ရ​သော အား​နည်း​ခြင်း၊ ကဲ့​ရဲ့​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ကျပ်​တည်း​စွာ​သော ဒု​က္ခ​ဝေ​ဒ​နာ​ခံ​ခြင်း​တို့​ကို ငါ​နှစ်​သက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အား​နည်း​သော​အ​ခါ တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ၏။
ကော​ရိ​န္သု​အ​သင်း​သား​များ​အ​တွက်​ပေါ​လု​စိုး​ရိမ်​ခြင်း
11ငါ​သည် ဝါ​ကြွား​တတ်​သော သူ​ရူး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​နိုင်​အ​ထက်​ဖြစ်​စေ​ကြ​ပြီ။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​ချီး​မွမ်း​ခြင်း​ကို ငါ​ခံ​သင့်၏။ ငါ​သည် ဘာ​မျှ​မ​ဟုတ်​သော်​လည်း၊ အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​မ​ညံ့။- 12အ​ကယ်​စင်​စစ် သည်း​ခံ​ခြင်း​နှင့်​တ​ကွ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု၊ ထူး​ဆန်း​သော တန်​ခိုး​များ​အား​ဖြင့် တ​မန်​တော်၏​လ​က္ခ​ဏာ​တို့​ကို သင်​တို့​တွင် ထင်​ရှား​စွာ​ပြ​ပြီ။- 13ငါ​သည်​သင်​တို့​ကို မ​နှောင့်​ယှက်​သော အ​ရာ​တစ်​ခု​ကို ထား​လျှင်၊ သင်​တို့​သည် အ​ခြား​သော အ​သင်း​တော်​ထက် အ​ဘယ်​သို့​ယုတ်​ညံ့​သ​နည်း။ ထို​သို့ ငါ​ပြစ်​မှား​သော​အ​ပြစ်​ကို သည်း​ခံ​ကြ​လော့။- 14ဤ​တ​တိ​ယ​အ​ကြိမ် သင်​တို့​ဆီ​သို့​သွား​ခြင်း​ငှာ ငါ​သည်​အ​သင့်​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​မည်​ဟု အ​ကြံ​မ​ရှိ။ သင်​တို့​ဥ​စ္စာ​ကို ငါ​ရှာ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ ရှာ၏။ သား​သ​မီး​တို့​သည် မိ​ဘ​အ​တွက် ဥ​စ္စာ​ကို ဆည်း​ပူး​ရ​သည်​မ​ဟုတ်။ မိ​ဘ​တို့​သည် သား​သ​မီး​တို့​အ​တွက် ဆည်း​ပူး​ရ၏။- 15ငါ​သည်​သင်​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ် တိုး​ပွား​သည်​အ​တိုင်း သင်​တို့​သည် ငါ့​ကို​ချစ်​ခြင်း​မေ​တ္တာ​စိတ် ဆုတ်​ယုတ်​သော်​လည်း၊ သင်​တို့ စိတ်​ဝိ​ညာဉ်၏ အ​ကျိုး​အ​လို​ငှာ ငါ​သည် ကိုယ်​ဥ​စ္စာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​လည်း​ကောင်း၊ ကုန်​စေ​ခြင်း​ငှာ အ​လွန်​စေ​တ​နာ​ရှိ၏။
16သင်​တို့​ကို ငါ​မ​နှောင့်​ယှက်​သည် မှန်​စေ​တော့။ သို့​သော်​လည်း၊ လိ​မ္မာ​သော​သူ​ဖြစ်၍ ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို​ဖမ်း​ဆီး​ပြီ​ဟု​ဆို​လျှင်၊- 17တစ်​စုံ​တစ်​ယောက်​သော​သူ​ကို သင်​တို့​ဆီ​သို့ စေ​လွှတ်၍၊ သင်​တို့၏​ဥ​စ္စာ​ကို ပ​ရိ​ယာယ်​အား​ဖြင့် ငါ​ယူ​သ​လော။- 18တိ​တု​သည် သင်​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း ငါ​တောင်း​ပန်၍၊ သူ​နှင့်​တ​ကွ အ​ခြား​သော ညီ​တစ်​ယောက်​ကို စေ​လွှတ်၏။ တိ​တု​သည် ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့၏​ဥ​စ္စာ​ကို ယူ​သ​လော။ ငါ​တို့​သည် စိတ်​သ​ဘော​ချင်း​တူ၍ ကျင့်​ကြ​သည် မ​ဟုတ်​လော။ တစ်​လမ်း​တည်း လိုက်​ကြ​သည် မ​ဟုတ်​လော။
19တစ်​ဖန်​တုံ၊ ငါ​တို့​သည် သင်​တို့​ရှေ့၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​သည်​ဟု ထင်​ကြ​သ​လော။ ခ​ရစ်​တော်​ကို​ထောက်၍ ဘု​ရား​သ​ခင်​ရှေ့၌ ငါ​တို့ ပြော​ကြ၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ​မှာ သင်​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ ပြု​ကြ၏။- 20ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊- 21အ​ထက်​က​ပြစ်​မှား၍ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို ပြု​မိ၍၊ ယ​ခု​တိုင်​အောင် နောင်​တ​မ​ရ​သော​သူ​အ​များ​ကြောင့် ငါ​စိတ်​မ​သာ ညည်း​တွား​ရ​သ​ဖြင့်၊ သင်​တို့​ရှေ့၌ ဘု​ရား​သ​ခင်​သည် ငါ့​ကို​နှိမ့်​ချ​တော်​မူ​မည် ဟူ၍​လည်း​ကောင်း စိုး​ရိမ်​ခြင်း​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။