YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 11

11
ပေါ​လု​နှ​င့်​မိ​စ္ဆာ​တ​မန်​တော်​များ
1ငါ​မိုက်​မဲ​သော​အ​ပြစ်​ကို သင်​တို့​သည် ခ​ဏ​သည်း​ခံ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ခ​ဏ သည်း​ခံ​ကြ​ပါ​လော့။- 2အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို သီ​လ​နှင့်​ပြည့်​စုံ​သော သ​တို့​သ​မီး​က​ညာ​ကဲ့​သို့ ခ​ရစ်​တော်​အား ဆက်​အံ့​သော​ငှာ၊ သင်​တို့​ကို လင်​တစ်​ဦး​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​သော​ကြောင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း စိုး​ရိမ်​သော​စိတ်​နှင့် သင်​တို့​ကို စောင့်​ရှောက်​လျက် နေ၏။- 3မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။- 4သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​သူ​သည် ငါ​တို့ မ​ဟော​မ​ပြော​သေး​သော ယေ​ရှု​တစ်​ပါး​ကို ဟော​ပြော​သော်​လည်း​ကောင်း၊ သင်​တို့​သည် မ​ခံ​ရ​သေး​သော ဝိ​ညာဉ်​တော်​တစ်​ပါး​ကို ခံ​ရ​သော်​လည်း​ကောင်း၊ နား​မ​ထောင်​သေး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​စ​ကား​ကို နား​ထောင်​သော်​လည်း​ကောင်း၊ ထို​သူ​ကို သည်း​ခံ​ကောင်း၏။
5ငါ​သည် အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​သည်​ကို ငါ​သ​ဘော​ရှိ၏။- 6စ​ကား​အား​ဖြင့် လူ​ရိုင်း​ဟုတ်​သော်​လည်း၊ ပ​ညာ​အား​ဖြင့် လူ​ရိုင်း​မ​ဟုတ်။ သင်​တို့​တွင် အ​ရာ​ရာ၌ ငါ​တို့​သည်​အ​စဉ် ကိုယ်​ကို​ကိုယ်​ထင်​ရှား​စွာ ပြ​ကြ​ပြီ။- 7သင်​တို့​ကို ချီး​မြှောက်​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​လျက်၊ ကျေး​ဇူး​ဆပ်​ခြင်း​ကို မ​ခံ​ဘဲ၊ သင်​တို့​အား ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သည်​အ​ရာ​မှာ ငါ​သည် အ​ပြစ်​ရှိ​သ​လော။- 8သင်​တို့​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ခြား​သော​အ​သင်း​တော်​များ ပေး​သော​စ​ရိတ်​ကို ငါ​ခံ၍၊ သူ​တို့​ကို လု​ယူ​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။- 9သင်​တို့​နှင့်​အ​တူ​ရှိ​နေ၍ တစ်​စုံ​တစ်​ခု​ကို​လို​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ ငါ​မ​နှောင့်​ယှက်။ အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​က​လာ​သော ညီ​အစ်​ကို​တို့​သည် ငါ​လို​သ​မျှ​ကို​ပေး​ကြ၏။ သင်​တို့​ကို အ​လျှင်း​မ​နှောင့်​ယှက်​ဘဲ သ​တိ​နှင့်​နေ​ခဲ့​ပြီ။ နောင်၌​လည်း သ​တိ​နှင့်​နေ​ဦး​မည်။- 10ခ​ရစ်​တော်၏​သ​စ္စာ​တ​ရား​သည် ငါ၌ ရှိ​သည်​ဖြစ်၍၊ အ​ခါ​ယ​ပြည်​များ​တို့၌ ဤ​သို့ ငါ​ဝါ​ကြွား​သည်​အ​မှု​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​ရ။- 11အ​ဘယ်​ကြောင့်​နည်း၊ သင်​တို့​ကို​ငါ​မ​ချစ်​သ​လော။ ဘု​ရား​သ​ခင် သိ​တော်​မူ၏။
12အ​ခွင့်​ရ​လို​သော​သူ​တို့​သည် အ​ခွင့်​မ​ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဝါ​ကြွား​ခြင်း​အ​ရာ၌ သူ​တို့​သည် ငါ​ကဲ့​သို့ ထင်​ရှား​စွာ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ပြု​ခဲ့​ပြီး​သည်​အ​တိုင်း အ​စဉ်​ပြု​ဦး​မည်။- 13အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် မိ​စ္ဆာ​တ​မန်​တော်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​တ​မန် ဖြစ်​ယောင်​ဆောင်၍ လှည့်​ဖြား​တတ်​သော အ​မှု​စောင့်​ဖြစ်​ကြ၏။- 14ဤ​အ​မှု​သည် အံ့​ဩ​ဖွယ်​ဖြစ်​သည်​မ​ဟုတ်။ စာ​တန်​ပင်​လျှင် လင်း​သော​ကောင်း​ကင်​တ​မန် ဖြစ်​ယောင်​ဆောင်​တတ်၏။- 15သို့​ဖြစ်၍ သူ၏​ဆ​ရာ​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော​သော​ဆ​ရာ ဖြစ်​ယောင်​ဆောင်​လျှင်၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​အ​တိုင်း နောက်​ဆုံး၌​အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​ကြ​လ​တ္တံ့။
ပေါ​လု​ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​များ
16တစ်​ဖန် ငါ​ဆို​သည်​ကား၊ ငါ့​ကို​သူ​ရူး​ဖြစ်​သည်​ဟု အ​ဘယ်​သူ​မျှ မ​ထင်​စေ​နှင့်။ သို့​မ​ဟုတ် ငါ​ဝါ​ကြွား​စ​ရာ အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ခြင်း​ငှာ ငါ့​ကို​သူ​ရူး​ကဲ့​သို့ မှတ်၍ သည်း​ခံ​ကြ​လော့။- 17ဤ​သို့​ငါ​ပြော​သော​စ​ကား​မှာ သ​ခင်​ဘု​ရား၏​နည်း​တူ ငါ​ပြော​သည်​မ​ဟုတ်။ သူ​ရူး​ကဲ့​သို့ ရဲ​ရင့်​စွာ ဝါ​ကြွား​လျက်​ပြော​ဆို၏။
18လူ​များ​တို့​သည် လော​ကီ​အ​ခြင်း​အ​ရာ၌ ဝါ​ကြွား​သော​ကြောင့် ငါ​သည်​လည်း​ဝါ​ကြွား​ရ၏။- 19သင်​တို့​သည်​လိ​မ္မာ​သော​သူ​ဖြစ်​သော​ကြောင့်၊ သူ​ရူး​တို့​ကို စေ​တ​နာ​စိတ်​နှင့် သည်း​ခံ​ကြ၏။- 20သူ​တစ်​ပါး​သည် သင်​တို့​ကို ကျွန်​ခံ​စေ​ခြင်း၊ ရောင်း၍​စား​ခြင်း၊ ဥ​စ္စာ​ကို​လု​ယူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ ပါး​ပုတ်​ခြင်း​ကို​ပြု​လျှင် သင်​တို့​သည် သည်း​ခံ​ကြ၏။- 21ငါ​တို့​သည်​အ​စွမ်း​သ​တ္တိ​မ​ရှိ​ဟု ကဲ့​ရဲ့​ခြင်း​ကို အ​မှတ်​ပြု၍ ငါ​ပြော၏။ အ​ကြင်​အ​ရာ​ကို သူ​တစ်​ပါး မှီ​ဝဲ၍ ရဲ​ရင့်၏။ ထို​အ​ရာ​ကို​ငါ​မှီ​ဝဲ၍ ရဲ​ရင့်​ခြင်း​ရှိ၏​ဟု သူ​ရူး​ကဲ့​သို့​ငါ​ဆို၏။- 22သူ​တို့​သည် ဟေ​ဗြဲ​လူ​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် ဣ​သ​ရေ​လ​လူ ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။ သူ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သ​လော။ ငါ​သည်​လည်း ဖြစ်၏။- 23သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။- 24ငါး​ကြိမ်​မြောက်​အောင် ယု​ဒ​လူ​တို့​လက်​တွင် ဒဏ်​ချက် လေး​ဆယ်​တစ်​ခု​ယုတ် ငါ​ခံ​ခဲ့​ရ​ပြီ။- 25သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။- 26အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။- 27ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။
28ထို​အ​မှု​မှ​တစ်​ပါး၊ အ​သင်း​တော်​အ​ပေါင်း​တို့​ကို စိုး​ရိမ်​သော​စိတ်​နှင့် ကြည့်​ရှု​ပြု​စု၍ နေ့​တိုင်း​အ​စဉ် နှောင့်​ယှက်​ခြင်း​ကို ငါ​ခံ​ခဲ့​ရ၏။- 29ငါ​မ​နွမ်း​ရိ​ဘဲ အ​ဘယ်​သူ နွမ်း​ရိ​သ​နည်း။ ငါ​သည် စိတ်​မ​ပူ​ပန်​ဘဲ အ​ဘယ်​သူ ဖောက်​ပြန်​သ​နည်း။- 30ငါ​သည် မ​ဝါ​ကြွား​ဘဲ မ​နေ​ရ​သည်​မှန်​လျှင်၊ ကိုယ်​နွမ်း​ရိ​သော​အ​ဖြစ်​ကို​သာ အ​ကြောင်း​ပြု၍ ဝါ​ကြွား​မည်။- 31ငါ​သည် မု​သား​မ​ပြော​သည်​ကို ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင် သိ​တော်​မူ၏။
32ဒ​မာ​သက်​မြို့၌ အ​ရေ​တ​မင်း​ကြီး​ခန့်​ထား​သော မြို့​ဝန်​သည် ငါ့​ကို ဖမ်း​ဆီး​ခြင်း​ငှာ​အ​လို​ရှိ၍၊ ဒ​မာ​သက်​မြို့​ကို​စောင့်​စဉ်​တွင်၊- 33တ​ပည့်​တော်​တို့​သည် ငါ့​ကို​တောင်း၌ ထည့်​ပြီး​လျှင်၊ ပြတင်း​ပေါက်​မှ​ထုတ်၍ မြို့​ရိုး​ပေါ်​က လျှော့​ချ​သ​ဖြင့် ထို​မြို့​ဝန်​လက်​မှ ငါ​ပြေး၍​လွတ်​ရ၏။

လက်ရှိရွေးချယ်ထားမှု

၂ ကောရိန္သု 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။