YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 1:11-19

ဂလာတိ 1:11-19 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် လူ​တို့၏​တ​ရား​မ​ဟုတ်။- လူ​ထံ​မှာ ငါ​ခံ​ရ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်၏ ဗျာ​ဒိတ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဥ​ပ​ဒေ​သ​ကို ငါ​မ​ခံ သည်​အ​ကြောင်း​ကို သင်​တို့​အား ငါ​ကြား​လိုက်၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ အ​ထက်​က ယု​ဒ​ဘာ​သာ၌​နေ၍ ငါ​ကျင့်​သော​အ​ကျင့်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန် ညှဉ်း​ဆဲ​ဖျက်​ဆီး ကြောင်း​ကို​လည်း​ကောင်း၊- ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။- သို့​သော်​လည်း၊ ငါ့​ကို အ​မိ​ဝမ်း​ထဲ​က​ပင် ရွေး​ချယ်​ခွဲ​ထား၍ ကျေး​ဇူး​တော်​အား​ဖြင့် ခေါ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊- သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့၌ ဟော​ပြော​စေ​မည်​အ​ကြောင်း၊ မိ​မိ​အ​လို​တော် နှင့်​အ​ညီ သား​တော်​ကို ငါ့​အား ပြ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​အ​သွေး​အ​သား​နှင့် တိုင်​ပင်​ခြင်း​ကို​မ​ပြု။- ငါ့​အ​ရင် တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​မ​သွား၊ အာ​ရပ်​ပြည်​သို့ ချက်​ချင်း​သွား၍ တစ်​ဖန် ဒ​မာ​သက်​မြို့​သို့ ပြန်​လေ၏။- ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။- သူ​နှင့် သ​ခင်​ဘု​ရား၏​ညီ​တော် ယာ​ကုပ်​မှ​တစ်​ပါး အ​ခြား​သော တ​မန်​တော်​တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့​မ​မြင်။

ဂလာတိ 1:11-19 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​ကြေ​ညာ သော​သ​တင်း​ကောင်း​သည် လူ​တီ​ထွင်​သည့်​သ​တင်း ကောင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့​အား​ဖော်​ပြ​မည်။- ထို​သ​တင်း​ကောင်း​ကို​ငါ​သည်​မည်​သည့်​လူ တစ်​စုံ​တစ်​ယောက်​ထံ​က​မျှ​ရ​သည်​မ​ဟုတ်။ မည်​သူ​မျှ​လည်း​ငါ့​ကို​သင်​ကြား​၍​မ​ပေး။ ထို သ​တင်း​ကောင်း​ကို​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် ငါ့​အား​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ပေး​အပ်​တော် မူ​၏။ ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။- ဘာ​သာ​တ​ရား​ကို​လက်​တွေ့​ကျင့်​သုံး​ရာ​တွင် ငါ သည်​မိ​မိ​နှင့်​သက်​တူ​ရွယ်​တူ​ယု​ဒ​အ​မျိုး​သား အ​များ​တို့​ထက် ပို​၍​စိတ်​အား​ထက်​သန်​စွာ​ဘိုး ဘေး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် လျှောက်​ခဲ့​၏။ သို့​ရာ​တွင်​မ​မွေး​မီ​က​ပင်​လျှင်​ဘု​ရား​သ​ခင်​သည် ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​အား​ရွေး​ချယ်​၍​အ​မှု တော်​ဆောင်​ရန်​ခေါ်​ယူ​တော်​မူ​၏။ ထို​နောက်​လူ​မျိုး ခြား​တို့​အား​သား​တော်​၏​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​နိုင်​စေ​ရန် မိ​မိ​၏ အ​လို​တော်​နှင့်​အ​ညီ​ငါ့​အား ထို​သား​တော်​ကို ဖူး​မြင်​ခွင့်​ပေး​တော်​မူ​၏။ ထို​အ​ခါ​ငါ​သည် အ​ဘယ်​သူ​၏​ထံ​၌​မျှ​အ​ကြံ​ဉာဏ်​မ​တောင်း ခံ​ခဲ့။- ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။- သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။- သို့​ရာ​တွင်​ငါ​သည်​သ​ခင်​ဘု​ရား​၏​ညီ​တော် ယာ​ကုပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​တ​မန်​တော် နှင့်​မျှ​မ​တွေ့​မ​ဆုံ​ခဲ့။

ဂလာတိ 1:11-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​သည် လူ​က​ဖန်တီး​ထား​သော​အရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။ အကြောင်းမူကား ၎င်း​ကို လူ့​ထံမှ ငါ​ရရှိ​ခဲ့​သည်​မ​ဟုတ်။ သင်ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​အားဖြင့်​သာ ငါ​ရရှိ​ခဲ့​၏။ ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊ ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။ သို့သော် အမိ​ဝမ်း​ထဲ၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီးသန့်​ရွေးချယ်​ထား​၍ မိမိ​၏​ကျေးဇူး​တော်​အားဖြင့် ငါ့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​သည် မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။ ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။ ထို့နောက် သုံး​နှစ်​လွန်​ပြီးမှ ကေဖ​နှင့်​အကျွမ်းဝင်​စေရန် ဂျေရုဆလင်​မြို့​သို့​သွား​၍ သူ​နှင့်အတူ တစ်ဆယ့်ငါး​ရက်​နေ​ခဲ့​၏။ သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။