YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 1:11-19

ဂလာတိဩဝါဒစာ 1:11-19 MSBU

ညီအစ်ကို​တို့၊ ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​သည် လူ​က​ဖန်တီး​ထား​သော​အရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။ အကြောင်းမူကား ၎င်း​ကို လူ့​ထံမှ ငါ​ရရှိ​ခဲ့​သည်​မ​ဟုတ်။ သင်ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​အားဖြင့်​သာ ငါ​ရရှိ​ခဲ့​၏။ ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊ ငါ​သည် ဂျူး​ဘာသာ​တရား​၌ ငါ့​လူမျိုး​ထဲ​ရှိ​သက်တူရွယ်တူ​များ​ထက် သာလွန်​ပြီး ငါ့​ဘိုးဘေး​တို့​၏​ဓလေ့​ထုံးတမ်း​များ​နှင့်​ပတ်သက်၍ အလွန်​စိတ်အား​ထက်သန်​ခဲ့​သည်​ကို​လည်းကောင်း သင်​တို့​ကြားသိ​ထား​၏။ သို့သော် အမိ​ဝမ်း​ထဲ၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီးသန့်​ရွေးချယ်​ထား​၍ မိမိ​၏​ကျေးဇူး​တော်​အားဖြင့် ငါ့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​သည် မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။ ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။ ထို့နောက် သုံး​နှစ်​လွန်​ပြီးမှ ကေဖ​နှင့်​အကျွမ်းဝင်​စေရန် ဂျေရုဆလင်​မြို့​သို့​သွား​၍ သူ​နှင့်အတူ တစ်ဆယ့်ငါး​ရက်​နေ​ခဲ့​၏။ သို့သော် အခြား​မည်သည့်​တမန်တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သခင်​ဘုရား​၏​ညီ​တော်​ယာကုပ်​ကို​သာ​တွေ့​ခဲ့​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။