ထွက်မြောက်ရာ 5:15-23
ထွက်မြောက်ရာ 5:15-23 Judson Bible (JBMLE)
ထိုအခါ၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည်၊ ဖာရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်း။ ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သောသူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟုဆိုသဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာအပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။ ဖာရောဘုရင်ကလည်း၊ သင်တို့သည် ပျင်းရိသည်၊ ပျင်းရိသည်။ ထိုကြောင့် ငါတို့သည်သွား၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ဆိုတတ်ကြ၏။ သို့သောကြောင့် ယခုသွား၍လုပ်ကြ။ ကောက်ရိုးကိုမပေးရ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။ ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။ ဖာရောမင်းထံမှထွက်သွားကြစဉ်၊ လမ်း၌စောင့်လျက်နေသော မောရှေနှင့် အာရုန်ကိုတွေ့လျှင်၊ ထာဝရဘုရားသည် သင်တို့ကိုကြည့်ရှု၍ စီရင်တော်မူပါစေသော။ အကြောင်းမူကား၊ ဖာရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှာလည်းကောင်း၊ ငါတို့ကို သတ်ရသောအခွင့်ရှိစေခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ၏။ မောရှေသည်လည်း၊ ထာဝရဘုရားထံတော်သို့သွား၍၊ အိုဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့်ညှဉ်းဆဲတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။ အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့်ပြောခြင်းငှာ၊ ဖာရောမင်းထံသို့ ဝင်သည်နေ့မှစ၍၊ သူသည် ဤလူမျိုးကိုညှဉ်းဆဲပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟုလျှောက်၏။
ထွက်မြောက်ရာ 5:15-23 Common Language Bible (BCL)
ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။- ကိုယ်တော်ကျွန်တို့အားကောက်ရိုးကိုမပေးဘဲ အုတ်ဖုတ်ရမည်ဟုအမိန့်ပေးပါသည်။ ကိုယ် တော်ကြောင့်ယခုကိုယ်တော်ကျွန်တို့အရိုက် အနှက်ခံနေရပါသည်'' ဟုလျှောက်ထား ကြ၏။ ထိုအခါဖာရောဘုရင်က``သင်တို့သည်ပျင်း၏။ အလွန်ပျင်းသောကြောင့်သင်တို့က`အကျွန်ုပ်တို့ ၏ထာဝရဘုရားအားယဇ်ပူဇော်ရန်သွားပါ ရစေ' ဟုတောင်းလျှောက်ကြ၏။- အလုပ်ခွင်သို့ပြန်သွားကြ။ သင်တို့အားကောက် ရိုးပေးမည်မဟုတ်။ သို့သော်ယခင်အုတ်အရေ အတွက်နှုန်းအတိုင်းထုတ်လုပ်ရမည်'' ဟုမိန့် ကြားလေ၏။- ယခင်နေ့စဉ်ထုတ်လုပ်သော အုတ်အရေအတွက် နှုန်းအတိုင်းထုတ်လုပ်ရမည်ဖြစ်ကြောင်းကို ကြားရသောအခါ ဣသရေလအမျိုးသား အလုပ်ကြပ်တို့သည်မိမိတို့၌ဒုက္ခရောက် မည့်အရေးကိုတွေ့မြင်လာကြလေသည်။ သူတို့သည်ဖာရောဘုရင်ထံမှထွက်ခွာလာ ကြသောအခါ သူတို့အားစောင့်နေသော မောရှေနှင့်အာရုန်တို့ကိုတွေ့လျှင်၊- ``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။ ထိုနောက်မောရှေသည်ထာဝရဘုရားထံတော် သို့``အို အရှင်ဘုရား၊ အဘယ်ကြောင့်ဤသူတို့ ကိုဒုက္ခရောက်စေပါသနည်း။ အကျွန်ုပ်အား အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။- အကျွန်ုပ်သည်ကိုယ်တော်၏အမိန့်တော်အရ ဖာရောဘုရင်ထံလျှောက်ထားသည့်အချိန်မှ စ၍ သူသည်ကိုယ်တော်၏လူမျိုးတော်ကိုနှိပ် စက်ခဲ့ပါပြီ။ သို့သော်လည်းကိုယ်တော်သည် သူတို့အားမည်သည့်အကူအညီကိုမျှ မပေးခဲ့ပါ'' ဟုလျှောက်ထားလေ၏။
ထွက်မြောက်ရာ 5:15-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများသည် ဖာရောမင်းကြီးထံသို့ဝင်၍ “အရှင်မင်းကြီး၏အစေအပါးတို့အား အဘယ်ကြောင့် ဤသို့ပြုပါသနည်း။ အရှင်မင်းကြီး၏အစေအပါးတို့အား ကောက်ရိုးကိုမပေးကြပါ။ သို့သော် ‘အုတ်များကိုလုပ်ကြလော့’ဟု အကျွန်ုပ်တို့အားဆိုကြပါ၏။ ကြည့်ပါလော့။ အရှင်မင်းကြီး၏အစေအပါးတို့သည် ရိုက်နှက်ခံရပါ၏။ အရှင်မင်းကြီး၏လူတို့၌သာ အပြစ်ရှိပါ၏”ဟု အော်ဟစ်ပြောဆိုကြ၏။ ဖာရောမင်းကြီးကလည်း “သင်တို့သည် ပျင်းရိသောသူများဖြစ်ကြ၏။ ပျင်းရိသောကြောင့် သင်တို့က ‘ထာဝရဘုရားအား သွား၍ယဇ်ပူဇော်ကြစို့’ဟု ဆိုကြ၏။ ယခုသွား၍ အလုပ်လုပ်ကြလော့။ သင်တို့အား ကောက်ရိုးကိုပေးမည်မဟုတ်။ သို့သော် သတ်မှတ်ထားသောအုတ်ပမာဏအတိုင်း သင်တို့လုပ်ပေးရမည်”ဟု ဆိုလေ၏။ ထိုသို့ “နေ့စဉ်လုပ်ရမည့်အုတ် မလျော့ရ”ဟု မိန့်ဆိုသဖြင့် အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူတို့သည် မိမိတို့ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိမြင်လေ၏။ ဖာရောမင်းကြီးထံမှ သူတို့ထွက်သွားသောအခါ သူတို့နှင့်တွေ့ဆုံရန် စောင့်နေကြသော အာရုန်နှင့်မောရှေကို တွေ့လျှင် “သင်တို့သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့တွင် ငါတို့ကို စက်ဆုပ်ရွံရှာဖွယ်အပုပ်ကောင်ဖြစ်စေပြီး ငါတို့ကိုသတ်ရန် သူတို့လက်ထဲသို့ ဓားထည့်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုကြည့်၍ တရားစီရင်တော်မူပါစေသော”ဟု သူတို့အား ဆို၏။ မောရှေသည် ထာဝရဘုရားထံသို့ပြန်လာ၍ “အို ဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ဒုက္ခရောက်စေတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုအမှီပြုပြီးပြောဆိုရန် ဖာရောမင်းကြီးထံဝင်သည့်အချိန်မှစ၍ သူသည် ဤလူမျိုးကိုဒုက္ခရောက်စေပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူမျိုးတော်ကို အလျှင်းကယ်နုတ်တော်မမူပါ”ဟု လျှောက်လေ၏။