ထိုအခါ အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများသည် ဖာရောမင်းကြီးထံသို့ဝင်၍ “အရှင်မင်းကြီး၏အစေအပါးတို့အား အဘယ်ကြောင့် ဤသို့ပြုပါသနည်း။ အရှင်မင်းကြီး၏အစေအပါးတို့အား ကောက်ရိုးကိုမပေးကြပါ။ သို့သော် ‘အုတ်များကိုလုပ်ကြလော့’ဟု အကျွန်ုပ်တို့အားဆိုကြပါ၏။ ကြည့်ပါလော့။ အရှင်မင်းကြီး၏အစေအပါးတို့သည် ရိုက်နှက်ခံရပါ၏။ အရှင်မင်းကြီး၏လူတို့၌သာ အပြစ်ရှိပါ၏”ဟု အော်ဟစ်ပြောဆိုကြ၏။ ဖာရောမင်းကြီးကလည်း “သင်တို့သည် ပျင်းရိသောသူများဖြစ်ကြ၏။ ပျင်းရိသောကြောင့် သင်တို့က ‘ထာဝရဘုရားအား သွား၍ယဇ်ပူဇော်ကြစို့’ဟု ဆိုကြ၏။ ယခုသွား၍ အလုပ်လုပ်ကြလော့။ သင်တို့အား ကောက်ရိုးကိုပေးမည်မဟုတ်။ သို့သော် သတ်မှတ်ထားသောအုတ်ပမာဏအတိုင်း သင်တို့လုပ်ပေးရမည်”ဟု ဆိုလေ၏။ ထိုသို့ “နေ့စဉ်လုပ်ရမည့်အုတ် မလျော့ရ”ဟု မိန့်ဆိုသဖြင့် အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူတို့သည် မိမိတို့ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိမြင်လေ၏။ ဖာရောမင်းကြီးထံမှ သူတို့ထွက်သွားသောအခါ သူတို့နှင့်တွေ့ဆုံရန် စောင့်နေကြသော အာရုန်နှင့်မောရှေကို တွေ့လျှင် “သင်တို့သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့တွင် ငါတို့ကို စက်ဆုပ်ရွံရှာဖွယ်အပုပ်ကောင်ဖြစ်စေပြီး ငါတို့ကိုသတ်ရန် သူတို့လက်ထဲသို့ ဓားထည့်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုကြည့်၍ တရားစီရင်တော်မူပါစေသော”ဟု သူတို့အား ဆို၏။ မောရှေသည် ထာဝရဘုရားထံသို့ပြန်လာ၍ “အို ဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ဒုက္ခရောက်စေတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုအမှီပြုပြီးပြောဆိုရန် ဖာရောမင်းကြီးထံဝင်သည့်အချိန်မှစ၍ သူသည် ဤလူမျိုးကိုဒုက္ခရောက်စေပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူမျိုးတော်ကို အလျှင်းကယ်နုတ်တော်မမူပါ”ဟု လျှောက်လေ၏။
ထွက်မြောက်ရာကျမ်း 5 ကိုဖတ်ပါ။
နားထောင်ပါ။ ထွက်မြောက်ရာကျမ်း 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာကျမ်း 5:15-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ