YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 5

5
ဖာ​ရော​ဘု​ရင်​ရှေ့​တော်​သို့
1ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။ 2ဖာ​ရော​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​လွှတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​သိ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​မ​လွှတ်​ဟု ဆို​လေ၏။ 3သူ​တို့​က​လည်း၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​သည် ကျွန်​တော်​တို့​နှင့် တွေ့​တော်​မူ​ပြီ။ တော​သို့​သုံး​ရက်​ခ​ရီး​သွား၍၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သို့​မ​ဟုတ် ကာ​လ​နာ​ဘေး၊ ဓား​ဘေး​တစ်​စုံ​တစ်​ခု​ဖြင့် ကျွန်​တော်​တို့​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို၏။ 4အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က​လည်း၊ မော​ရှေ​နှင့်​အာ​ရုန်၊ သင်​တို့​သည် ဤ​လူ​များ​တို့​ကို အ​ဘယ်​ကြောင့် အ​လုပ်​ပြတ်​စေ​သ​နည်း။ အ​မှု​တော်​ကို​သွား၍ ဆောင်​ရွက်​ကြ​ဟု မိန့်​တော်​မူ၏။ 5တစ်​ဖန်​လည်း​ပြည်​တော်၌ ထို​လူ​တို့​သည် ယ​ခု​များ​ကြ၏။ အ​မှု​မ​ထမ်း​စေ​ခြင်း​ငှာ သင်​တို့​သည် အ​ခွင့်​ပေး​ကြ​သည်​တ​ကား​ဟု ဖာ​ရော​ဘု​ရင်​ဆို၍၊ 6ထို​နေ့​ချင်း​တွင်​အ​အုပ်​အ​ချုပ်၊ အ​ကြပ်​အ​ဆော်​တို့​ကို​ခေါ်​ပြီး​လျှင်၊ 7အုတ်​လုပ်​စ​ရာ​ဖို့​ကောက်​ရိုး​ကို လူ​တို့​အား အ​ရင်​ပေး​သ​ကဲ့​သို့​မ​ပေး​နှင့်။ သူ​တို့​သည်​ကောက်​ရိုး​ကို ကိုယ်​ဖို့​ရှာ​ယူ​ကြ​စေ။ 8အုတ်​ကို​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် အ​ရင်​ကဲ့​သို့​လုပ်​စေ​ရ​မည်၊ အ​လျှင်း​မ​လျော့​စေ​နှင့်။ သူ​တို့​သည်​ပျင်း​ရိ​ကြ၏။ ထို​ကြောင့်​သွား၍ ငါ​တို့ ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​ကြ​စို့​ဟု ကြွေး​ကြော်​တတ်​ကြ၏။ 9သို့​ဖြစ်၍ စည်း​ကြပ်​လျက်​လုပ်​စေ​ကြ။ ပင်​ပန်း​စေ​ကြ။ လူ​မိုက်​စ​ကား​ကို နား​မ​ထောင်​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ 10အ​အုပ်​အ​ချုပ်​အ​ကြပ်​အ​ဆော်​တို့​သည် ထွက်၍၊ ဖာ​ရော​ဘု​ရင်​က ကောက်​ရိုး​ကို​ငါ​မ​ပေး။ 11ကောက်​ရိုး​ကို တွေ့​နိုင်​ရာ​အ​ရပ်၌​ရှာ​ကြ။ သို့​သော်​လည်း လုပ်​ရ​သော အ​လုပ်​အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဟု လူ​တို့​အား ပြန်​ကြား​ကြ၏။ 12သို့​ဖြစ်၍ လူ​တို့​သည် ကောက်​ရိုး​အ​တွက် အ​မှိုက်​ကို​ရှာ​ယူ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ၏။ 13အုပ်​ချုပ်​သော​သူ​တို့​က​လည်း၊ ကောက်​ရိုး​ကို​ရ​သည်​ကာ​လ၌ နေ့​တိုင်း​လုပ်​ရ​သည်​အ​တိုင်း၊ ပြီး​အောင်​လုပ်​ကြ​ဟု သူ​တို့​ကို​နှိုး​ဆော်​ကြ၏။ 14ဖာ​ရော​မင်း၏​အ​အုပ်​အ​ချုပ်​တို့​သည် ခန့်​ထား​သော ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​ကို သင်​တို့​သည် အ​ရင်​က​လုပ်​သည်​အ​တိုင်း၊ ယ​နေ့​နှင့် မ​နေ့၌ အုတ်​လုပ်​ရ​သော​အ​မှု​ကို အ​ဘယ်​ကြောင့် မ​ပြီး​စီး​စေ​ကြ​သ​နည်း​ဟု စစ်​၍​ရိုက်​ကြ၏။ 15ထို​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည်၊ ဖာ​ရော​မင်း​ထံ​သို့​သွား၍၊ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​တို့​ကို အ​ဘယ်​ကြောင့်​ဤ​သို့​စီ​ရင်​တော်​မူ​သ​နည်း။ 16ကိုယ်​တော်​ကျွန်​တို့​အား၊ ကောက်​ရိုး​ကို​မ​ပေး၊ အုပ်​ချုပ်​သော​သူ​တို့​က​လည်း၊ အုတ်​ကို​လုပ်​ကြ​ဟု​ဆို​သ​ဖြင့်၊ ကျွန်​တော်​တို့​သည် အ​ရိုက်​ခံ​ရ​ကြ​ပါ၏။ ကိုယ်​တော် လူ​တို့၌​သာ​အ​ပြစ်​ရှိ​ပါ​သည်​ဟု အော်​ဟစ်​ကြ၏။ 17ဖာ​ရော​ဘု​ရင်​က​လည်း၊ သင်​တို့​သည် ပျင်း​ရိ​သည်၊ ပျင်း​ရိ​သည်။ ထို​ကြောင့် ငါ​တို့​သည်​သွား၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ​စို့​ဟု သင်​တို့​ဆို​တတ်​ကြ၏။ 18သို့​သော​ကြောင့် ယ​ခု​သွား၍​လုပ်​ကြ။ ကောက်​ရိုး​ကို​မ​ပေး​ရ။ သို့​သော်​လည်း အုတ်​ကို​ပေး​မြဲ​ပေး​ရ​မည်​ဟု မိန့်​တော်​မူ၏။
19ထို​သို့​နေ့​တိုင်း​လုပ်​ရ​သော အုတ်​အ​ရေ​အ​တွက်၌ အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည် မိ​မိ​တို့၌ အ​မှု​ကြီး​ရောက်​ကြောင်း​ကို သိ​မြင်​ကြ၏။ 20ဖာ​ရော​မင်း​ထံ​မှ​ထွက်​သွား​ကြ​စဉ်၊ လမ်း၌​စောင့်​လျက်​နေ​သော မော​ရှေ​နှင့် အာ​ရုန်​ကို​တွေ့​လျှင်၊
မော​ရှေ​၏​ဆု​တောင်း​ချက်
21ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။ 22မော​ရှေ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​သွား၍၊ အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို အ​ဘယ်​ကြောင့်​ညှဉ်း​ဆဲ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် စေ​လွှတ်​တော်​မူ​သ​နည်း။ 23အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​ခွင့်​နှင့်​ပြော​ခြင်း​ငှာ၊ ဖာ​ရော​မင်း​ထံ​သို့ ဝင်​သည်​နေ့​မှ​စ၍၊ သူ​သည် ဤ​လူ​မျိုး​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။ ကိုယ်​တော်​သည် ကိုယ်​တော်၏​လူ​တို့​ကို အ​လျှင်း​ကယ်​လွှတ်​တော်​မ​မူ​ပါ​ဟု​လျှောက်၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။