YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 4:1-7

ထွက်မြောက်ရာ 4:1-7 Judson Bible (JBMLE)

မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။ မြေ​ပေါ်​မှာ​ပစ်​ချ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ပစ်​ချ​သ​ဖြင့်၊ လှံ​တံ​သည်​မြွေ​ဖြစ်၍၊ မော​ရှေ​သည် သူ့​ရှေ့​မှ​ပြေး​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​လက်​ကို​ဆန့်၍ သူ့​အ​မြီး​ကို​ကိုင်​ဖမ်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လက်​ကို​ဆန့်၍ ဖမ်း​မိ​သ​ဖြင့်၊ သူ၏​လက်၌ လှံ​တံ​ဖြစ်​ပြန်​လေ​၏။ သို့​ပြု​လျှင် သူ​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား ထင်​ရှား​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် ယုံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​လက်​ကို သင်၏​ရင်​ခွင်​သို့​သွင်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​ကို​ရင်​ခွင်​သို့​သွင်း၍​ထုတ်​ပြန်​သော​အ​ခါ၊ လက်​သည် မိုး​ပွင့်​အ​ဆင်း​ကဲ့​သို့ နူ​လေ​၏။ တစ်​ဖန်​သင်၏​လက်​ကို သင့်​ရင်​ခွင်​သို့​သွင်း​ဦး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​ဖန်​လက်​ကို​ရင်​ခွင်​သို့​သွင်း၍ ထုတ်​ပြန်​သော​အ​ခါ၊ ပ​က​တိ​အ​သား ဖြစ်​ပြန်​လေ၏။

ထွက်မြောက်ရာ 4:1-7 Common Language Bible (BCL)

မော​ရှေ​က``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ`သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး မြင်​ခဲ့​ရ​သည်​ဟု​ဆို​သည်​မှာ​မ​ဖြစ်​နိုင်' ဟု​ပြော ကြ​လျှင်​အ​ကျွန်ုပ်​မည်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု လျှောက်​ထား​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင့်​လက်​ထဲ​တွင်​မည်​သည့် အ​ရာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ မော​ရှေ​က``တောင်​ဝှေး​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တောင်​ဝှေး​ကို​မြေ​ပေါ်​သို့ ပစ်​ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် တောင်​ဝှေး​ကို​ပစ်​ချ​လိုက်​သော​အ​ခါ၊ တောင် ဝှေး​သည်​မြွေ​ဖြစ်​လာ​သ​ဖြင့်​သူ​သည်​လန့် ၍​ထွက်​ပြေး​လေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဆန့်​၍​မြွေ​အ​မြီး​ကို​ကိုင်​ဖမ်း​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​ဆန့်​၍ မြွေ​ကို​ကိုင်​ဖမ်း​လိုက်​သော​အ​ခါ လက်​ထဲ​၌ တောင်​ဝှေး​တစ်​ဖန်​ဖြစ်​လာ​ပြန်​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရှေ့​တွင် ထို​သို့​ပြု​လုပ်​ပြ​လော့။ သို့ မှ​သာ​လျှင်​သင်​သည်​သူ​တို့​ဘိုး​ဘေး​တို့​၏ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏ ဘု​ရား​ကို​ဖူး​မြင်​ခဲ့​ရ​ကြောင်း​သူ​တို့​ယုံ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဝတ်​ရုံ​အောက်​သို့​သွင်း​လော့'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​လုပ်​၏။ လက်​ကို​ပြန်​ထုတ်​လိုက်​သော​အ​ခါ လက်​သည်​အ​ရေ​ပြား​ရော​ဂါ​စွဲ​၍​မိုး​ပွင့် ကဲ့​သို့​ဖြူ​ဆွတ်​လာ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​လက် ကို​ဝတ်​ရုံ​အောက်​သို့​တစ်​ဖန်​သွင်း​လော့'' ဟု မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​သွင်း​၍ ပြန်​ထုတ်​သော​အ​ခါ​အ​ခြား​ကိုယ်​ခန္ဓာ​အ​စိတ် အ​ပိုင်း​များ​ကဲ့​သို့​ပ​က​တိ​အ​ကောင်း အ​တိုင်း​ပြန်​ဖြစ်​လေ​၏။

ထွက်မြောက်ရာ 4:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​က​လည်း “​သူ​တို့​သည် အကျွန်ုပ်​ကို​မ​ယုံ​၊ အကျွန်ုပ်​၏​စကား​ကို​လည်း​နား​မ​ထောင်​ဘဲ ‘​ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်​မ​မူ​’​ဟူ၍ ပြောဆို​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။ ကိုယ်တော်​က​လည်း “​တောင်ဝှေး​ကို မြေ​ပေါ်သို့ ပစ်ချ​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မြေ​ပေါ်သို့ ပစ်ချ​၏​။ ထိုအခါ တောင်ဝှေး​သည် မြွေ​ဖြစ်​သွား​သဖြင့် မောရှေ​သည် ထို​မြွေ​ရှေ့​မှ ထွက်ပြေး​လေ​၏​။ ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​၏​လက်​ကို​ဆန့်​၍ မြွေ​၏​အမြီး​ကို ဖမ်းကိုင်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် သူ​သည် မိမိ​၏​လက်​ကို​ဆန့်​၍ ဖမ်းဆွဲ​လိုက်​ရာ ထို​မြွေ​သည် သူ​၏​လက်​ထဲ၌ တောင်ဝှေး​ပြန်ဖြစ်​လေ​၏​။ ထာဝရဘုရား​က “ဤ​အမှု​ကို​ထောက်​၍ သူ​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်မူ​ကြောင်း သူ​တို့​ယုံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခု သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့​သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​၏​လက်​ကို ရင်ခွင်​ထဲသို့​သွင်း​ပြီး ပြန်ထုတ်​သောအခါ သူ​၏​လက်​သည် အနာကြီးရောဂါစွဲ​၍ နှင်းပွင့်​ကဲ့သို့​ဖြစ်​လေ​၏​။ ထိုအခါ ကိုယ်တော်​က “​သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့ ပြန်သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​လက်​ကို ရင်ခွင်​ထဲသို့ ပြန်သွင်း​ပြီး ပြန်ထုတ်​သောအခါ ပကတိ​အသားအရေ​အတိုင်း ပြန်ဖြစ်​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။