YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 4:1-7

ထွက်မြောက်ရာကျမ်း 4:1-7 MSBU

မောရှေ​က​လည်း “​သူ​တို့​သည် အကျွန်ုပ်​ကို​မ​ယုံ​၊ အကျွန်ုပ်​၏​စကား​ကို​လည်း​နား​မ​ထောင်​ဘဲ ‘​ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်​မ​မူ​’​ဟူ၍ ပြောဆို​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။ ကိုယ်တော်​က​လည်း “​တောင်ဝှေး​ကို မြေ​ပေါ်သို့ ပစ်ချ​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မြေ​ပေါ်သို့ ပစ်ချ​၏​။ ထိုအခါ တောင်ဝှေး​သည် မြွေ​ဖြစ်​သွား​သဖြင့် မောရှေ​သည် ထို​မြွေ​ရှေ့​မှ ထွက်ပြေး​လေ​၏​။ ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​၏​လက်​ကို​ဆန့်​၍ မြွေ​၏​အမြီး​ကို ဖမ်းကိုင်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် သူ​သည် မိမိ​၏​လက်​ကို​ဆန့်​၍ ဖမ်းဆွဲ​လိုက်​ရာ ထို​မြွေ​သည် သူ​၏​လက်​ထဲ၌ တောင်ဝှေး​ပြန်ဖြစ်​လေ​၏​။ ထာဝရဘုရား​က “ဤ​အမှု​ကို​ထောက်​၍ သူ​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်မူ​ကြောင်း သူ​တို့​ယုံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခု သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့​သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​၏​လက်​ကို ရင်ခွင်​ထဲသို့​သွင်း​ပြီး ပြန်ထုတ်​သောအခါ သူ​၏​လက်​သည် အနာကြီးရောဂါစွဲ​၍ နှင်းပွင့်​ကဲ့သို့​ဖြစ်​လေ​၏​။ ထိုအခါ ကိုယ်တော်​က “​သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့ ပြန်သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​လက်​ကို ရင်ခွင်​ထဲသို့ ပြန်သွင်း​ပြီး ပြန်ထုတ်​သောအခါ ပကတိ​အသားအရေ​အတိုင်း ပြန်ဖြစ်​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။