YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 4:1-13

ထွက်မြောက်ရာ 4:1-13 Judson Bible (JBMLE)

မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။ မြေ​ပေါ်​မှာ​ပစ်​ချ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ပစ်​ချ​သ​ဖြင့်၊ လှံ​တံ​သည်​မြွေ​ဖြစ်၍၊ မော​ရှေ​သည် သူ့​ရှေ့​မှ​ပြေး​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​လက်​ကို​ဆန့်၍ သူ့​အ​မြီး​ကို​ကိုင်​ဖမ်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လက်​ကို​ဆန့်၍ ဖမ်း​မိ​သ​ဖြင့်၊ သူ၏​လက်၌ လှံ​တံ​ဖြစ်​ပြန်​လေ​၏။ သို့​ပြု​လျှင် သူ​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား ထင်​ရှား​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် ယုံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​လက်​ကို သင်၏​ရင်​ခွင်​သို့​သွင်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​ကို​ရင်​ခွင်​သို့​သွင်း၍​ထုတ်​ပြန်​သော​အ​ခါ၊ လက်​သည် မိုး​ပွင့်​အ​ဆင်း​ကဲ့​သို့ နူ​လေ​၏။ တစ်​ဖန်​သင်၏​လက်​ကို သင့်​ရင်​ခွင်​သို့​သွင်း​ဦး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​ဖန်​လက်​ကို​ရင်​ခွင်​သို့​သွင်း၍ ထုတ်​ပြန်​သော​အ​ခါ၊ ပ​က​တိ​အ​သား ဖြစ်​ပြန်​လေ၏။ ထို​သူ​တို့​သည်​သင့်​ကို​မ​ယုံ၊ ပ​ထ​မ​နိ​မိတ်​သက်​သေ​ကို နား​မ​ထောင်​လျှင်၊ နောက်​ဖြစ်​သော​နိ​မိတ်​သက်​သေ​ကို ယုံ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် ထို​နိ​မိတ်​နှစ်​ပါး​ကို​မ​ယုံ၊ သင်၏​စ​ကား​ကို​နား​မ​ထောင်​လျှင်၊ သင်​သည် မြစ်​ရေ​အ​ချို့​ကို​ယူ၍ ကုန်း​ပေါ်​မှာ​သွန်း​လော့။ ထို​သို့ မြစ်​ထဲ​က​ယူ​သော​ရေ​သည် ကုန်း​ပေါ်​မှာ အ​သွေး​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ၏​နှုတ်​ကို​အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ စ​ကား​အ​သော​သူ၊ နား​ပင်း​သော​သူ၊ မျက်​စိ​မြင်​သော​သူ၊ မ​မြင်​သော​သူ​တို့​ကို အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊

ထွက်မြောက်ရာ 4:1-13 Common Language Bible (BCL)

မော​ရှေ​က``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ`သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး မြင်​ခဲ့​ရ​သည်​ဟု​ဆို​သည်​မှာ​မ​ဖြစ်​နိုင်' ဟု​ပြော ကြ​လျှင်​အ​ကျွန်ုပ်​မည်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု လျှောက်​ထား​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင့်​လက်​ထဲ​တွင်​မည်​သည့် အ​ရာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ မော​ရှေ​က``တောင်​ဝှေး​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တောင်​ဝှေး​ကို​မြေ​ပေါ်​သို့ ပစ်​ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် တောင်​ဝှေး​ကို​ပစ်​ချ​လိုက်​သော​အ​ခါ၊ တောင် ဝှေး​သည်​မြွေ​ဖြစ်​လာ​သ​ဖြင့်​သူ​သည်​လန့် ၍​ထွက်​ပြေး​လေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဆန့်​၍​မြွေ​အ​မြီး​ကို​ကိုင်​ဖမ်း​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​ဆန့်​၍ မြွေ​ကို​ကိုင်​ဖမ်း​လိုက်​သော​အ​ခါ လက်​ထဲ​၌ တောင်​ဝှေး​တစ်​ဖန်​ဖြစ်​လာ​ပြန်​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရှေ့​တွင် ထို​သို့​ပြု​လုပ်​ပြ​လော့။ သို့ မှ​သာ​လျှင်​သင်​သည်​သူ​တို့​ဘိုး​ဘေး​တို့​၏ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏ ဘု​ရား​ကို​ဖူး​မြင်​ခဲ့​ရ​ကြောင်း​သူ​တို့​ယုံ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဝတ်​ရုံ​အောက်​သို့​သွင်း​လော့'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​လုပ်​၏။ လက်​ကို​ပြန်​ထုတ်​လိုက်​သော​အ​ခါ လက်​သည်​အ​ရေ​ပြား​ရော​ဂါ​စွဲ​၍​မိုး​ပွင့် ကဲ့​သို့​ဖြူ​ဆွတ်​လာ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​လက် ကို​ဝတ်​ရုံ​အောက်​သို့​တစ်​ဖန်​သွင်း​လော့'' ဟု မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​သွင်း​၍ ပြန်​ထုတ်​သော​အ​ခါ​အ​ခြား​ကိုယ်​ခန္ဓာ​အ​စိတ် အ​ပိုင်း​များ​ကဲ့​သို့​ပ​က​တိ​အ​ကောင်း အ​တိုင်း​ပြန်​ဖြစ်​လေ​၏။- ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သင့်​ကို မ​ယုံ၊ သင်​ပ​ထ​မ​ဦး​စွာ​ပြ​သော​သက်​သေ ကို​လည်း​လက်​မ​ခံ​လျှင်​သင်​၏​ဒုတိယ​သက် သေ​ကို​လက်​ခံ​ကြ​လိမ့်​မည်။- အ​ကယ်​၍​သူ​တို့​သည်​ထို​သက်​သေ​နှစ်​မျိုး​စ​လုံး ကို​လက်​မ​ခံ၊ သင်​၏​စ​ကား​ကို​လည်း​နား​မ​ထောင် ကြ​သေး​လျှင်၊ သင်​သည်​နိုင်း​မြစ်​ထဲ​မှ​ရေ​ကို​ယူ ၍​ခြောက်​သွေ့​သော​ကုန်း​ပေါ်​သို့​လောင်း​ချ​လော့။ ထို​ရေ​သည်​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။- သင်​ယ​ခု​သွား​လော့။ သင့်​အား​နှုတ်​သတ္တိ​ကို ငါ​ပေး​မည်။ သင်​မည်​ကဲ့​သို့​ပြော​ရ​မည်​ကို ငါ​သွန်​သင်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​သော်​လည်း​မော​ရှေ​က``အ​ရှင်​ဘု​ရား၊ အ​ခြား သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​ပါ'' ဟု​တောင်း​ပန် လေ​၏။

ထွက်မြောက်ရာ 4:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မောရှေ​က​လည်း “​သူ​တို့​သည် အကျွန်ုပ်​ကို​မ​ယုံ​၊ အကျွန်ုပ်​၏​စကား​ကို​လည်း​နား​မ​ထောင်​ဘဲ ‘​ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်​မ​မူ​’​ဟူ၍ ပြောဆို​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။ ကိုယ်တော်​က​လည်း “​တောင်ဝှေး​ကို မြေ​ပေါ်သို့ ပစ်ချ​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မြေ​ပေါ်သို့ ပစ်ချ​၏​။ ထိုအခါ တောင်ဝှေး​သည် မြွေ​ဖြစ်​သွား​သဖြင့် မောရှေ​သည် ထို​မြွေ​ရှေ့​မှ ထွက်ပြေး​လေ​၏​။ ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​၏​လက်​ကို​ဆန့်​၍ မြွေ​၏​အမြီး​ကို ဖမ်းကိုင်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် သူ​သည် မိမိ​၏​လက်​ကို​ဆန့်​၍ ဖမ်းဆွဲ​လိုက်​ရာ ထို​မြွေ​သည် သူ​၏​လက်​ထဲ၌ တောင်ဝှေး​ပြန်ဖြစ်​လေ​၏​။ ထာဝရဘုရား​က “ဤ​အမှု​ကို​ထောက်​၍ သူ​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်မူ​ကြောင်း သူ​တို့​ယုံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခု သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့​သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​၏​လက်​ကို ရင်ခွင်​ထဲသို့​သွင်း​ပြီး ပြန်ထုတ်​သောအခါ သူ​၏​လက်​သည် အနာကြီးရောဂါစွဲ​၍ နှင်းပွင့်​ကဲ့သို့​ဖြစ်​လေ​၏​။ ထိုအခါ ကိုယ်တော်​က “​သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့ ပြန်သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​လက်​ကို ရင်ခွင်​ထဲသို့ ပြန်သွင်း​ပြီး ပြန်ထုတ်​သောအခါ ပကတိ​အသားအရေ​အတိုင်း ပြန်ဖြစ်​လေ​၏​။ ထာဝရဘုရား​က “​အကယ်၍ သူ​တို့​သည် သင့်​ကို​မ​ယုံ​၊ ပထမ​နိမိတ်လက္ခဏာ​ကို​လည်း မ​ယုံ​လျှင် နောက်​နိမိတ်လက္ခဏာ​ကို​ကား ယုံ​ကြ​လိမ့်မည်​။ သူ​တို့​သည် ဤ​နိမိတ်လက္ခဏာ​နှစ်ခုစလုံး​ကို​လည်း​မ​ယုံ​၊ သင်​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် နိုင်း​မြစ်​မှ​ရေ​ကို​ယူ​၍ ကုန်းမြေ​ပေါ်တွင် လောင်းချ​လော့​။ ထိုအခါ နိုင်း​မြစ်​မှ​ယူလာ​သော​ရေ​သည် ကုန်းမြေ​ပေါ်တွင် သွေး​ဖြစ်သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​က ထာဝရဘုရား​အား “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အကျွန်ုပ်​သည် ယခင်က​ဖြစ်စေ​၊ မနေ့က​ဖြစ်စေ​၊ ကိုယ်တော်​၏​အစေအပါး​အား ကိုယ်တော်​မိန့်ဆို​တော်မူ​သော​အချိန်​၌ပင်​ဖြစ်စေ စကားပြော​ကောင်း​သူ​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် နှုတ်​လေး​လျှာ​လေး​သော​သူ​လည်း ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​လူ​၏​နှုတ်​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ဆွံ့အ​သော​သူ​၊ နားမကြား​သော​သူ​၊ မျက်စိမြင်​သော​သူ​၊ မျက်စိမမြင်​သော​သူ​တို့​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ငါ​ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ ယခု သွား​လော့​။ ငါ​သည် သင့်​နှုတ်​နှင့်အတူ​ရှိ​မည်​။ သင်​ပြောဆို​ရ​မည့်​အရာ​ကို သင့်​အား ငါ​သွန်သင်​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အခြား​တစ်ယောက်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။