YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်​မြောက် 4:1-13

ထွက်​မြောက် 4:1-13 BCL

မော​ရှေ​က``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ`သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး မြင်​ခဲ့​ရ​သည်​ဟု​ဆို​သည်​မှာ​မ​ဖြစ်​နိုင်' ဟု​ပြော ကြ​လျှင်​အ​ကျွန်ုပ်​မည်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု လျှောက်​ထား​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင့်​လက်​ထဲ​တွင်​မည်​သည့် အ​ရာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ မော​ရှေ​က``တောင်​ဝှေး​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တောင်​ဝှေး​ကို​မြေ​ပေါ်​သို့ ပစ်​ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် တောင်​ဝှေး​ကို​ပစ်​ချ​လိုက်​သော​အ​ခါ၊ တောင် ဝှေး​သည်​မြွေ​ဖြစ်​လာ​သ​ဖြင့်​သူ​သည်​လန့် ၍​ထွက်​ပြေး​လေ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဆန့်​၍​မြွေ​အ​မြီး​ကို​ကိုင်​ဖမ်း​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​ဆန့်​၍ မြွေ​ကို​ကိုင်​ဖမ်း​လိုက်​သော​အ​ခါ လက်​ထဲ​၌ တောင်​ဝှေး​တစ်​ဖန်​ဖြစ်​လာ​ပြန်​လေ​သည်။- ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရှေ့​တွင် ထို​သို့​ပြု​လုပ်​ပြ​လော့။ သို့ မှ​သာ​လျှင်​သင်​သည်​သူ​တို့​ဘိုး​ဘေး​တို့​၏ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏ ဘု​ရား​ကို​ဖူး​မြင်​ခဲ့​ရ​ကြောင်း​သူ​တို့​ယုံ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဝတ်​ရုံ​အောက်​သို့​သွင်း​လော့'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​လုပ်​၏။ လက်​ကို​ပြန်​ထုတ်​လိုက်​သော​အ​ခါ လက်​သည်​အ​ရေ​ပြား​ရော​ဂါ​စွဲ​၍​မိုး​ပွင့် ကဲ့​သို့​ဖြူ​ဆွတ်​လာ​၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​လက် ကို​ဝတ်​ရုံ​အောက်​သို့​တစ်​ဖန်​သွင်း​လော့'' ဟု မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​သွင်း​၍ ပြန်​ထုတ်​သော​အ​ခါ​အ​ခြား​ကိုယ်​ခန္ဓာ​အ​စိတ် အ​ပိုင်း​များ​ကဲ့​သို့​ပ​က​တိ​အ​ကောင်း အ​တိုင်း​ပြန်​ဖြစ်​လေ​၏။- ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သင့်​ကို မ​ယုံ၊ သင်​ပ​ထ​မ​ဦး​စွာ​ပြ​သော​သက်​သေ ကို​လည်း​လက်​မ​ခံ​လျှင်​သင်​၏​ဒုတိယ​သက် သေ​ကို​လက်​ခံ​ကြ​လိမ့်​မည်။- အ​ကယ်​၍​သူ​တို့​သည်​ထို​သက်​သေ​နှစ်​မျိုး​စ​လုံး ကို​လက်​မ​ခံ၊ သင်​၏​စ​ကား​ကို​လည်း​နား​မ​ထောင် ကြ​သေး​လျှင်၊ သင်​သည်​နိုင်း​မြစ်​ထဲ​မှ​ရေ​ကို​ယူ ၍​ခြောက်​သွေ့​သော​ကုန်း​ပေါ်​သို့​လောင်း​ချ​လော့။ ထို​ရေ​သည်​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။- သင်​ယ​ခု​သွား​လော့။ သင့်​အား​နှုတ်​သတ္တိ​ကို ငါ​ပေး​မည်။ သင်​မည်​ကဲ့​သို့​ပြော​ရ​မည်​ကို ငါ​သွန်​သင်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​သော်​လည်း​မော​ရှေ​က``အ​ရှင်​ဘု​ရား၊ အ​ခြား သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​ပါ'' ဟု​တောင်း​ပန် လေ​၏။