YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 33:19-23

ထွက်မြောက်ရာ 33:19-23 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။ သို့​ရာ​တွင် သင်​သည်​ငါ့​မျက်​နှာ​ကို မ​မြင်​နိုင်​ရာ။ ငါ့​မျက်​နှာ​ကို​မြင်​လျှင် အ​သက်​ရှင်​ရ​သော လူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ ဟူ၍​လည်း​ကောင်း၊ ငါ့​အ​နား​မှာ​နေ​ရာ​တစ်​ခု​ရှိ၏။ သင်​သည်​ကျောက်​ပေါ်​မှာ​ရပ်​ရ​မည်။ ငါ့​ဘုန်း​လျှောက်​သွား​သော​အ​ခါ၊ သင့်​ကို​ကျောက်​ကြား၌ ငါ​သွင်း​ထား၍ ငါ​ကြွ​သွား​သည်​အ​ခိုက်၊ သင့်​ကို ငါ့​လက်​နှင့်​ဖုံး​အုပ်​မည်။ ငါ​လက်​ကို သိမ်း​ရုပ်​သော​အ​ခါ၊ ငါ့​ကျော​ကို​သာ​မြင်​ရ​မည်၊ ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။

ထွက်မြောက်ရာ 33:19-23 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ဂုဏ်​အ​သ​ရေ တော်​ရှိ​သ​မျှ​ကို​သင့်​အား​ပြ​သ​၍၊ ငါ​၏ နာ​မ​တော်​ကို​လည်း​သင့်​အား​ကြေ​ညာ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ သ​နား​ကြင်​နာ​လို​သူ​အား​သ​နား​ကြင် နာ​မည်။ ငါ​ကျေး​ဇူး​ပြု​လို​သူ​အား ကျေး​ဇူး​ပြု​မည်။ ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။- သို့​ရာ​တွင်​ငါ့​အ​နား​တွင်​ရှိ​သော​ကျောက် ဆောင်​ပေါ်​၌​ရပ်​နေ​လော့။- ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော် ဖြတ်​သန်း​သွား​သည့်​အ​ခါ၊ ငါ​သည်​သင့်​အား ကျောက်​ဆောင်​ကြား​တွင်​နေ​စေ​၍၊ ငါ​လွန် သွား​သည်​တိုင်​အောင်​သင့်​ကို​ငါ​၏​လက် တော်​ဖြင့်​ဖုံး​အုပ်​ထား​မည်။- ထို​နောက်​မှ​ငါ​၏​လက်​တော်​ကို​ရုပ်​သိမ်း​သ ဖြင့်၊ သင်​သည်​ငါ​၏​ကျော​ကို​ဖူး​မြင်​ရ​မည်။ ငါ​၏​မျက်​နှာ​ကို​မူ​ကား​မ​ဖူး​ရ'' ဟု​မိန့် တော်​မူ​၏။

ထွက်မြောက်ရာ 33:19-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​ငါ့​ကို​မြင်​သော​သူ​သည် အသက်​မ​ရှင်​ရ​။ သို့ဖြစ်၍ သင်​သည် ငါ့​မျက်နှာ​ကို မ​မြင်​နိုင်​”​ဟု မိန့်​တော်မူ​၏​။ ထို့ပြင် ထာဝရဘုရား​က “​ငါ့​အနီး​၌​ရှိ​သော​နေရာ​၊ ကျောက်ဆောင်​ပေါ်တွင် သင်​ရပ်​ရ​မည်​။ ငါ​၏​ဘုန်းအသရေ​ဖြတ်သွား​စဉ် သင့်​ကို ထို​ကျောက်ဆောင်​၏​အက်ကွဲကြောင်း​၌ ထား​၍ ငါ​ကျော်လွန်​သွား​သည်​အထိ သင့်​ကို ငါ့​လက်​ဖြင့် အုပ်မိုး​ထား​မည်​။ ငါ့​လက်​ကို​ရုပ်သိမ်း​သောအခါ သင်​သည် ငါ့​ကျော​ကို​သာ မြင်​ရ​လိမ့်မည်​။ ငါ့​မျက်နှာ​ကို​ကား မြင်​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။