YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 33

33
သိ​နာ​တောင်​မှ​ခ​ရီး​ဆက်​ရန်​အ​မိန့်
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော​လူ​တို့၊ ဤ​အ​ရပ်​မှ​ထွက်၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်၌ ငါ​ကျိန်​ဆို​သော​ပြည်​သို့ သွား​ကြ​လော့။#(က)။ က၊ ၁၂:၇။ (ခ)။ က၊ ၂၆:၃။ (ဂ)။ က၊ ၂၈:၁၃။ 2ကောင်း​ကင်​တ​မန်​ကို​လည်း သင်​တို့​ရှေ့​သို့​ငါ​စေ​လွှတ်၍၊ သူ​သည် ခါ​န​နိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို​နှင်​ထုတ်၍၊ 3နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ သင်​တို့​ကို​ပို့​ဆောင်​လိမ့်​မည်။ သင်​တို့​နှင့်​အ​တူ ငါ​ကိုယ်​တိုင်​မ​သွား။ သင်​တို့​သည် လည်​ပင်း​ခိုင်​မာ​သော လူ​မျိုး​ဖြစ်​သော​ကြောင့်၊ လမ်း၌​သွား​စဉ် သင်​တို့​ကို​ငါ​ဖျက်​ဆီး​မည် စိုး​ရိမ်​စ​ရာ​ရှိ​သည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ 4ထို​မ​ကောင်း​သော​သ​တင်း​ကို လူ​များ​တို့​သည်​ကြား​သော​အ​ခါ၊ ငို​ကြွေး​မြည်​တမ်း​လျက်၊ အ​ဘယ်​သူ​မျှ တန်​ဆာ​မ​ဆင်​ဘဲ​နေ​ကြ၏။ 5အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်​ကြ၏။ သင်​တို့​အ​လယ်၌ ချက်​ချင်း​ငါ​ပေါ်​လာ၍ ဖျက်​ဆီး​မည်။ ထို​ကြောင့် သင်​တို့၌ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​ကို​ငါ​သိ​ခြင်း​ငှာ၊ သင်​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​နှင့်​သ​တည်း။ 6ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရပ်​တောင်​ခြေ​ရင်း၌ မိ​မိ​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ၏။
တပ်​ပြင်​ရှိ​တဲ​တော်
7မော​ရှေ​သည် တဲ​တော်​ကို​ယူ၍ တပ်​ပြင်၌​ခပ်​ဝေး​ဝေး​ဆောက်​ပြီး​လျှင်၊ ပ​ရိ​သတ် စည်း​ဝေး​ရာ​တဲ​ဟူ၍ ခေါ်​ဝေါ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် တပ်​ပြင်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ထွက်​သွား​ကြ၏။ 8မော​ရှေ​သည်​တဲ​တော်​သို့ ထွက်​သွား​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည်​ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌​ရပ်​လျက် တဲ​တော်​အ​ထဲ​သို့ မော​ရှေ​ဝင်​သည် တိုင်​အောင် ကြည့်​ရှု​လျက်​နေ​ကြ၏။ 9မော​ရှေ​သည် တဲ​တော်​အ​ထဲ​သို့​ဝင်​ပြီး​မှ၊ မိုး​တိမ်​တိုင်​ဆင်း​သက်၍ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ၏။ 10တဲ​တော်​တံ​ခါး​ဝ၌ မိုး​တိမ်​တိုင်​ရပ်​နေ​သည်​ကို​မြင်​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ကိုး​ကွယ်​ကြ၏။ 11ထာ​ဝ​ရ​ဘု​ရား​သည် အ​ဆွေ​ခင်​ပွန်း​ချင်း​ကို နှုတ်​ဆက်​တတ်​သည်​နည်း​တူ၊ မော​ရှေ​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​သည် တပ်​ထဲ​သို့ ပြန်​ဝင်​သော​အ​ခါ သူ၏​လက်​ထောက်​နုန်၏​သား ယော​ရှု​မည်​သော​လု​လင်​သည်၊ တဲ​တော်​မှ​မ​ထွက်​ဘဲ​နေ၏။
အ​တူ​ရှိ​မည့်​က​တိ​တော်
12မော​ရှေ​က​လည်း၊ ဤ​လူ​တို့​ကို​ပို့​ဆောင်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​တွင် အ​ကျွန်ုပ်​နှင့်​အ​တူ အ​ဘယ်​သူ​ကို စေ​လွှတ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ရ။ သို့​သော်​လည်း ကိုယ်​တော်​က သင့်​ကို​သင်၏​နာ​မ​ဖြင့်​ငါ​သိ၏။ သင်​သည် ငါ့​ရှေ့၌​မျက်​နှာ​ရ​ပြီ​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ပြီ။ 13သို့​ဖြစ်၍ အ​ကျွန်ုပ်​သည်​ရှေ့​တော်၌ မျက်​နှာ​ရ​လျှင်၊ မျက်​နှာ​ရ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​လမ်း​ကို ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။ 14ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။ 15တစ်​ဖန်​မော​ရှေ​က၊ ကိုယ်​တော်​တိုင်​မ​သွား​လျှင် အ​ကျွန်ုပ်​တို့​ကို ဤ​အ​ရပ်​မှ ပို့​တော်​မ​မူ​ပါ​နှင့်။ 16အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊ 17ထာ​ဝ​ရ​ဘု​ရား​က၊ သင်​လျှောက်​သည်​အ​တိုင်း ငါ​ပြု​မည်။ သင်​သည် ငါ့​ရှေ့၌ မျက်​နှာ​ရ​ပြီ။ သင့်​ကို သင်၏​နာ​မ​ဖြင့်​ငါ​သိ၏​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ 18တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊ 19ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။#ရော၊ ၉:၁၅။ 20သို့​ရာ​တွင် သင်​သည်​ငါ့​မျက်​နှာ​ကို မ​မြင်​နိုင်​ရာ။ ငါ့​မျက်​နှာ​ကို​မြင်​လျှင် အ​သက်​ရှင်​ရ​သော လူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ ဟူ၍​လည်း​ကောင်း၊ 21ငါ့​အ​နား​မှာ​နေ​ရာ​တစ်​ခု​ရှိ၏။ သင်​သည်​ကျောက်​ပေါ်​မှာ​ရပ်​ရ​မည်။ 22ငါ့​ဘုန်း​လျှောက်​သွား​သော​အ​ခါ၊ သင့်​ကို​ကျောက်​ကြား၌ ငါ​သွင်း​ထား၍ ငါ​ကြွ​သွား​သည်​အ​ခိုက်၊ သင့်​ကို ငါ့​လက်​နှင့်​ဖုံး​အုပ်​မည်။ 23ငါ​လက်​ကို သိမ်း​ရုပ်​သော​အ​ခါ၊ ငါ့​ကျော​ကို​သာ​မြင်​ရ​မည်၊ ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။