YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 34

34
ဒု​တိ​ယ​ကျောက်​ပြား​တစ်​စုံ
(တ​ရား၊ ၁၀:၁-၅)
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ အ​ရင်​ကျောက်​ပြား​နှစ်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​လော့။ သင်​ချိုး​ဖဲ့​သော အ​ရင်​ကျောက်​ပြား၌ စ​ကား​ပါ​သည်​အ​တိုင်း နောက်​ကျောက်​ပြား​ပေါ်​မှာ ငါ​ရေး​ထား​မည်။ 2နက်​ဖြန်​နံ​နက် သင်​သည်​အ​သင့်​နေ​လျက်၊ သိ​နာ​တောင်​ပေါ်​သို့​တက်၍ တောင်​ထိပ်၌ ငါ့​ရှေ့​မှာ​ကိုယ်​ကို​ပြ​လော့။ 3သင်​နှင့်​အ​တူ အ​ဘယ်​သူ​မျှ​မ​တက်​ရ။ တောင်​တစ်​ပြင်​လုံး၌ လူ​ကို မ​ထင်​ရှား​စေ​နှင့်။ တောင်​ခြေ​ရင်း၌ သိုး​နွား​တို့​ကို ကျက်​စား​ရာ​မ​ပြု​စေ​နှင့်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။
4ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ အ​ရင်​ကျောက်​ပြား​နှင့်​တူ​အောင် ကျောက်​ပြား​နှစ်​ပြား​ကို​ခုတ်​ပြီး​မှ၊ မော​ရှေ​သည် နံ​နက်​စော​စော​ထ၍ ထို​ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​သို့ တက်​လေ၏။ 5ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍၊ ထို​အ​ရပ်၌ မော​ရှေ​အ​နား​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ကြွေး​ကြော်​တော်​မူ၏။ 6ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ရှေ့၌​ကြွ​သွား​တော်​မူ​လျက်၊ ထာ​ဝ​ရ​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား၊ ချစ်​သ​နား​ခြင်း​မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ကြွယ်​ဝ​တော်​မူ​ထ​သော၊ 7အ​ထောင်​အ​သောင်း​များ​သော​သူ​တို့​အား သ​နား​ခြင်း​ကျေး​ဇူး​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​ဓ​မ္မ​ကျင့်​ခြင်း၊ တ​ရား​တော်​ကို​လွန်​ကျူး​ခြင်း၊ ပြစ်​မှား​ခြင်း​အ​ပြစ်​တို့​ကို ဖြေ​လွှတ်​သော်​လည်း၊ အ​ချည်း​နှီး​သက်​သက် ဖြေ​လွှတ်​တော်​မ​မူ​ထ​သော၊ သား​စဉ်​မြေး​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌​ဆပ်​ပေး​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ဟု ကြွေး​ကြော်​တော်​မူ၏။#ထွ၊ ၂၀:၅-၆၊ တော၊ ၁၄:၁၈၊ တရား၊ ၅:၉-၁၀၊ ၇:၉-၁၀။ 8မော​ရှေ​သည် အ​လျင်​အ​မြန်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​လျက်၊ 9အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ အ​ကျွန်ုပ်​အ​ရှင်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မူ​ပါ​စေ​သော၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ ဤ​လူ​မျိုး​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး ဖြစ်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​ပြစ်​မှား​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို​လွှတ်၍ အ​ကျွန်ုပ်​တို့​ကို ကိုယ်​တော်​အ​မွေ​ဥ​စ္စာ​ဖို့ သိမ်း​ယူ​တော်​မူ​ပါ​ဟု​လျှောက်​လျှင်၊
ပ​ဋိ​ညာဉ်​ထပ်​မံ​ပြု​ခြင်း
(ထွ၊ ၂၃:၁၄-၁၉၊ တရား၊ ၇:၁-၅၊ ၁၆:၁-၁၇)
10ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ငါ​ပ​ဋိ​ညာဉ်​ပြု၏။ မြေ​ကြီး​ပေါ်​မှာ လူ​မျိုး၌ မ​ပြု​စ​ဖူး​သော အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်၏​လူ​မျိုး​ရှေ့​မှာ ငါ​ပြု​မည်။ သင်​တို့​အ​ဖို့ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​ရ​သော​အ​မှု​သည် ကြောက်​မက်​ဖွယ်​သော​အ​မှု​ဖြစ်​ကြောင်း​ကို သင်​ပေါင်း​ဖော်​သော​လူ​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​လိမ့်​မည်။ 11ယ​နေ့​ငါ​မှာ​ထား​သော​စ​ကား​ကို မှတ်​လော့။ သင့်​ရှေ့​မှာ အာ​မော​ရိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို ငါ​နှင်​ထုတ်​မည်။ 12သင်​သည် ယ​ခု​သွား​သော​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သင့်​အ​လယ်၌​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။ 13သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ဆီး​ရ​မည်။ သူ​တို့​ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖဲ့​ရ​မည်။ သူ​တို့​အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။#တရား၊ ၁၆:၂၁။ 14အ​ခြား​သော​ဘု​ရား​ကို သင်​သည်​မ​ကိုး​ကွယ်​ရ။ အ​ပြစ်​ရှိ​ယုံ​လွယ်​အ​မည်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ 15သင်​သည် ထို​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့် မှား​ယွင်း​ခြင်း​ကို​ပြု၍၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​သော​အ​ခါ၊ သင့်​ကို​ခေါ်၍ သင်​သည် ထို​ယဇ်​ကောင်​ကို​စား​မည်​ဟူ၍​လည်း​ကောင်း၊ 16သင်​သည် သူ​တို့​သ​မီး​များ​ကို​ယူ၍၊ ကိုယ်​သား​တို့​နှင့် ထိမ်း​မြား​ပေး​စား​သ​ဖြင့်၊ ထို​သ​မီး​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့်​မှား​ယွင်း​ခြင်း​ကို​ပြု၍ သင်၏​သား​တို့​ကို ထို​ဘု​ရား​တို့​နှင့် မှား​ယွင်း​စေ​မည်​ဟူ၍​လည်း​ကောင်း စိုး​ရိမ်​စ​ရာ​ရှိ၏။ 17သင်​သည် ကိုယ်​အ​ဖို့​သွန်း​သော​ဘု​ရား​တို့​ကို မ​လုပ်​ရ။#ထွ၊ ၂၀:၄၊ ဝတ်၊ ၁၉:၄၊ တရား၊ ၅:၈၊ ၂၇:၁၅။
18သင်​သည်​အ​ဗိ​ဗ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကြောင့်၊ ငါ​ပ​ညတ်​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ​တွင် ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား၍ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​မည်။#ထွ၊ ၁၂:၁၄-၂၀၊ ဝတ်၊ ၂၃:၆-၈၊ တော၊ ၂၈:၁၆-၂၅။ 19သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သင်၏​တိ​ရ​စ္ဆာန်​တို့​တွင်​လည်း၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သို့​ရာ​တွင်၊ မြည်း​သား​ဦး​ကို သိုး​သ​ငယ်​နှင့်​ရွေး​ယူ​ရ​မည်။#ထွ၊ ၁၃:၂။ 20မ​ရွေး​လို​လျှင်၊ မြည်း​သ​ငယ်၏​လည်​ပင်း​ကို ချိုး​ရ​မည်။ သင်၏​သား​ဦး​အ​ပေါင်း​တို့​ကို ရွေး​ရ​မည်။ ငါ့​ထံ​သို့ အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။#ထွ၊ ၁၃:၁၃။ 21ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ လယ်​လုပ်​ရာ​ကာ​လ၊ အ​သီး​အ​နှံ​သိမ်း​ရာ​ကာ​လ​ဖြစ်​သော်​လည်း၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။#ထွ၊ ၂၀:၉-၁၀။ ၂၃:၁၂။ ၃၁:၁၅။ ၃၅:၂။ ဝတ်၊ ၂၃:၃။ တ​ရား၊ ၅:၁၃-၁၄။ 22ဂျုံ​စ​ပါး​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ ခု​နစ်​သီ​တင်း​ပွဲ​ကို​လည်း​ကောင်း၊ နှစ်​လဲ​သော​အ​ခါ သို​ထား​ပွဲ​ကို​လည်း​ကောင်း​ခံ​ရ​မည်။#ဝတ်၊ ၂၃:၁၅-၂၁။ တော၊ ၂၈:၂၆-၃၁။
23သင်​တို့​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​နှစ်​လျှင် သုံး​ကြိမ်​မျက်​နှာ​ပြ​ရ​ကြ​မည်။ 24တစ်​ပါး​အ​မျိုး​သား​များ​ကို သင်​တို့​ရှေ့​က​ငါ​နှင်​ထုတ်၍၊ သင်​တို့​နေ​ရာ​နယ်​ကို ငါ​ကျယ်​စေ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​နှစ်​တွင်​သုံး​ကြိမ် မျက်​နှာ​ပြ​သွား​သော​အ​ခါ၊ သင်၏​မြေ​ကို အ​ဘယ်​သူ​မျှ​မ​တပ်​မက်​ရ။ 25ငါ့​ယဇ်​ကောင်​အ​သွေး​ကို တ​ဆေး​နှင့် ရော၍ မ​ပူ​ဇော်​ရ။ ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​ကို၊ နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။#ထွ၊ ၁၂:၁၀။ 26သင်၏​မြေ၌​အ​ဦး​သီး​သော အ​သီး​အ​နှံ​အ​ကောင်း​ဆုံး​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​သို့​ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။#တ​ရား၊ ၂၄:၂၁။ ၂၆:၂။ 27ဤ​စ​ကား​များ​ကို​ရေး​ထား​လော့။ ဤ​စ​ကား​များ​လာ​သည်​အ​တိုင်း သင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ငါ​ပ​ဋိ​ညာဉ်​ပြု​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ 28ထို​အ​ရပ်​မှာ မော​ရှေ​သည် အ​စာ​ကို​မ​စား၊ ရေ​ကို​မ​သောက်​ဘဲ၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ နေ​လေ၏။ ကျောက်​ပြား​ပေါ်​မှာ ပ​ဋိ​ညာဉ်​စ​ကား၊ ပ​ညတ်​တော်​ဆယ်​ပါး​ကို ရေး​ထား​တော်​မူ၏။
မော​ရှေ​မျက်​နှာ​ထွန်း​ပ​ခြင်း
29မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​လျက်၊ သိ​နာ​တောင်​ပေါ်​မှ ဆင်း​သက်​သော​အ​ခါ၊ မိ​မိ​နှင့် ဘု​ရား​သ​ခင်​နှုတ်​ဆက်​တော်​မူ​သော​ကြောင့်၊ မိ​မိ​မျက်​နှာ​အ​ရေ​ထွန်း​ပ​ကြောင်း​ကို မိ​မိ​မ​သိ။ 30အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ မော​ရှေ​ကို​မြင်​သော​အ​ခါ၊ သူ၏​မျက်​နှာ​အ​ရေ ထွန်း​ပ​သော​ကြောင့်၊ သူ​တို့​သည် မ​ချဉ်း​မ​ကပ်​ဝံ့​ကြ။ 31မော​ရှေ​သည် သူ​တို့​ကို​ခေါ်၍၊ အာ​ရုန်​နှင့် ပ​ရိ​သတ်​သူ​ကြီး​တို့​သည် ချဉ်း​ကပ်​ကြ​လျှင်၊ မော​ရှေ​သည်​နှုတ်​ဆက်​လေ၏။ 32ထို​နောက် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ကြ​လျှင်၊ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​အား​ဆင့်​ဆို​လေ၏။ 33မော​ရှေ​သည် သူ​တို့​အား​ဟော​ပြော၍​မ​ပြီး​မီ မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​လေ၏။ 34ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဝင်၍​လျှောက်​သော​အ​ခါ၊ မ​ထွက်​မီ​တိုင်​အောင် မျက်​နှာ​ဖုံး​ကို​ချွတ်​ထား၏။ တစ်​ဖန်​ထွက်၍ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို၏။ 35သူ၏​မျက်​နှာ​အ​ရေ​ထွန်း​ပ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ကြ​လျှင်၊ တစ်​ဖန်​အ​ထဲ​သို့​ဝင်၍ မ​လျှောက်​မီ​တိုင်​အောင် မိ​မိ​မျက်​နှာ​ကို ဖုံး​အုပ်​ပြန်၏။#၂​ကော၊ ၃:၇-၁၆။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 34: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ