YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 33:19-23

ထွက်မြောက်ရာကျမ်း 33:19-23 MSBU

ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​ငါ့​ကို​မြင်​သော​သူ​သည် အသက်​မ​ရှင်​ရ​။ သို့ဖြစ်၍ သင်​သည် ငါ့​မျက်နှာ​ကို မ​မြင်​နိုင်​”​ဟု မိန့်​တော်မူ​၏​။ ထို့ပြင် ထာဝရဘုရား​က “​ငါ့​အနီး​၌​ရှိ​သော​နေရာ​၊ ကျောက်ဆောင်​ပေါ်တွင် သင်​ရပ်​ရ​မည်​။ ငါ​၏​ဘုန်းအသရေ​ဖြတ်သွား​စဉ် သင့်​ကို ထို​ကျောက်ဆောင်​၏​အက်ကွဲကြောင်း​၌ ထား​၍ ငါ​ကျော်လွန်​သွား​သည်​အထိ သင့်​ကို ငါ့​လက်​ဖြင့် အုပ်မိုး​ထား​မည်​။ ငါ့​လက်​ကို​ရုပ်သိမ်း​သောအခါ သင်​သည် ငါ့​ကျော​ကို​သာ မြင်​ရ​လိမ့်မည်​။ ငါ့​မျက်နှာ​ကို​ကား မြင်​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။