YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 19:12-16

ထွက်မြောက်ရာ 19:12-16 Judson Bible (JBMLE)

လူ​တို့​မ​ကျော်​ရ​သော အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သင်​တို့​သည် တောင်​ပေါ်​သို့​မ​တက်၊ တောင်​ခြေ​ရင်း​ကို​မ​ထိ​ရ​အောင် သ​တိ​ပြု​ကြ​ဟု ပြော​လော့။ တောင်​ကို​ထိ​မိ​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​စေ။ ထို​သူ​ကို လက်​နှင့်​မ​ထိ​ရ။ အ​ကယ်​စင်​စစ် ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ သို့​မ​ဟုတ် လှံ​နှင့်​ထိုး​ရ​မည်။ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ အ​သက်​မ​ရှင်​ရ။ တံ​ပိုး​သည် ကြာ​ကြာ​မြည်​သော​အ​ခါ၊ လူ​များ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ မော​ရှေ​သည် တောင်​ပေါ်​မှ လူ​တို့​ရှိ​ရာ​သို့​ဆင်း​သက်၍၊ သူ​တို့​ကို သန့်​ရှင်း​စေ၏။ သူ​တို့​သည် မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ကြ​၏။ မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။ သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

ထွက်မြောက်ရာ 19:12-16 Common Language Bible (BCL)

သင်​သည်​တောင်​၏​ပတ်​လည်​တွင်​လူ​တို့​ကို မ​ကျော်​ဖြတ်​စေ​ရန်​စည်း​သတ်​မှတ်​၍၊ သူ​တို့ အား​တောင်​ပေါ်​သို့​မ​တက်​ရန်​နှင့်​တောင်​အ​နီး သို့​မ​ချဉ်း​ကပ်​ရန်​ပ​ညတ်​လော့။ တောင်​ကို နင်း​မိ​သော​သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။- ထို​သူ​ကို​မည်​သူ​မျှ​လက်​နှင့်​မ​ထိ​ရ​ဘဲ ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ မြား​နှင့်​ဖြစ်​စေ​ပစ်​၍ သတ်​ရ​မည်။ အ​ဆို​ပါ​ပ​ညတ်​ချက်​ကို​ကူး လွန်​ခဲ့​လျှင်​လူ​သော်​လည်း​ကောင်း၊ တိ​ရစ္ဆာန် သော်​လည်း​ကောင်း​သေ​ဒဏ်​ခံ​ရ​မည်။ တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​သော​အ​ခါ​လူ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​မော​ရှေ​သည်​တောင်​ပေါ်​မှ​ဆင်း​လာ ၍ လူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ပြင်​ဆင် စေ​၏။ ထို​ကြောင့်​သူ​တို့​သည်​အ​ဝတ်​များ ကို​ဖွပ်​လျှော်​ကြ​၏။- မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။ တ​တိ​ယ​နေ့​တွင်​တောင်​ပေါ်​၌​မိုး​ချုန်း​၍ လျှပ်​စီး​လက်​ပြီး​လျှင်​ထူ​ထပ်​သော​မိုး​တိမ် ကျ​ရောက်​လေ​သည်။ အ​လွန်​ကျယ်​လောင်​သော တံ​ပိုး​မှုတ်​သံ​လည်း​ထွက်​ပေါ်​လာ​၏။ ထို အ​ခါ​စ​ခန်း​ထဲ​ရှိ​လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။

ထွက်မြောက်ရာ 19:12-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​သည် လူ​တို့​အတွက် တောင်​ပတ်ပတ်လည် နယ်နိမိတ်စည်း​သတ်မှတ်​ပေး​၍ ‘​တောင်​ပေါ်သို့​မ​တက်​၊ တောင်​၏​နယ်နိမိတ်​ကို မ​ထိ​ရန် သတိပြု​လော့​’​ဟု မှာကြား​ရ​မည်​။ ဤ​တောင်​ကို​ထိ​သော​သူ​တိုင်း မုချ​အသတ်​ခံရ​မည်​။ ထို​သူ​ကို လက်​ဖြင့်​မ​ထိ​ဘဲ စင်စစ်​ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ သို့မဟုတ် မြား​နှင့်​ပစ်သတ်​ရ​မည်​။ လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ အသက်​မ​ရှင်​ရ​။ သိုးချို​ကို သံရှည်ဆွဲ​၍​မှုတ်​မှသာ လူ​တို့​သည် ဤ​တောင်​သို့​လာ​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် မောရှေ​သည် တောင်​ပေါ်မှ လူ​တို့​ထံသို့ ဆင်းလာ​၍ လူ​တို့​ကို​သန့်ရှင်း​စေ​၏​။ သူ​တို့​သည်​လည်း မိမိ​တို့​၏​အဝတ်အစား​များ​ကို​လျှော်​ကြ​၏​။ မောရှေ​က လူ​တို့​အား “​တတိယ​နေ့​၌ အသင့်ပြင်ဆင်​ထား​ကြ​လော့​။ မိန်းမ​ကို​မ​ချဉ်းကပ်​ကြ​နှင့်​”​ဟု ဆို​လေ​၏​။ တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။