YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 19:12-16

ထွက်မြောက်ရာ 19:12-16 JBMLE

လူ​တို့​မ​ကျော်​ရ​သော အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သင်​တို့​သည် တောင်​ပေါ်​သို့​မ​တက်၊ တောင်​ခြေ​ရင်း​ကို​မ​ထိ​ရ​အောင် သ​တိ​ပြု​ကြ​ဟု ပြော​လော့။ တောင်​ကို​ထိ​မိ​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​စေ။ ထို​သူ​ကို လက်​နှင့်​မ​ထိ​ရ။ အ​ကယ်​စင်​စစ် ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ သို့​မ​ဟုတ် လှံ​နှင့်​ထိုး​ရ​မည်။ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ အ​သက်​မ​ရှင်​ရ။ တံ​ပိုး​သည် ကြာ​ကြာ​မြည်​သော​အ​ခါ၊ လူ​များ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။ မော​ရှေ​သည် တောင်​ပေါ်​မှ လူ​တို့​ရှိ​ရာ​သို့​ဆင်း​သက်၍၊ သူ​တို့​ကို သန့်​ရှင်း​စေ၏။ သူ​တို့​သည် မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ကြ​၏။ မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။ သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။