သင်သည် လူတို့အတွက် တောင်ပတ်ပတ်လည် နယ်နိမိတ်စည်းသတ်မှတ်ပေး၍ ‘တောင်ပေါ်သို့မတက်၊ တောင်၏နယ်နိမိတ်ကို မထိရန် သတိပြုလော့’ဟု မှာကြားရမည်။ ဤတောင်ကိုထိသောသူတိုင်း မုချအသတ်ခံရမည်။ ထိုသူကို လက်ဖြင့်မထိဘဲ စင်စစ်ခဲနှင့်ပေါက်သတ်ရမည်။ သို့မဟုတ် မြားနှင့်ပစ်သတ်ရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရ။ သိုးချိုကို သံရှည်ဆွဲ၍မှုတ်မှသာ လူတို့သည် ဤတောင်သို့လာကြရမည်”ဟု မိန့်တော်မူ၏။ ထို့နောက် မောရှေသည် တောင်ပေါ်မှ လူတို့ထံသို့ ဆင်းလာ၍ လူတို့ကိုသန့်ရှင်းစေ၏။ သူတို့သည်လည်း မိမိတို့၏အဝတ်အစားများကိုလျှော်ကြ၏။ မောရှေက လူတို့အား “တတိယနေ့၌ အသင့်ပြင်ဆင်ထားကြလော့။ မိန်းမကိုမချဉ်းကပ်ကြနှင့်”ဟု ဆိုလေ၏။ တတိယနေ့ နံနက်ရောက်သောအခါ တောင်ပေါ်၌ ထူထပ်သောမိုးတိမ်နှင့်တကွ မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်းများဖြစ်၍ အလွန်ကျယ်လောင်သောတံပိုးမှုတ်သံမြည်လေ၏။ ထိုအခါ စခန်းထဲရှိ လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
ထွက်မြောက်ရာကျမ်း 19 ကိုဖတ်ပါ။
နားထောင်ပါ။ ထွက်မြောက်ရာကျမ်း 19
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာကျမ်း 19:12-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ