YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 7:1-14

ဒေသနာ 7:1-14 Judson Bible (JBMLE)

ကောင်း​သော​အ​သ​ရေ​သည် နံ့​သာ​ဆီ​ထက် သာ၍​ကောင်း၏။ သေ​ရ​သော​နေ့​သည်​လည်း ဖွား​မြင်​သော​နေ့​ထက် သာ၍​ကောင်း၏။ မ​သာ​အိမ်​သို့​သွား​ခြင်း​သည်၊ ပွဲ​ခံ​ရာ​အိမ်​သို့​သွား​ခြင်း​ထက် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ လူ​ခပ်​သိမ်း​တို့​သည် မ​သာ​အိမ်၌ လမ်း​ဆုံး​ရ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော​သူ​တို့​လည်း၊ အ​သင့်​နှ​လုံး​သွင်း​မိ​ကြ​လိမ့်​မည်။ ပြုံး​ရယ်​ခြင်း​ထက် ဝမ်း​နည်း​ခြင်း​သည် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​ညှိုး​ငယ်​သော​အား​ဖြင့် နှ​လုံး​သာ၍ ကောင်း​တတ်၏။ ပ​ညာ​ရှိ​သော​သူ​တို့၏​နှ​လုံး​သည် မ​သာ​အိမ်၌ ရှိ၏။ မိုက်​သော​သူ​တို့၏ နှ​လုံး​မူ​ကား၊ ပျော်​မွေ့​ခြင်း​ပြု​ရာ အိမ်၌​ရှိ၏။ လူ​မိုက်​သီ​ချင်း​ဆို​သော စ​ကား​ကို နား​ထောင်​သည်​ထက်၊ ပ​ညာ​ရှိ​ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မိုက်​သော​သူ၏​ရယ်​ခြင်း​သည် အိုး​အောက်၌ ဆူး​ပင်​ကို​လောင်​သော​အ​သံ​နှင့် တူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ အ​ကယ်​စင်​စစ်၊ ညှဉ်း​ဆဲ​ခြင်း​သည် ပ​ညာ​ရှိ​သော​သူ​ကို ရူး​စေ​တတ်၏။ တံ​စိုး​သည်​လည်း စိတ်​နှ​လုံး​ကို ယို​ယွင်း​စေ​တတ်၏။ အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။ အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။ ရှေး​ကာ​လ​သည် ယ​ခု​ကာ​လ​ထက် အ​ဘယ်​ကြောင့် သာ၍​ကောင်း​သ​နည်း​ဟု မ​မေး​နှင့်။ ထို​သို့​မေး​လျှင်၊ ပ​ညာ​တ​ရား​အ​တိုင်း မေး​သည်​မ​ဟုတ်။ ပ​ညာ​သည် အ​မွေ​ဥ​စ္စာ​ကဲ့​သို့​ကောင်း၍၊ နေ​ကို​မြင်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တတ်၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆင်​ခြင်​လော့။ ကောက်​စေ​တော်​မူ​သော​အ​ရာ​ကို အ​ဘယ်​သို့ ဖြောင့်​စေ​နိုင်​သ​နည်း။ ကောင်း​စား​သည်​ကာ​လ၌ ဝမ်း​မြောက်​လော့။ ဆင်း​ရဲ​ခံ​ရ​သည်​ကာ​လ၌ ဆင်​ခြင်​လော့။ လူ​သည် မိ​မိ​နောက်​မှာ ဖြစ်​လ​တ္တံ​သော အ​မှု​အ​ရာ​ကို​သိ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ကောင်း​စား​ခြင်း​နှင့် ဆင်း​ရဲ​ခြင်း​ကို​လည်း အ​လှည့်​လှည့် ပေး​တော်​မူ၏။

ဒေသနာ 7:1-14 Common Language Bible (BCL)

ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။ မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။ ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။ ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။ လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။ အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။ အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။ အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။ ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။ ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။ အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။ ဘုရားသခင်၏ အမှုတော်ကိုဆင်ခြင်လော့။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း။ ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။

ဒေသနာ 7:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မွှေး​သော​ဂုဏ်သတင်း​သည် မွှေး​သော​နံ့သာဆီ​ထက် ပို၍​ကောင်း​၏​။ သေ​သော​နေ့​သည်​လည်း မွေးဖွား​သော​နေ့​ထက် ပို၍​ကောင်း​၏​။ အသုဘ​အိမ်​သို့​သွား​ခြင်း​သည် စားသောက်ပွဲခံရာ​အိမ်​သို့​သွား​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား သေ​ခြင်း​သည် လူ​အားလုံး​၏​နိဂုံး​ဖြစ်၍ အသက်ရှင်​လျက်​ရှိ​သော​သူ​သည် ထို​အမှုအရာ​ကို​ဆင်ခြင်​နှလုံး​သွင်း​လိမ့်မည်​။ ပူဆွေး​ခြင်း​သည် ရယ်မော​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား မျက်နှာ​ညှိုးငယ်​သော​အားဖြင့် စိတ်နှလုံး​ကောင်း​လာ​တတ်​၏​။ ပညာရှိ​သော​သူ​တို့​၏​စိတ်နှလုံး​သည် အသုဘ​အိမ်​၌​ရှိ​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ပျော်ပါးရာ​အိမ်​၌​ရှိ​၏​။ ပညာရှိ​သော​သူ​ဆုံးမ​သွန်သင်​သော​စကား​ကို​နားထောင်​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​ဆို​သော​သီချင်း​ကို​နားထောင်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အကြောင်းမူကား မိုက်မဲ​သော​သူ​၏​ရယ်မောသံ​သည် အိုး​အောက်​မှ​လောင်​နေ​သော​ဆူးခက်​များ​၏​အသံ​နှင့်​တူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ အကယ်စင်စစ် ဖိနှိပ်ချုပ်ချယ်​ခြင်း​သည် ပညာရှိ​သော​သူ​ကို ရူးမိုက်​စေ​တတ်​၍ တံစိုးလက်ဆောင်​သည် စိတ်နှလုံး​ကို ပျက်စီး​စေ​တတ်​၏​။ အမှုအရာ​၏​အဆုံး​သည် ၎င်း​၏​အစ​ထက် ပို၍​ကောင်း​၏​။ သည်းခံ​သော​စိတ်​သည် ထောင်လွှား​သော​စိတ်​ထက် ပို၍​ကောင်း​၏​။ အမျက်​ဒေါသ​သည် မိုက်မဲ​သော​သူ​တို့​၏​ရင်ခွင်​ထဲ၌ ကိန်းအောင်း​တတ်​သည်​ဖြစ်၍ သင့်​စိတ်​ထဲတွင် အမျက်​ဒေါသ အလျင်စလို​မ​ထွက်​ပါစေ​နှင့်​။ ယခင်​နေ့ရက်​များ​သည် ယခု​နေ့ရက်​များ​ထက် အဘယ်ကြောင့် ပို၍​ကောင်း​သနည်း​ဟု မ​မေး​နှင့်​။ အကြောင်းမူကား ထိုသို့​မေးမြန်း​ခြင်း​သည် ဉာဏ်ပညာ​မှ​လာ​သည်​မ​ဟုတ်​။ ဉာဏ်ပညာ​သည် အမွေ​ဥစ္စာ​နှင့်အမျှ​ကောင်းမြတ်​၍ နေ​ကို​မြင်​သော​သူ​တို့​အတွက် အကျိုးရှိ​၏​။ အကြောင်းမူကား ငွေ​သည် အကာအကွယ်​ဖြစ်​သကဲ့သို့ ဉာဏ်ပညာ​သည် အကာအကွယ်​ဖြစ်​၏​။ ဉာဏ်ပညာ​သည် ၎င်း​ကို​ပိုင်ဆိုင်​သော​သူ​အား အသက်ရှင်​စေ​တတ်​၏​။ ဤသည်ကား အသိပညာ​၏​အကျိုး​ဖြစ်​၏​။ ဘုရားသခင်​ပြု​တော်မူ​သော​အမှု​ကို ဆင်ခြင်​လော့​။ ကိုယ်တော်​ကောက်​စေ​တော်မူ​သော​အရာ​ကို မည်သူ​ဖြောင့်​စေ​နိုင်​သနည်း​။ ကောင်းကျိုးချမ်းသာ​ခံစား​ရာ​ကာလ​၌ ဝမ်းမြောက်​လော့​။ ဒုက္ခခံရာ​ကာလ​၌​မူကား ဆင်ခြင်​လော့​။ လူ​သည် သူ့​နောက်တွင်​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့ရှိ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​နှင့်အတူ ဒုက္ခ​ကို​လည်း ဖြစ်ပေါ်​စေ​တော်မူ​၏​။