ကောင်းသောအသရေသည် နံ့သာဆီထက် သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။ မသာအိမ်သို့သွားခြင်းသည်၊ ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံးသွင်းမိကြလိမ့်မည်။ ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည် သာ၍ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သောအားဖြင့် နှလုံးသာ၍ ကောင်းတတ်၏။ ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ရှိ၏။ လူမိုက်သီချင်းဆိုသော စကားကို နားထောင်သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ကောင်း၏။ အကြောင်းမူကား၊ မိုက်သောသူ၏ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။ အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက် သာ၍ကောင်း၏။ အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။ ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။ ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍၊ နေကိုမြင်သောသူတို့အား ကျေးဇူးပြုတတ်၏။ အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။ ဘုရားသခင်၏အမှုတော်ကို ဆင်ခြင်လော့။ ကောက်စေတော်မူသောအရာကို အဘယ်သို့ ဖြောင့်စေနိုင်သနည်း။ ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏။
ဒေသနာ 7 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒေသနာ 7:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ