YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 4:1-5

ဒေသနာ 4:1-5 Judson Bible (JBMLE)

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။ သို့​ဖြစ်၍၊ သေ​လွန်​ပြီး​သော လူ​သေ​သည် အ​သက်​ရှင်​သေး​သော​လူ​ရှင်​ထက် သာ၍​မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​ဆို​ရ၏။ သို့​ရာ​တွင် တစ်​ခါ​မျှ မ​ဖြစ်​သေး​သော​သူ၊ နေ​အောက်​မှာ ပြု​သော​ဒု​စ​ရိုက်​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​ထက် သာ၍​မင်္ဂ​လာ​ရှိ၏။ တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။ မိုက်​သော​သူ​သည် မိ​မိ​လက်​ချင်း​ပိုက်​ထား၍၊ မိ​မိ​အ​သား​ကို စား​တတ်၏။

ဒေသနာ 4:1-5 Common Language Bible (BCL)

တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။ သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ၏။ သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။ တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။ မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိ အသားကို စားတတ်၏။

ဒေသနာ 4:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ ထို့ကြောင့် အသက်ရှင်​နေ​သေး​သော​လူရှင်​တို့​ထက် သေ​လွန်​ပြီး​သော​လူသေ​တို့​ကို ငါ​ထောမနာပြု​၏​။ သို့ရာတွင် လူ​ဖြစ်​မ​လာ​သေး​သော​သူ​၊ နေ​အောက်​တွင်​ပြု​သော​မကောင်းမှု​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​တို့​ထက်​ပို၍​ကောင်း​၏​။ တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ မိုက်မဲ​သော​သူ​သည် မိမိ​လက်​ကို​ပိုက်​ထား​၍ မိမိ​အသား​ကို​စား​တတ်​၏​။