YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 4

4
1တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။ 2သို့​ဖြစ်၍၊ သေ​လွန်​ပြီး​သော လူ​သေ​သည် အ​သက်​ရှင်​သေး​သော​လူ​ရှင်​ထက် သာ၍​မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​ဆို​ရ၏။ 3သို့​ရာ​တွင် တစ်​ခါ​မျှ မ​ဖြစ်​သေး​သော​သူ၊ နေ​အောက်​မှာ ပြု​သော​ဒု​စ​ရိုက်​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​ထက် သာ၍​မင်္ဂ​လာ​ရှိ၏။ 4တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။ 5မိုက်​သော​သူ​သည် မိ​မိ​လက်​ချင်း​ပိုက်​ထား၍၊ မိ​မိ​အ​သား​ကို စား​တတ်၏။ 6ငြိမ်​သက်​ခြင်း​နှင့် ယှဉ်​လျက်၊ လက်​တစ်​ဆုပ်​တည်း​သော ဥ​စ္စာ​သည် ပင်​ပန်း​စွာ​လုပ်​ခြင်း၊ လေ​ကို​ကျက်​စား​ခြင်း​နှင့် ယှဉ်​လျက်၊ လက်​နှစ်​ဖက်၌​ပြည့်​သော ဥ​စ္စာ​ထက်​သာ၍​ကောင်း၏။
7တစ်​ဖန် ငါ​ထပ်၍၊ နေ​အောက်​မှာ အ​န​တ္တ​အ​မှု​ကို ဆင်​ခြင်​သော​အ​ရာ​ဟူ​မူ​ကား၊ 8လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။
မိတ်​ဆွေ၏​တန်​ဖိုး
9လူ​သည် တစ်​ယောက်​တည်း​ထက် နှစ်​ယောက်​သာ၍​ကောင်း၏။ ကြိုး​စား​အား​ထုတ်​လျှင်၊ ကောင်း​သော​အ​ကျိုး​ကို ရ​တတ်၏။ 10တစ်​ယောက်​လဲ​လျှင် တစ်​ယောက်​ထူ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သူ လဲ​လျှင်​မူ​ကား အ​ကျိုး​နည်း​ပြီ။ ထူ​သော​သူ မ​ရှိ။ 11လူ​သည်​နှစ်​ယောက်​အ​တူ​အိပ်​လျှင် နွေး​တတ်၏။ တစ်​ယောက်​တည်း​သော​သူ​မူ​ကား၊ အ​ဘယ်​သို့ နွေး​နိုင်​သ​နည်း။ 12လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။
13ဆုံး​မ​ခြင်း​ကို​မ​ခံ၊ အ​သက်​ကြီး၍ မိုက်​သော​ရှင်​ဘု​ရင်​ထက်၊ ပ​ညာ​ရှိ​သော ဆင်း​ရဲ​သား​သူ​ငယ်​သည် သာ၍​မြတ်၏။ 14ထို​သို့​သော သူ​ငယ်​သည် ထောင်​ထဲ​က​ထွက်၍၊ နန်း​တော်​ပေါ်​သို့ ရောက်​တတ်၏။ ထို​သို့​သော​ရှင်​ဘု​ရင်​မူ​ကား၊ အ​ဘ​အ​ရိုက်​အ​ရာ​နှင့် နန်း​ထိုင်​သော်​လည်း၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်၏။ 15နေ​အောက်​မှာ ကျင်​လည်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် မင်း​အ​ရိုက်​အ​ရာ​ကို​ခံ​ရ​သော ထို​ဒု​တိ​ယ​သူ​ဘက်၌ နေ​တတ်​ကြ​သည်​ကို ငါ​ဆင်​ခြင်၏။ 16ထို​မင်း​အုပ်​စိုး​သော​သူ​အ​ပေါင်း​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ နောက်​လာ​သော​သူ​တို့​သည်​လည်း၊ ထို​မင်း​ကို အား​မ​ရ​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။