YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 5

5
အ​လျင်​အ​မြန်​က​တိ​မ​ပြု​နှင့်
1ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။ 2သင်၏​နှုတ်​သည် သ​တိ​မ​လစ်​စေ​နှင့်။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စ​ကား​ပြော​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး မ​လျင်​မ​မြန်​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ၏။ သင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ၏။ ထို​ကြောင့် သင်၏​စ​ကား မ​များ​စေ​နှင့်။ 3အ​မှု​များ​သော​အား​ဖြင့် အိပ်​မက်​မြင်​တတ်​သ​ကဲ့​သို့၊ စ​ကား​များ​သော​အား​ဖြင့် မိုက်​သော​သူ၏​အ​သံ​ကို ကြား​ရ၏။ 4ဘု​ရား​သ​ခင့်​ထံ​တော်၌ သ​စ္စာ​က​တိ​ပြု​မိ​လျှင်၊ သ​စ္စာ​ဝတ်​ကို မ​ဖြေ​ဘဲ​မ​နေ​နှင့်။ မိုက်​သော​သူ​တို့​ကို အား​ရ​နှစ်​သက်​တော်​မ​မူ။ သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း ဝတ်​ကို​ဖြေ​လော့။ 5သ​စ္စာ​က​တိ​ပြု၍ ဝတ်​ကို​မ​ဖြေ​ဘဲ​နေ​သည်​ထက်၊ သ​စ္စာ​က​တိ​အ​လျှင်း​မ​ပြု​ဘဲ​နေ​သော် သာ၍​ကောင်း၏။ 6သင်၏​နှုတ်​သည် သင်၏​ကိုယ်​ခ​န္ဓာ၌ အ​ပြစ်​မ​ရောက်​စေ​နှင့်။ အ​ကျွန်ုပ်​မှား​ပါ​ပြီ​ဟု၊ တ​မန်​တော်​ရှေ့​မှာ ပြော​ရ​သော​အ​ကြောင်း မ​ရှိ​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် သင်၏​စ​ကား​သံ​ကို​အ​မျက်​တော်​ထွက်၍၊ သင်​ပြု​စု​သော​အ​မှု​ကို အ​ဘယ်​ကြောင့် ဖျက်​ဆီး​တော်​မူ​ရ​မည်​နည်း။ 7အိပ်​မက်​များ​ရာ၌​လည်း​ကောင်း၊ စ​ကား​များ​ရာ၌​လည်း​ကောင်း၊ အ​ချည်း​နှီး​သော​အ​ကြောင်း​အ​ရာ​ပါ​တတ်၏။ သင်​မူ​ကား ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လော့။
လူ့​ဘ၀​သည်​အ​ချည်း​နှီး
8ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။ 9မြေ​ကြီး​က​ဖြစ်​သော စီး​ပွား​သည် အ​လုံး​စုံ​တို့​အ​ဖို့ ဖြစ်၏။ ရှင်​ဘု​ရင်​သော်​လည်း၊ လယ်၏​ကျေး​ဇူး​ကို ခံ​ရ၏။ 10ငွေ​ကို​တပ်​မက်​သော​သူ​သည် ငွေ​နှင့် အ​လို​ဆ​န္ဒ​မ​ပြေ​နိုင်။ စည်း​စိမ်​ကို တပ်​မက်​သော​သူ​သည် စည်း​စိမ် တိုး​ပွား​သော်​လည်း မ​ရောင့်​ရဲ​နိုင်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ 11ဥ​စ္စာ​တိုး​ပွား​သော​အ​ခါ စား​ရ​သော​သူ​တို့​သည်​လည်း တိုး​ပွား​များ​ပြား​ကြ၏။ ဥ​စ္စာ​ရှင်​သည် မျက်​စိ​နှင့် ကြည့်​ရှု​ခြင်း​ကျေး​ဇူး​မှ​တစ်​ပါး အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 12အ​လုပ်​လုပ်​သော​သူ​သည် များ​စွာ​စား​သည် ဖြစ်​စေ၊ အ​နည်း​ငယ်​စား​သည် ဖြစ်​စေ၊ အ​အိပ်​မြိန်​တတ်၏။ ရ​တတ်​သော​သူ၏ စည်း​စိမ်​မူ​ကား၊ စည်း​စိမ်​ရှင်​ကို အ​အိပ်​ပျက်​စေ​တတ်၏။ 13စည်း​စိမ်​ရှင်​သည် ကိုယ်​အ​ကျိုး​ပျက်​သည်​တိုင်​အောင်၊ စည်း​စိမ်​ကို သို​ထား​ခြင်း​တည်း​ဟူ​သော၊ နေ​အောက်၌ အ​လွန်​ဆိုး​သော​အ​မှု​အ​ရာ​ကို ငါ​မြင်​ပြီ။ 14ထို​စည်း​စိမ်​သည် မ​ကောင်း​သော​အ​မှု​အား​ဖြင့် ပျောက်​ပျက်​တတ်၏။ စည်း​စိမ်​ရှင်​မြင်​သော သား​သည်​လည်း လက်​ချည်း​နေ​ရ၏။ 15သို့​မ​ဟုတ်၊ စည်း​စိမ်​ရှင်​သည် အ​မိ​ဝမ်း​ထဲ​က အ​လျှင်း​မ​ပါ​ဘဲ ထွက်​လာ​သ​ကဲ့​သို့၊ ထို​နည်း​တူ ပြန်​သွား​ရ​မည်။ ကြိုး​စား​အား​ထုတ်၍ ရ​သော​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ လက်​နှင့်​စွဲ​ကိုင်​လျက် ယူ၍​မ​သွား​ရ။ 16သူ​သည် လာ​သ​ကဲ့​သို့ အ​လျှင်း​မ​ခြား​နား​ဘဲ၊ သွား​ရ​သော​မှု​အ​ရာ​သည် အ​လွန်​ဆိုး​သော အ​မှု​အ​ရာ​ဖြစ်၏။ လေ​ကို​ရ​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​သော​သူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 17သူ၏​နေ့​ရက်​ကာ​လ​ကို မှောင်​မိုက်၌ လွန်​စေ​တတ်၏။ များ​စွာ​သော နှောင့်​ယှက်​ခြင်း၊ ညှိုး​ငယ်​ခြင်း၊ အ​မျက်​ထွက်​ခြင်း​ကို ခံ​ရ၏။
18ငါ​သိ​မြင်​သော​အ​ရာ​ဟူ​မူ​ကား၊ စား​သောက်​ခြင်း​အ​မှု၊ နေ​အောက်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​သက်​ရှည်​သ​မျှ ကာ​လ​ပတ်​လုံး၊ ကြိုး​စား​အား​ထုတ်၍ ရ​သော​အ​ကျိုး၌ ပျော်​မွေ့​ခြင်း​အ​မှု​ကို ပြု​ကောင်း၏။ လျောက်​ပတ်၏။ ထို​အ​မှု​သည် လူ၏​အ​ဖို့​ဖြစ်၏။ 19ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော စည်း​စိမ်​ဥ​စ္စာ​ကို ရ​သော​လူ​တိုင်း မိ​မိ​အ​ဖို့​ကို​ခံ၍ ဝင်​စား​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကြောင့် အ​ခွင့်​ရှိ၏။ 20လွန်​သော​နေ့​ရက်​ကာ​လ​ကို များ​စွာ​မ​အောက်​မေ့​ရ။ စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ