YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 3

3
ခပ်​သိမ်း​သော​အ​မှု​အ​တွက်​အ​ချိန်
1ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။ 2ဖွား​ချိန်​နှင့် သေ​ချိန်​လည်း​ရှိ၏။ စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် စိုက်​ပျိုး​ရ​သော​အ​ရာ​ကို နုတ်​ရ​သော​အ​ချိန်​လည်း ရှိ၏။ 3သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။ 4ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။ 5ကျောက်​တို့​ကို ဖြန့်​ကြဲ​ရ​သော​အ​ချိန်​နှင့် စု​သိမ်း​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖက်​ယမ်း​ရ​သော​အ​ချိန်​နှင့်၊ မ​ဖက်​ယမ်း​ဘဲ ခွဲ​ခွာ၍ နေ​ရ​သော​အ​ချိန်​လည်း​ရှိ၏။ 6ဆည်း​ပူး​ရ​သော​အ​ချိန်​နှင့် ဥ​စ္စာ​ပျောက်​ရ​သော အ​ချိန်​လည်း ရှိ၏။ သို​ထား​ရ​သော​အ​ချိန်​နှင့် ပစ်​လိုက်​ရ​သော​အ​ချိန်​လည်း ရှိ၏။ 7အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။ 8ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။
ဘု​ရား​ပေး​တာ၀န်
9လုပ်​ကိုင်​သော​သူ​သည် ကြိုး​စား​အား​ထုတ်​ရာ​တွင်၊ အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 10လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ပင်​ပန်း​ခြင်း​အ​မှု​ကို ငါ​ကြည့်​မြင်​ပြီ။ 11ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မိ​မိ​တို့​အ​ချိန်​တန်​မှ၊ လျောက်​ပတ်​စွာ ဖန်​ဆင်း​တော်​မူ​ပြီ။ လူ​စိတ်​နှ​လုံး​ကို​လည်း အ​န​န္တ​ကာ​လ၌ စွဲ​လန်း​စေ​တော်​မူ​ပြီ။ သို့​ရာ​တွင်၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို၊ အ​စ​မှ​အ​ဆုံး​တိုင်​အောင်၊ လူ​သည် စစ်၍​မ​ကုန်​နိုင်။ 12ရွှင်​လန်း​ခြင်း​အ​မှု​နှင့် အ​သက်​ရှင်​စဉ်​တွင် ကျေး​ဇူး​ပြု​ခြင်း​အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​အ​ရာ​တို့၌၊ အ​ကျိုး​ကျေး​ဇူး​မ​ရှိ​သည်​ကို ငါ​သိ၏။ 13လူ​တိုင်း​စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​ကြိုး​စား အား​ထုတ်​သ​မျှ​သော​အ​မှု၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ အ​ခွင့်​ရှိ၏။ 14ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု​သည် နိ​စ္စ​ထာ​ဝ​ရ ဖြစ်​သည်​ကို ငါ​သိ၏။ ထပ်၍ မ​ပြု​နိုင်​ရာ။ နုတ်၍ မ​ယူ​နိုင်​ရာ။ လူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ပြု​တော်​မူ၏။ 15ဖြစ်​ဖူး​သော​အ​ရာ​သည် ယ​ခု​ဖြစ်​သော​အ​ရာ​နှင့် တူ၏။ ဖြစ်​လ​တ္တံ့​သော​အ​ရာ​သည်​လည်း၊ ဖြစ်​ဖူး​သော​အ​ရာ​နှင့်​တူ၏။ လွန်​ပြီး​သော​အ​ရာ​တို့​ကို​လည်း ဘု​ရား​သ​ခင်​တောင်း​ပြန်​တော်​မူ၏။
တ​ရား​စီ​ရင်​ခြင်း​နှင့်​အ​နာ​ဂတ်
16ထို​မှ​တစ်​ပါး၊ နေ​အောက်​မှာ တ​ရား​စီ​ရင်​ရာ​အ​ရပ်၌ အ​ဓ​မ္မ​အ​မှု​ရှိ​သည်​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​အ​ရပ်၌ ဒု​စ​ရိုက် ရှိ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ 17ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​သော​သူ​တို့၏​အ​မှု​နှင့်၊ မ​တ​ရား​သော​သူ​တို့၏​အ​မှု​ကို စစ်​ကြော​စီ​ရင်​တော်​မူ​မည်​ဟု ငါ​အောက်​မေ့၏။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​အ​ကြံ၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​ရ​သော​အ​ချိန် ရှိ၏။ 18လူ​သား​တို့​နေ​ရာ​ကို​ရည်​မှတ်၍ ငါ​အောက်​မေ့​သည်​ကား၊ လူ​တို့​ကို ဘု​ရား​သ​ခင် စုံ​စမ်း​တော်​မူ​မည်​အ​ကြောင်း​နှင့်၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​ကဲ့​သို့​ဖြစ်​သည်​ကို သူ​တို့​သိ​မြင်​မည်​အ​ကြောင်း၊ နေ​ရာ​ကျ​သ​တည်း၊ 19လူ​သား​တွေ့​ကြုံ​သော​အ​မှု​ကို တိ​ရ​စ္ဆာန်​တွေ့​ကြုံ​တတ်၏။ ထို​သူ​နှစ်​ဦး​တို့​သည် တစ်​ပါး​တည်း​သော​အ​မှု​ကို တွေ့​ကြုံ​လျက်၊ တစ်​ဦး​သေ​သ​ကဲ့​သို့ တစ်​ဦး​သေ​တတ်၏။ အ​လုံး​စုံ​တို့​သည် အ​သက်​တစ်​မျိုး​တည်း​ရှိ​ကြ၏။ သို့​ဖြစ်၍၊ လူ​သည် တိ​ရ​စ္ဆာန်​ထက် ထူး​မြတ်​သော​အ​ကြောင်း​မ​ရှိ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​ဖြစ်​ကြ၏။ 20အ​လုံး​စုံ​တို့​သည် တစ်​ခု​တည်း​သော​အ​ရပ်​သို့ ရောက်​တတ်​ကြ၏။ အ​လုံး​စုံ​တို့​သည် မြေ​မှုန့်​ထဲ​က ဖြစ်​သည်​နှင့်​အ​ညီ၊ မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​တတ်​ကြ၏။ 21သို့​ရာ​တွင်၊ အ​ထက်​သို့​တက်​သော လူ​သား၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​သို့​ဆင်း​တတ်​သော တိ​ရ​စ္ဆာန်၏​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ပိုင်း​ခြား၍ သိ​သ​နည်း။ 22လူ​သည် မိ​မိ​ပြု​မူ​ရာ၌ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ​သည်​ကို ငါ​သိ​မြင်၏။ ထို​အ​မှု​သည် သူ၏​အ​ဖို့ ဖြစ်၏။ သူ​သည် မိ​မိ​နောက်​မှာ အ​ဘယ်​သို့​ဖြစ်​လ​တ္တံ့​သည်​ကို သိ​မြင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ဆောင်​ခဲ့​လိမ့်​မည်​နည်း။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။