YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 2

2
ပျော်​မွေ့​ခြင်း၏​အ​န​တ္တ
1တစ်​ဖန် ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ​ပြော​သည်​ကား၊ လာ​ပါ။ ရွှင်​လန်း​ခြင်း​အား​ဖြင့် သင့်​ကို​ငါ​စုံ​စမ်း​မည်။ သို့​ဖြစ်၍၊ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​လော့​ဟု​ဆို​ရာ​တွင်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်လေ၏။ 2ရယ်​မော​ခြင်း​ကို သင်​သည်​အ​ရူး​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ ရွှင်​လန်း​ခြင်း​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။ 3တစ်​ဖန် လူ​သား​တို့​သည် မိုး​ကောင်း​ကင်​အောက်၌၊ တစ်​သက်​လုံး ပြု​သင့်​သော​အ​မှု​ကောင်း​ကို သိ​အံ့​သော​ငှာ၊ ပ​ညာ​တ​ရား​ကို​လေ့​ကျက်​လျက်​နှင့်၊ စ​ပျစ်​ရည်​အ​လို​သို့​လိုက်၍၊ မိုက်​သော​အ​ကျင့်​ဓ​လေ့၌ ကျင်​လည်​ခြင်း​ငှာ၊ ငါ​ကြံ​စည်၏။ 4ကြီး​ကျယ်​သော​အ​လုပ်​ကို စီ​ရင်၍ အိမ်​တို့​ကို ဆောက်၏။ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း စိုက်၏။#၃​ရာ၊ ၁၀း၂၃-၂၇။ ၆​ရာ၊ ၉း၂၂-၂၇။ 5ဥ​ယျာဉ်​အ​မျိုး​မျိုး​ကို ပြု​စု၍၊ ခပ်​သိမ်း​သော အ​သီး​မျိုး​ကို​သီး​သော​အ​ပင်​တို့​ကို​လည်း စိုက်၏။ 6သစ်​ပင်​မျိုး​နှင့် ပြည့်​စုံ​သော​တော​ကို ရေ​လောင်း​စ​ရာ​ဖို့ ရေ​ကန်​တို့​ကို​လည်း လုပ်၏။ 7ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​တို့​ကို သိမ်း​ယူ၍၊ ကျွန်​သား​ပေါက်​များ​လည်း ရှိ​ကြ၏။ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​တို့​နှင့် အ​လွန်​ရ​တတ်၏။ 8ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့်​ဆိုင်​သော ဘ​ဏ္ဍာ၊ ကျေး​ရွာ​တို့၌​ခွဲ​သော အ​ခွန်​ကို​လည်း​ကောင်း ငါ​ဆည်း​ပူး၏။ အ​ငြိမ့်​သ​မား ယောက်ျား​မိန်း​မ​တို့​ကို​လည်း​ကောင်း၊ လူ​သား​တို့ ပျော်​မွေ့​တတ်​သော ကြင်​ရာ မိန်း​မ​မောင်း​မ​မိဿံ​တို့​ကို​လည်း​ကောင်း ငါ​သိမ်း​ယူ၏။ 9ထို​သို့ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိုး​ပွား၍ ကြီး​မြင့်​ခြင်း​သို့ ရောက်၏။ ငါ့​ပ​ညာ​လည်း တည်​လျက်​ရှိ၏။ 10ငါ့​မျက်​စိ​တပ်​မက်​လို​ချင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ငြင်း၊ ငါ့​စိတ်​ရွှင်​လန်း​စ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပယ်။ ငါ​ကြိုး​စား​သ​မျှ​တို့၌ ဝမ်း​မြောက်​လျက်​ရှိ၍၊ ကြိုး​စား​ခြင်း​အ​ကျိုး​ကို ခံ​ရ၏။ 11ထို​အ​ခါ ငါ​စီ​ရင်​ပြု​ပြင်​သ​မျှ၊ ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့​ကို ငါ​ကြည့်​ရှု၍၊ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။ နေ​အောက်​မှာ​ကောင်း​သော​အ​ကျိုး တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။
ပ​ညာ​နှင့်၀မ်း​မြောက်​ခြင်း
12တစ်​ဖန်​ငါ​လှည့်၍ ပ​ညာ​တ​ရား​ကို​လည်း​ကောင်း၊ လျှပ်​ပေါ်​ခြင်း​နှင့် မိုက်​မဲ​ခြင်း​တ​ရား​တို့​ကို​လည်း​ကောင်း ဆင်​ခြင်၏။ ရှင်​ဘု​ရင်​နောက်​မှာ​ဖြစ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ပြု​ဖူး​သည်​အ​တိုင်း​သာ ပြု​နိုင်၏။ 13သို့​ရာ​တွင်၊ အ​လင်း​သည် မှောင်​မိုက်​ထက်​မြတ်​သ​ကဲ့​သို့၊ ပ​ညာ​သည် မိုက်​မဲ​ခြင်း​ထက် မြတ်​သည်​ကို ငါ​သိ​မြင်၏။ 14ပ​ညာ​ရှိ​သော​သူ၏​မျက်​စိ​တို့​သည် သူ၏​ဦး​ခေါင်း၌ ရှိ၏။ မိုက်​သော​သူ​မူ​ကား၊ မှောင်​မိုက်၌ ကျင်​လည်​တတ်၏။ သို့​သော်​လည်း ထို​သူ​အ​ပေါင်း​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်​သည်​ကို ငါ​ရိပ်​မိ၏။ 15သို့​ဖြစ်၍၊ မိုက်​သော​သူ​တွေ့​ကြုံ​သ​ကဲ့​သို့၊ ငါ​သည်​တွေ့​ကြုံ​လျှင်၊ အ​ဘယ်​ကြောင့် သူ့​ထက်​သာ၍ ပ​ညာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း၊ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟူ​လည်း​ကောင်း ငါ​အောက်​မေ့၏။ 16ယ​ခု​ဖြစ်​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို နောင်​ကာ​လ၌ မေ့​လျော့​လိမ့်​မည်​ဖြစ်၍၊ မိုက်​သော​သူ​သည် အ​စဉ်​မ​အောက်​မေ့​သ​ကဲ့​သို့၊ ပ​ညာ​ရှိ​သော​သူ​ကို​လည်း အ​စဉ်​မ​အောက်​မေ့​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​သေ​သ​ကဲ့​သို့ သေ​တတ်​ပါ​သည်​တ​ကား။ 17ထို​ကြောင့်၊ အ​သက်​ရှင်​ခြင်း​ကို ငါ​ငြီး​ငွေ့၏။ နေ​အောက်​မှာ ပြု​သော​အ​မှု​သည် ငါ၌​ခက်​ခဲ၏။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။
18ထို​မှ​တစ်​ပါး၊ ငါ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​ငြီး​ငွေ့​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​အ​မှု​ကို ငါ့​နောက်​မှ ဖြစ်​လ​တ္တံ့​သော​သူ​အ​ဖို့ ငါ​ချန်​ထား​ရ​မည်။ 19ထို​သူ​သည် ပ​ညာ​ရှိ​မည်​လော၊ မိုက်​မည်​လော​ဟု အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။ ထို​သူ​သည် ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ၊ နေ​အောက်​မှာ ငါ့​ပ​ညာ​ကို ထင်​ရှား​ပြ​လေ​သ​မျှ​သော​အ​မှု​တို့​ကို အ​စိုး​ရ​လိမ့်​မည်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ 20ထို​ကြောင့် နေ​အောက်​မှာ ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ မျှော်​လင့်​စ​ရာ​မ​ရှိ။ စိတ်​ပျက်​အောင် တစ်​ဖန်​ငါ​ကြံ​စည်၏။ 21အ​ကြောင်း​မူ​ကား၊ ပ​ညာ​ရှိ​လျက် သိ​ပ္ပံ​အ​တတ်​နှင့် ပြည့်​စုံ​လျက်၊ အ​မှု​အောင်​လျက် ကြိုး​စား​အား​ထုတ်​သော​သူ ဖြစ်​သော်​လည်း၊ မ​ကြိုး​စား၊ အား​မ​ထုတ်​သော​သူ​ဝင်​စ​ရာ​ဖို့ ထို​အ​မှု​ကို​စွန့်​ထား​ရ​မည်။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ဆိုး​သော​အ​မှု​ဖြစ်၏။ 22လူ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သော​အ​မှု၊ အ​လွန်​စိတ်​စွဲ​လမ်း​သော​အ​မှု၊ အ​လုံး​စုံ​တို့၌ အ​ဘယ်​အ​ကျိုး ရှိ​သ​နည်း။ 23သူ၏​နေ့​ရက်​အ​ပေါင်း​တို့​သည် ဝမ်း​နည်း​ခြင်း၊ သူ၏​အ​လုပ်​အ​ကိုင်​လည်း ငြို​ငြင်​ခြင်း​ဖြစ်၏။ ည​အ​ခါ၌​ပင် သူ၏​စိတ်​နှ​လုံး မ​ငြိမ်​ရ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ 24စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​ရာ၌ စိတ်​နှ​လုံး​ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ လူ၌​ကောင်း​သော​အ​ခွင့် မ​ရှိ။ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ၊ ထို​သို့​သော​အ​ခွင့်​ကို ရ​နိုင်​သည်​ဟု ငါ​သိ​မြင်၏။ 25ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​ဘဲ အ​ဘယ်​သူ​စား​ရ​သ​နည်း။ အ​ဘယ်​သူ ခံ​စား​ရ​သ​နည်း။ 26ရှေ့​တော်၌ ကောင်း​သော​သူ​အား ဉာဏ်​ပ​ညာ၊ သိ​ပ္ပံ​အ​တတ်​နှင့် ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ၏။ အ​ပြစ်​ရှိ​သော​သူ​အား ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ရှေ့​တော်၌ ကောင်း​သော​သူ​အား ပေး​စ​ရာ​ဖို့၊ ဆည်း​ပူး​သို​ထား​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ