YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 4:1-5

ဒေသနာကျမ်း 4:1-5 MSBU

တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ ထို့ကြောင့် အသက်ရှင်​နေ​သေး​သော​လူရှင်​တို့​ထက် သေ​လွန်​ပြီး​သော​လူသေ​တို့​ကို ငါ​ထောမနာပြု​၏​။ သို့ရာတွင် လူ​ဖြစ်​မ​လာ​သေး​သော​သူ​၊ နေ​အောက်​တွင်​ပြု​သော​မကောင်းမှု​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​တို့​ထက်​ပို၍​ကောင်း​၏​။ တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ မိုက်မဲ​သော​သူ​သည် မိမိ​လက်​ကို​ပိုက်​ထား​၍ မိမိ​အသား​ကို​စား​တတ်​၏​။