YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 7:6-11

တရားဟောရာ 7:6-11 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​အ​မျိုး​ဖြစ်၏။ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင့်​ကို​ရွေး​ချယ်​တော်​မူ​ပြီ။ သင်​သည် အ​ခြား​သော​လူ​မျိုး​ထက်​သာ၍​များ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်၍ ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်။ သင်​သည် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​နည်း၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်​သော​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​အ​ကျိန်​ကို မ​ဖျက်​လို​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​လက်​မှ အား​ကြီး​သော​လက်​တော်​နှင့် သင့်​ကို ရွေး​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မှန်​သော​ဘု​ရား၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​သော သူ​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် ပ​ဋိ​ညာဉ်​စ​ကား​တည်၍ က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား၊ ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​မှတ်​လော့။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အား​မ​နာ​ဘဲ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​တော်​မူ​မည်။ သို့​ဖြစ်၍ ယ​နေ့ ငါ​ထား​သော​စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​မည်။

တရားဟောရာ 7:6-11 Common Language Bible (BCL)

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပိုင်​သော​ကြောင့်​ထို​သို့​ဆောင်​ရွက်​ရ မည်။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့ အ​နက် သင်​တို့​ကို​မိ​မိ​၏​အ​ထူး​လူ​မျိုး တော်​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​၏။'' ``သင်​တို့​သည်​အ​ခြား​သော​လူ​မျိုး​များ​ထက် လူ​ဦး​ရေ​ပို​များ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ကို​ချစ်​၍​ရွေး​ချယ်​ခြင်း​မ​ဟုတ်။ သင်​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​လူဦး​ရေ​အ​နည်း ဆုံး​လူ​မျိုး​ဖြစ်​သည်။- သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ချစ်​၍ သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ထား​သော က​တိ​တည်​စေ​လို​တော်​မူ​သော​ကြောင့် အီ​ဂျစ် ဘု​ရင်​ထံ​ကျွန်​ခံ​ရာ​မှ​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် သင်​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ သည်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သာ လျှင် ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ သစ္စာ​တော်​တည် မြဲ​ကြောင်း​သိ​မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကို​ချစ်​၍​ပ​ညတ်​တော်​များ​ကို​လိုက်​နာ သော​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက်​ထောင် သောင်း​အ​ထိ မိ​မိ​၏​ပ​ဋိ​ညာဉ်​ကို​တည်​စေ ၍​သူ​တို့​အား​မေတ္တာ​က​ရု​ဏာ​ကို​ပြ​တော် မူ​မည်။- သို့​ရာ​တွင်​ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့ အား​ချက်​ချင်း​ဒဏ်​ခတ်​တော်​မူ​မည်။- ထို့​ကြောင့်​သင်​တို့​အား ယ​နေ့​ငါ​သွန်​သင်​ပေး အပ်​သော​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ ကျင့်​သုံး​ကြ​လော့။''

တရားဟောရာ 7:6-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို မြေကြီး​ပေါ်၌​ရှိ​သော လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် ရွေးချယ်​တော်မူ​၏​။ သင်​တို့​သည် လူမျိုး​အပေါင်း​တို့​ထက် များပြား​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​နှစ်သက်​၍ ရွေးချယ်​တော်မူ​သည်​မ​ဟုတ်​။ သင်​တို့​သည် လူမျိုး​အပေါင်း​တို့​တွင် အနည်းဆုံး​ဖြစ်​၏​။ သို့ရာတွင် ထာဝရဘုရား​သည် သင်​တို့​ကို ချစ်​တော်မူ​သောကြောင့်​လည်းကောင်း​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​ကတိ​တော်​ကို တည်​စေ​သောကြောင့်​လည်းကောင်း ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထုတ်ဆောင်​တော်မူ​၏​။ ကျွန်ခံရာ​အိမ်​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​လက်​မှ ရွေးနုတ်​တော်မူ​၏​။ သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သာလျှင် ဘုရား​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​နှင့် ပညတ်တော်​တို့​ကို​စောင့်ထိန်း​သော​သူ​တို့​အပေါ် မျိုးဆက်​တစ်ထောင်​တိုင်အောင် ပဋိညာဉ်​တည်​၍ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သည့် သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း​၊ ကိုယ်တော်​ကို မုန်းတီး​သော​သူ​တို့​ကို​ကား ပျက်စီး​စေ​ခြင်း​ဖြင့် ဒဏ်ခတ်​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​ကို​မုန်းတီး​သော​သူ​တို့​အား အလျင်အမြန် ဒဏ်ခတ်​တော်မူ​မည်​။ ထို့ကြောင့် ယနေ့ သင့်​အား ငါ​မိန့်မှာ​သော ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။