YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 7:6-11

တရားဟောရာကျမ်း 7:6-11 MSBU

အကြောင်းမူကား သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် သန့်ရှင်း​သော​လူမျိုး​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို မြေကြီး​ပေါ်၌​ရှိ​သော လူမျိုး​အပေါင်း​တို့​ထဲမှ မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​အဖြစ် ရွေးချယ်​တော်မူ​၏​။ သင်​တို့​သည် လူမျိုး​အပေါင်း​တို့​ထက် များပြား​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​နှစ်သက်​၍ ရွေးချယ်​တော်မူ​သည်​မ​ဟုတ်​။ သင်​တို့​သည် လူမျိုး​အပေါင်း​တို့​တွင် အနည်းဆုံး​ဖြစ်​၏​။ သို့ရာတွင် ထာဝရဘုရား​သည် သင်​တို့​ကို ချစ်​တော်မူ​သောကြောင့်​လည်းကောင်း​၊ သင်​တို့​၏​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​ကတိ​တော်​ကို တည်​စေ​သောကြောင့်​လည်းကောင်း ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထုတ်ဆောင်​တော်မူ​၏​။ ကျွန်ခံရာ​အိမ်​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​လက်​မှ ရွေးနုတ်​တော်မူ​၏​။ သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သာလျှင် ဘုရား​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​နှင့် ပညတ်တော်​တို့​ကို​စောင့်ထိန်း​သော​သူ​တို့​အပေါ် မျိုးဆက်​တစ်ထောင်​တိုင်အောင် ပဋိညာဉ်​တည်​၍ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သည့် သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း​၊ ကိုယ်တော်​ကို မုန်းတီး​သော​သူ​တို့​ကို​ကား ပျက်စီး​စေ​ခြင်း​ဖြင့် ဒဏ်ခတ်​သော​ဘုရား​ဖြစ်​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​ကို​မုန်းတီး​သော​သူ​တို့​အား အလျင်အမြန် ဒဏ်ခတ်​တော်မူ​မည်​။ ထို့ကြောင့် ယနေ့ သင့်​အား ငါ​မိန့်မှာ​သော ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။