YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 7

7
သ​တိ​ပေး​ခြင်း
1သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွင်း​လျက်၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​နာ​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တည်း​ဟူ​သော၊ သင့်​ထက်​ကြီး​မြင့်​များ​ပြား​သော လူ​မျိုး​ခု​နစ်​မျိုး​တို့​ကို သင့်​ထံ​က​နှင်​ထုတ်၍၊#တ၊ ၁၃:၁၉။ 2တစ်​ဖန် သင့်​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ သူ​တို့​ကို​လုပ်​ကြံ၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ၊ က​ရု​ဏာ​ကို​မ​ပြ​ရ။
3သူ​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ သင်၏​သ​မီး​ကို သူ၏​သား​နှင့်​လည်း​ကောင်း၊ သင်၏​သား​ကို သူ၏​သ​မီး​နှင့်​လည်း​ကောင်း ထိမ်း​မြား​ပေး​စား​ခြင်း​ကို မ​ပြု​ရ။ 4အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သင်၏​သား​ကို ငါ၌​မ​ဆည်း​မ​ကပ်​စေ​ဘဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား ဝတ်​ပြု​စေ​ခြင်း​ငှာ သွေး​ဆောင်​ကြ​လိမ့်​မည်။ ထို​အ​ခါ အ​မျက်​ထွက်၍ သင်​တို့​ကို ချက်​ချင်း​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ 5သို့​ဖြစ်၍၊ သူ​တို့၌ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။ ထု​သော​ရုပ်​တု ဆင်း​တု​များ​ကို မီး​ရှို့​ရ​မည်။#တ​ရား၊ ၁၂:၃။ 6အ​ကြောင်း​မူ​ကား၊ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​အ​မျိုး​ဖြစ်၏။ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင့်​ကို​ရွေး​ချယ်​တော်​မူ​ပြီ။#ထွ၊ ၁၉:၅၊ တရား၊ ၄:၂၀၊ ၁၄:၂၊ ၂၆:၁၈၊ တိ၊ ၂:၁၄၊ ၁ ပေ၊ ၂:၉။ 7သင်​သည် အ​ခြား​သော​လူ​မျိုး​ထက်​သာ၍​များ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်၍ ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်။ သင်​သည် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​နည်း၏။ 8ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်​သော​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​အ​ကျိန်​ကို မ​ဖျက်​လို​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​လက်​မှ အား​ကြီး​သော​လက်​တော်​နှင့် သင့်​ကို ရွေး​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ပြီ။ 9သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မှန်​သော​ဘု​ရား၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​သော သူ​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် ပ​ဋိ​ညာဉ်​စ​ကား​တည်၍ က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား၊#ထွ၊ ၂၀:၅-၆၊ ၃၄:၆-၇၊ တော၊ ၁၄:၁၈၊ တရား၊ ၅:၉-၁၀။ 10ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သိ​မှတ်​လော့။ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အား​မ​နာ​ဘဲ၊ သူ​တို့​မျက်​မှောက်၌ အ​ပြစ်​ပေး​တော်​မူ​မည်။ 11သို့​ဖြစ်၍ ယ​နေ့ ငါ​ထား​သော​စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​မည်။
12ထို​ပ​ညတ်​တို့​ကို သင်​သည် ကျင့်​ဆောင်​အံ့​သော​ငှာ နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​နှင့် က​ရု​ဏာ​တော်​ကို စောင့်​တော်​မူ​မည်။ 13သင့်​ကို​ချစ်​သ​ဖြင့် ကောင်း​ချီး​ပေး၍ များ​ပြား​စေ​တော်​မူ​မည်။ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​ဖွား​မြင်​သော သား​တို့​ကို​လည်း​ကောင်း၊ သင်၏​မြေ​အ​သီး​အ​နှံ၊ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ နွား၊ အ​စီး​အ​ပွား၊ သိုး​စု​တို့​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​မည်။ 14သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။ 15ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။ 16သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အပ်​ပေး​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ရ​မည်။ သင်၏​မျက်​စိ​သည် သူ​တို့​ကို​မ​သ​နား​ရ။ သူ​တို့​ဘု​ရား​အား ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။#တရား၊ ၁၁:၁၃-၁၇။ 17ထို​လူ​မျိုး​တို့​သည် ငါ့​ထက်​သာ၍​များ၏။ ငါ​သည်​သူ​တို့​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​မည်​နည်း​ဟု သင်​သည်​စိတ်​ထဲ​မှာ အောက်​မေ့​လျက်၊ 18သူ​တို့​ကို​မ​ကြောက်​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး၌ ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ 19ကိုယ်​တိုင်​မြင်၍ ကြီး​စွာ​သော​စုံ​စမ်း​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နုတ်​ဆောင်​သော​အ​ခါ၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း စေ့​စေ့​အောက်​မေ့​ရ​မည်။ ထို​နည်း​တူ၊ သင်​ကြောက်​တတ်​သော လူ​မျိုး​ရှိ​သ​မျှ​တို့၌ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​မည်။ 20ထို​မှ​တစ်​ပါး၊ ကျန်​ကြွင်း၍ ပုန်း​ရှောင်​လျက်​နေ​သော​သူ​တို့​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ပျား​တူ​များ​ကို သူ​တို့​တွင်​စေ​လွှတ်​တော်​မူ​မည်။ 21သူ​တို့​ကြောင့် ထိတ်​လန့်​ခြင်း​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ တန်​ခိုး​ကြီး၍ ကြောက်​မက်​ဖွယ်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ရှိ​တော်​မူ၏။ 22သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ထံ​က​တ​ရွေ့​ရွေ့ နှင်​ထုတ်​တော်​မူ​လိမ့်​မည်။ တော​သား​ရဲ​တို့​သည် သင့်​တစ်​ဖက်၌ များ​ပြား​မည်​ကို စိုး​ရိမ်၍၊ သူ​တို့​ကို​ချက်​ချင်း မ​ပယ်​မ​ရှား​သင့်။ 23သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင်၌​အပ်၍၊ သူ​တို့​မ​ပျက်​စီး​မီ​တိုင်​အောင်၊ ကြီး​စွာ​သော​ပျက်​စီး​ခြင်း​ကို စီ​ရင်​တော်​မူ​မည်။ 24သူ​တို့​ရှင်​ဘု​ရင်​များ​ကို​လည်း သင့်​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ဘွဲ့​နာ​မ​ကို​ပင် ကောင်း​ကင်​အောက်​မှာ ပယ်​ရှင်း​ရ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ရာ။ 25သူ​တို့​ထု​သော ရုပ်​တု​ဆင်း​တု​ဘု​ရား​များ​ကို မီး​ရှို့​ရ​မည်။ ရုပ်​တု​ဆင်း​တု၌​ပါ​သော ရွှေ​ငွေ​ကို မ​တပ်​မက်​ရ၊ မ​သိမ်း​မ​ယူ​ရ။ ယူ​လျှင် အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ 26စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင့်​အိမ်​ထဲ​သို့​မ​သွင်း​ရ။ သွင်း​လျှင်၊ သင်​သည် ထို​အ​ရာ​ကဲ့​သို့ ကျိန်​အပ်​သော​အ​ရာ​ဖြစ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ ထို​သို့​သော​အ​ရာ​ကို သင်​သည် အ​ကြွင်း​မဲ့​စက်​ဆုပ်​ရွံ​ရှာ​ရ​မည်။ ကျိန်​အပ်​သော​အ​ရာ​ပင် ဖြစ်​ပေ၏။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ