YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 6:20-25

တရားဟောရာ 6:20-25 Judson Bible (JBMLE)

နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊ သင်​က၊ ငါ​တို့​သည်​အဲ​ဂု​တ္တု​ပြည်၌ ဖာ​ရော​ဘု​ရင်၏​ကျွန်​ဖြစ်၍​နေ​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​နှင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကြီး​မား​ခက်​ထန်​သော​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သ​ရဲ​တို့​ကို အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ဖာ​ရော​ဘု​ရင်​နှင့် နန်း​တော်​သား​တို့​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​တို့​မျက်​မှောက်၌ ပြု​တော်​မူ​ပြီး​လျှင်၊ ငါ​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့​သွင်း၍ နေ​ရာ​ချ​ခြင်း​အ​လို့​ငှာ၊ ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​တိုင်​အောင် ကျေး​ဇူး​ပြု​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​အ​သက်​ကို​စောင့်​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ကိုယ်​အ​ကျိုး​ကို​ထောက်၍၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​လျက်၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ကျင့်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ၏။ သို့​ဖြစ်၍ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ရှေ့​တော်၌​ကျင့်​စောင့်​ခြင်း​ငှာ သ​တိ​ပြု​လျှင်၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​ရ​မည်။

တရားဟောရာ 6:20-25 Common Language Bible (BCL)

``နောင်​အ​ခါ​၌​သင်​တို့​၏​သား​သ​မီး​တို့​သည် သင်​တို့​အား`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က ဤ​ပ​ညတ်​ရှိ​သ​မျှ​ကို​အ​ဘယ် ကြောင့်​ပြ​ဋ္ဌာန်း​တော်​မူ​ရ​သ​နည်း' ဟူ​၍ မေး ကြ​လျှင်၊- `ငါ​တို့​သည်​အီ​ဂျစ်​ပြည်​ဘု​ရင်​ထံ​တွင်​ကျွန် ခံ​ခဲ့​ရ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​သည်​မဟာ တန်​ခိုး​တော်​ဖြင့်​ငါ​တို့​အား​ကယ်​ဆယ်​ခဲ့ ၏။- ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ အား​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​နှင့်​မှူး​မတ် အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​လည်း​ကောင်း နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​၍​ကြောက်​မက်​ဖွယ်​သော ဘေး​ဥပဒ်​များ​ကျ​ရောက်​စေ​တော်​မူ​ခဲ့​ပုံ​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။- ငါ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ သည့်​အ​တိုင်း ငါ​တို့​ကို​အီဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​လွတ်​မြောက်​စေ​ပြီး​လျှင် ဤ​ပြည် တွင်​နေ​ထိုင်​ရန်​ပို့​ဆောင်​တော်​မူ​၏။- ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။- ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​နာ​ခံ​လျှင် ကိုယ်​တော်​သည်​ငါ တို့​၏​နိုင်​ငံ​ကို​အ​စဉ်​စောင့်​ရှောက်​၍​သာ​ယာ ဝ​ပြော​စေ​တော်​မူ​မည်။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​ပ​ညတ်​တော်​မူ​သ​မျှ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​နှစ်​သက်​တော်​မူ​လိမ့်​မည်' ဟူ​၍ ဖြေ​ကြား​လော့။''

တရားဟောရာ 6:20-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ သင်​တို့​က​လည်း သင်​တို့​၏​သားသမီး​များ​အား ‘​ငါ​တို့​သည် အီဂျစ်​ပြည်​၌ ဖာရော​မင်းကြီး​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏​။ သို့သော် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ ထို​အချိန်​၌ ထာဝရဘုရား​သည် ငါ​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​များ​၊ ကြီးမား​၍ ကြောက်စရာ​ကောင်း​သော အံ့ဩဖွယ်အမှု​များ​ကို အီဂျစ်​ပြည်​အပေါ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​ခဲ့​၏​။ ငါ​တို့​ကို​ကား ထို​ပြည်​ကို ငါ​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့​ပို့ဆောင်​ရန် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ ယနေ့​ကဲ့သို့ ငါ​တို့​သည် အစဉ်​ကောင်းစား​၍ အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​၍ ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​ရန် ငါ​တို့​အား ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​၏​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​ရှေ့​တော်​၌ ပညတ်တော်​ရှိသမျှ​တို့​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ငါ​တို့​ကို ဖြောင့်မတ်​စေ​မည်​’​ဟု ပြောပြ​ရ​မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။